iMyanmarHouse.com - Best Property Website for Myanmar
×










Girls' Generation ကေပေါ့ပ်အဖွဲ့မှ အဖွဲ့ဝင်ဟောင်း ဂျက်စီကာသည် ၎င်း၏ချစ်သူဟု သတင်းထွက်နေသောTylerKwonဆိုသူနှင့်လက်ထပ်တော့မည်ဟူသော ကောလာဟလများကို
 အောက်တိုဘာ ၂၃ ရက်တွင် ရှင်းလင်းပြောကြားခဲ့သည်။

ဂျက်စီကာသည် အောက်တိုဘာ ၂၃ ရက်တွင် တရုတ်နိုင်ငံ  ဟိုင်နန်ဒေသ၌ ပြုလုပ်သော2014 Mission Hills WorldCelebrity Pro-AM ပွဲသို့တက်ရောက်ခဲ့ပြီးနောက်တွင် ၎င်း၏မင်္ဂလာပွဲ ကောလာဟလများကို ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။


ဂျက်စီကာသည်များမကြာသေးမီလများတွင် မီဒီယာများ၌ ဖော်ပြခဲ့သော ၎င်းမင်္ဂလာပွဲသတင်း များကို ငြင်းပယ်ခဲ့သည်ဟု တရုတ်သတင်းမီဒီယာတစ်ခုကဖော်ပြသည်။

‘‘အဲဒီသတင်းက အမှန်မဟုတ်ပါဘူး။ အခုလတ်တလောအိမ်ထောင်ပြုဖို့ အစီအစဉ် မရှိသေးပါ ဘူး။ ဒါပေမဲ့ တခြားသောမိန်းကလေးတွေလိုပဲ ကျွန်မလည်း တစ်နေ့မှာ အိမ်ထောင်ပြုမှာပါ’’ဟု ဂျက်စီကာက ပြောကြားခဲ့သည်။

ကိုရီးယား-အမေရိကန်စီးပွားရေးလုပ်ငန်းရှင် Tyler Kwon ကလည်း လတ်တလော၌ အိမ် ထောင်ပြုရန် အစီအစဉ်မရှိကြောင်း စက်တင်ဘာလကုန်တွင်ပြောကြားခဲ့သည်။ ဂျက်စီကာသည် စက်တင်ဘာ ၃၀ ရက်တွင် Girls' Generation အဖွဲ့နှင့် သက်ဆိုင်သော အနုပညာလှုပ် ရှားမှုအားလုံးမှ ရပ်နားခဲ့သူဖြစ်သည်။ 

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...   
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top