iMyanmarHouse.com - Best Property Website for Myanmar
×














အကယ်ဒမီခန့်စည်သူကို အနုပညာပျိုးခင်း၂နဲ့ ပတ်သက်ပြီး အရင်ကထက် စည်းမျဉ်းစည်းကမ်း တွေ တင်းကြပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ “ကိုယ်ရွေးလိုက်တဲ့ ၁၃ယောက်ထဲက သရုပ်ဆောင်ဖူးတဲ့သူပါသလို သရုပ်မဆောင်ဖူးသေးတဲ့သူလည်း ပါတယ်။ သရုပ်ဆောင်ပညာ တစ်ခုတည်းနဲ့ သွားရွေးလိုက်ရင်လည်း အတွေ့အကြုံမရှိတဲ့သူတွေ ခံရမှာလေ။ သူ့ရဲ့Talent အပေါ် အဓိကထားပြီး သေချာစကားပြောကြည့် ခိုင်းတယ်။

တစ်ချို့တွေကျတော့ တိုင်းရင်းသူဆိုတော့ စကားမပီတာတွေ ပါတယ်။ တစ်ချို့တွေကျတော့ လုံးဝစကားမပီတာတွေရှိတယ်။ အဲဒါတွေကျတော့ အဆင်မပြေနိုင်ပါဘူး။ သူတို့Talent ဘယ်လောက်ရှိလဲ။ အစ်ကိုတစ်ယောက်တည်း ဆုံးဖြတ်လို့ရတာ မဟုတ်ဘူးဆိုတော့ ကျန်တဲ့သူတွေ ၁၃ယောက်ထဲက ၇ယောက်ကို သူတို့ ဘယ်လိုရွေးမလဲ ရှိသေးတယ်။ ၇ယောက်ထဲကမှ သုံးယောက် ရွေးဖို့ရှိသေးတော့ အသေးစိတ် သေချာ တိုင်ပင်ရအုံးမှာပါ။ ရွေးပြီးသွားရင်လည်း ရှေ့နေတွေရှေ့မှာပဲ သေချာ စာချုပ်ချုပ်သွားမှာပါ။ စာချုပ်ထဲက အကြောင်းအရာတွေကလည်း အရင်ကထက်ပိုပြီး ခိုင်မာ၊ သေချာ ပိုကောင်းတဲ့ အရာမျိုးတွေ လုပ်သွားမယ်။”လို့ သူက ပြောပါတယ်။

ပျိုးခင်း(၁)က မင်းသမီးသုံးယောက်ဖြစ်တဲ့ အိချောပို၊ ရွှေမှုန်ရတီ၊ ယုသန္တာတင် သုံးယောက်ထဲမှာ အိချောပိုနဲ့ ရွှေမှုန်ရတီကပဲ ပျိုးခင်းမင်းသားတွေနဲ့ ဇာတ်ကားတွေ ပိုရိုက်ဖြစ်ပြီး အောင်မြင်နေကြတယ်လို့ ပရိသတ်ထင်ကြေးပေးမှုအပေါ်မှာတော့ သူက “ဒါကတော့ ဘာနဲ့တူလဲဆိုရင် လူတစ်ယောက်က ၁၀ရာခိုင်နှုန်း လောက်ကြိုးစားတယ်။ ကိုးဆယ် ရာခိုင်နှုန်းလောက် ဖြစ်သွားတာ ရှိတယ်။ ကိုးဆယ် ရာခိုင်နှုန်းလောက်ကြိုးစားပြီးမှ ၁၀ရာခိုင်နှုန်းလောက်ပဲ ဖြစ်တဲ့သူရှိတယ်။ အဲဒီလိုကွာခြားချက်တွေ ရှိတယ်။ ကုသိုလ်ကံနဲ့လည်း ဆိုင်တယ်။

