iMyanmarHouse.com - Best Property Website for Myanmar
×










စိုးရိမ်သောက ပွားနေခြင်းကြောင့် အိပ်ပျက် ညများ ဖြစ်စေသလို အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားနိုင်ခြေလည်း တိုးလာ စေနိုင်ကြောင်း လေ့လာ တွေ့ရှိခဲ့ရသည်။
 စိတ်ပူပန်မှုများပြီး ၀န်တို စိတ်ဆိုးလွယ်သည် အမျိုးသမီးများသည် အသက် ကြီးလာချိန်တွင်  ဦးနှောက် နှင့် ပတ်သက်သည့် ရောဂါများ ဖြစ်ပွားနိုင်ခြေသည် ပုံမှန် အမျိုးသမီး များထက် နှစ်ဆ ပိုများကြောင်း တွေ့ရှိရသည်။

သုတေသန စစ်တမ်း အတွက် အသက် (၃၀)၊ (၄၀) နှင့် (၅၀) ၀န်းကျင် အမျိုးသမီး (၈၀၀) ကို  လူနေမှုဘ၀ စိတ်ခံစားချက်များနဲ့ ပတ်သက်ပြီး မေးခွန်းများ မေးမြန်းခဲ့သည်။
 အဆိုပါ မေးခွန်းများတွင် စိတ်လှုပ်ရှားမှု၊ ၀န်တိုမှု၊ စိတ်ဆိုးလွယ် ၀မ်းနည်းလွယ်မှုနှင့် အပြစ်ရှိသည် ဆိုသည့် စိတ်ခံစားရမှုနှင့် ပတ်သက်သည့် လက္ခဏာများ အစ ရှိသော အာရုံကြော နှင့် ပတ်သက်သည့် မေးခွန်းများ ပါဝင်ကြောင်း သိရသည်။

 (၃၈) နှစ်ကြာ စောင့်ကြည့် လေ့လာခဲ့ အပြီးတွင် အမျိုးသမီး (၁၅၃) ယောက်မှာ စိတ်ကျခြင်း အပါအ၀င် ဦးနှောက်နှင့် ပတ်သက်သည့် ရောဂါ လက္ခဏာများ ကြုံတွေ့နေရကြောင်း တွေ့ရှိခဲ့ရသည်။
 ရှက်တတ်ပြီး တသီးတသန့် နေတတ်သည့် စိတ်ရောဂါရှင် များမှာ အယ်လ်ဇိုင်းမား ဖြစ်နိုင်သည့် အန္တရာယ် အများဆုံး ဖြစ်ကြောင်း သိရသည်။

  ကိုယ်ရည် ကိုယ်သွေး ကလည်း လူတစ်ဦးချင်း၏ အပြုအမူ ဘ၀ နေထိုင်မှု ပုံစံနှင့် စိတ်ဖိစီးမှု အပေါ် တုံ့ပြန်မှု တို့အပေါ် မူတည်ပြီး အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ခြေကို လွှမ်းမိုးမှု ရှိကြောင်း သိရသည်။

 ကမ္ဘာတစ်ဝန်း အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားမှုနှုန်းမှာ သိသိ သာသာ တိုးပွားလာသည့် အတွက် အန္တရာယ် ဖြစ်နိုင်ခြေနှင့် ကာကွယ်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်ရန် အရေးကြီးကြောင်း သိရသည်။
 အန္တရာယ် ဖြစ်နိုင်သည့် အကြောင်းခြင်း ရာများကို သိရှိ နားလည်ခြင်းသည် အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ်နိုင်ရန် သဲလွန်စ သစ်များ ရရှိနိုင်မည် ဖြစ်သည့် အတွက် လေ့လာမှုများကို သေချာ လုပ်ဆောင်ရန်မှာ အရေးကြီးကြောင်း လေ့လာမှု စစ်တမ်း ပြုစုရေး အဖွဲ့တွင် ပါဝင်သော လီနာ ဂျွန်ဆင်က ပြောသည်။

 လေ့လာမှု စစ်တမ်းကို ဗြိတိန် နိုင်ငံ အယ်လ်ဇိုင်းမား သုတေသန အဖွဲ့အစည်းမှ ဒေါက်တာ ဆိုင်မွန် ရစ်လေနှင့် အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Credit : Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top