iMyanmarHouse.com - Best Property Website for Myanmar
×









ခုနောက်ပိုင်းမှာ အောင်ရဲလင်းနဲ့အတွဲများလာပြီး ဇာတ်ကား တော်တော်များများမှာ တွေ့လာရတဲ့ နန်းဆုဦးက ပရိသတ်တွေ ထင်နေသလို အောင်ရဲလင်းနဲ့သူနဲ့က ချစ်သူမဟုတ်ပါဘူး အတွဲများလို့ လျှောက်ပြောနေကြတာပါလို့ဖွင့်ဟခဲ့သလို အချစ်ရေးကို မဖြေပါဘူးလို့ ငြင်းဆိုလိုက်ပါတယ်။  “အဲ့ဒါက ဘယ်လိုလဲဆိုတော့ ဘာမှတော့ ပြောစရာမရှိဘူး။ ပရိသတ်တွေကတော့ ပြောကြတာပါပဲ။ အတွဲများတာကြောင့်လဲ ပါတယ်။ တွေ့ရင်တော့ ပြောကြမှာပဲပေါ့နော်။ အဲ့ဒီအပေါ်မှာတော့ ညီမက ထွေထွေထူးထူး ပြောစရာမရှိပါဘူး”တဲ့။

 အနုပညာသက်တမ်း ၁ နှစ်ခွဲအတွင်းမှာ သူမ ကျင်လည်လာခဲ့တဲ့ အနုပညာအသိုင်းအ၀ိုင်းနဲ့ ပတ်သက်ပြီး “သူများတွေကတော့ ရှုပ်တယ်လို့ မြင်ကြမှာပေါ့နော်။ နန်းဆုကကျတော့ ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးပဲ နေတတ်တဲ့သူ မို့လို့လားမသိဘူး။ ပုံမှန်ပါပဲ။ ရှုပ်ထွေးတယ် ဆိုတာက ကိုယ်ရှုပ်မှလို့ ထင်တာပဲ။ အနုပညာလောကမှ မဟုတ်ပါဘူး။ ကိုယ်ရှုပ်ရင်တော့ ရှုပ်ထွေးနေမှာပဲပေါ့နော်။ ဒါပေမဲ့ အစကတည်းက အနုပညာလောကက ရှုပ်ထွေးပြီးသားလား ဘာလားတော့မသိပါဘူး။ ညီမကတော့ အစကတည်းက အေးအေးဆေးဆေးပဲ နေပါတယ်။ ကောလာဟာလဆိုတာကတော့ အနုပညာသမား တစ်ယောက်ဖြစ်တဲ့အတွက် ဘာမှကို ပြောစရာမရှိတာ။ ကောလဟာလဆိုတာကတော့ သာမာန်လူ တစ်ယောက်အနေနဲ့ ပြောကြဆိုကြမယ်။ ဒါလူ့သဘာဝပဲလေ။ လူပိုသိလေ ပိုပြောခံရလေပေါ့နော်။ ကောလဟာလကို အဲ့လိုပဲ သဘောထားပါတယ်။ ကောလဟာလက အမြဲတမ်းဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ အဲ့ဒါတွေကြောင့် စိတ်ကို ပုံမှန်ပဲထားတယ်။ ကျောင်းတက်တုန်းကလဲ ဒီတိုင်းပဲထားတယ်။ ခုလဲ ဒီတိုင်းပဲ ထားတယ်။ ဘာမှ ပြောင်းလဲတာ မရှိဘူး။ ကျောင်းမှာတုန်းကတော့ ကျောင်း၊အိမ်၊ ဆရာမ၊ သူငယ်ချင်း၊ ခုဒီအနုပညာလောကထဲမှာကျတော့ ပိုကျယ်ပြန့်လာတယ်။ ပိုပြီး ခံနိုင်ရည်ရှိရမယ်လို့ ပြောပြခဲ့ပါတယ်။

သူမဟာ လတ်တလောမှာ ရယ်ရယ်မောမော ပျော်ပျော်ပါးပါးဆိုတဲ့ ကားလေးကို ကောင်းပြည့်နဲ့ ရိုက်ကူးနေပြီး ဒီကားပြီးရင်နေတိုး ၊ အောင်ရဲလင်းတို့နဲ့ ကားတွေ ဆက်တိုက်ရိုက်ဖို့ ရှိကြောင်းသိရပါတယ်။ ပုဂံနဲ့ဘန်ကောက်ကို ကားရိုက်အနေနဲ့သွားဖို့ရှိကြောင်းကိုလည်း ဖွင့်ဟခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top