 နောက်တစ်ခု ဘာပဲဖြစ်ဖြစ် အစ်ကိုကတော့ ရှုံးနိမ့်ခြင်းဆိုတာမရှိဘူး။ ကိုယ်တို့က ရလဒ်ကို အဓိက ထားတယ်။ အခု အစ်ကိုကြိုးစားတယ်။ ကြိုးစားတဲ့အတွက် အောင်မြင်တဲ့ ရာခိုင်နှုန်း မပြည့်မီသေးတဲ့အတွက် မအောင်မြင်ဘူး။ ဒါရှုံးနိမ့်တယ်လို့ သွားပြောလို့မရဘူး။ မအောင်မြင်သေးတာပဲ ရှိတယ်။ ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကိုယ်လိုချင်တဲ့ ပရိသတ်လိုချင်တဲ့ ရာခိုင်နှုန်းလောက်ကို ပြည့်မီလာပြီဆိုရင် သူအောင်မြင်သွားမှာပါ။ ကိုယ်တို့ ခံယူချက်က ဘဝမှာ ရှုံးနိမ့်ခြင်းဆိုတာ လုံးဝမရှိရဘူး။ ရှုံးနိမ့်ခြင်းအစ ဖြစ်သင့်ဖြစ်ထိုက်တာ။ ကိုယ့်ကိုယ်ကိုယ် တကယ်အရှုံးမပေးသရွေ့ မရှုံးသေးပါဘူး”တဲ့။

 ဒါဆိုရင် ယုသန္တာတင်ကို ဇာတ်ကားတွေ ခေါ်ရိုက်ဖြစ်တယ်ဆိုပေမယ့် ဇာတ်ကား တော်တော်များများမှာ မတွေ့ရတာကဘာကြောင့်လဲလို့ ထပ်မေးကြည့်လိုက်တဲ့အခါမှာတော့ “ယုသန္တာတင်နဲ့ ရိုက်ဖြစ်ပါတယ်။ ယုသန္တာတင်ကို ဒီ့ထက်ပိုပြီးတော့ ဖြစ်သွားအောင်၊ အဆင်ပြေအောင် ပိုပြီးတော့ ဈေးကွက်ကိုဝင်နိုင်အောင် အစ်ကိုတို့မှာ တာဝန်ရှိပါတယ်။ အဲဒီလို အခုပျိုးခင်း၂ပေါ်လာပြီဆိုတော့ ပျိုးခင်း၁ကိုလည်း မေ့ပစ်မှာ မဟုတ်ပါဘူး။ ပျိုးခင်း၁နဲ့၂ ပေါင်းပြီး တော့ အလှည့်နဲ့ ရိုက်နေမှာပါပဲ။ ကိုယ်မွေးထုတ်လိုက်တဲ့သူပဲ။ ပစ်ပယ်လို့မှ မရတာ။

အဓိက သူတို့ရဲ့ကြိုးစားမှု၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှု၊ နာခံမှု၊ အဓိကကတော့ အောင်မြင်ကျော်ကြားမှုနဲ့ ငွေနောက်မလိုက်ဖို့ ပိုအရေးကြီးတာပေါ့။ အဲဒီ့အပေါ်မှာ မူတည်ပြီးတော့ပဲ သူတို့လေးတွေကို အမှတ်ပေးသွားမယ်။ နာခံရင် နာခံသလို၊ ကြိုးစားရင်ကြိုးစားသလို တကယ်အောင်မြင်မှုကို ရူးသွပ်နေတဲ့သူ၊ တကယ်ကိုဖြစ်ချင်နေတဲ့စိတ် ဆာလောင်နေတဲ့သူ ကို တွန်းတင်ပေးရတာ ပိုအဓိပ္ပာယ် ရှိပါတယ်။

အဲဒီ့တော့ ယုသန္တာင်တင်ကို လည်း အစ်ကိုတို့ ဒီအတိုင်း ဒီရလဒ်အတိုင်းနဲ့တော့ သူ့ကို မကျေနပ်စေချင်ဘူး။ ကြိုးစားစေချင်တယ်။ ကိုယ်တို့ဘက်ကလည်း လုပ်ပေးသင့်တာတွေ ထပ်ပြီး လုပ်ပေးသွားမှာပါ”လို့ သူက ဆိုပါတယ်။လတ်တလောမှာတော့ ခန့်စည်သူဟာ စာရေးဆရာကြီး ဇော်ဇော်အောင်ရဲ့ သန်းခေါင်၏တစ်ခြားတစ်ဘက် ဆိုတဲ့လှို့ဝှက်ဆန်တဲ့ဇာတ်လမ်းလေးမှာ အိချောပို၊ အိသီရိချိုမောင်တို့နဲ့ အတူ သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Credit : Trend

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top