iMyanmarHouse.com - Best Property Website for Myanmar
×














အနုပညာ ပျိုးခင်း အမှတ်စဉ် (၂) ၏ ပထမအဆင့် ငါးဦးတွင် ပါဝင်ခဲ့သည့် ရွှေသမီးက အနုပညာ လုပ်ငန်း များကို ယခုထက် ပိုမို လုပ်ပြခွင့် ရချင်ကြောင်း ပြောသည်။ ညီမက ပျိုးခင်းမှာ ငါးယောက် အဆင့်အထိ ပါဝင်ခဲ့တဲ့ အတွက် ၀မ်းသာပါတယ်။ ဒါပေမဲ့ နောက်ဆုံး အဆင့် ထပ်ရွေးမှာ ဆိုတော့ သိပ်တော့ မမျှော်ရဲသေးဘူး။ ယုံကြည်ချက် ကတော့ အပြည့်အ၀ ရှိပါတယ်။ အဲဒါကြောင့်လည်း ၀င်လျှောက်ခဲ့ တာပါ။ တကယ်လို့ ထပ်ပြီး အရွေးခံ ရမယ် ဆိုရင် ညီမ လုပ်နိုင်တဲ့ အတိုင်းအတာ အထိ လုပ်သွား ပါမယ်။

ညီမရဲ့ ရည်ရွယ်ချက်က အခုလုပ်နေတာ ထက်ကို  ပိုလုပ်နိုင်တဲ့သူ ဖြစ်ချင်တာ။ အနုပညာ အလုပ်ကို ပိုလုပ်နိုင်တာကို ပြချင်တာပါ။ ညီမက အလုပ် တစ်ခုကို လုပ်ပြီ ဆိုတာနဲ့ သေချာလေး လုပ်ပါတယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို တတ်နိုင်သလောက် ကြိုးစားပြီး လုပ်တယ်။ တစ်ခါတလေတော့ မှားတာလေးတွေ ရှိချင် ရှိမယ်။ အနုပညာနဲ့ ပတ်သက်ရင်တော့ တကယ်ကို စိတ်နှစ်ပြီး လုပ်ထား ပါတယ်။ အနုပညာနဲ့ ပတ်သက်တဲ့ ၀မ်းစာ ကိုတော့ အမြဲတမ်း ဖြည့်တင်းနေ ပါတယ် ဟု ရွှေသမီးက ပြောသည်။ ရွှေသမီးသည် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ထပ်မံရွေးချယ်မည့် အနုပညာ ပျိုးခင်း အမှတ်စဉ် (၂) နောက်ဆုံး အဆင့် ရွေးချယ်ပွဲတွင် ပါဝင်ရမည် ဖြစ်ကြောင်း ပြောသည်။

Credit : the Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top