iMyanmarHouse.com - Best Property Website for Myanmar
×










ဆံပင်တွေ ပါးလာသလား
           ခါတိုင်းထက် ဆံပင် ပိုကျွတ်ကာ ဆံပင် ပါးလာပါသလား။ ထိုပြဿနာကို ဖြေရှင်းဖို့ နောက် မကျသေးပါဘူး။ သင့်ရဲ့ စားသောက်မှု ပုံစံကနေစပြီး ဆံပင်ပြုပြင် ထိန်းသိမ်းမှု ပုံစံတွေဟာ ဆံသား ကျန်းမာရေး အတွက်များစွာ အကျိုး သက်ရောက်ပါတယ်။ ဒီနေ့ခေတ်မှာ လေဆာနဲ့ ဆံပင်အသစ် ပြန်ပေါက် စေနိုင်သော်လည်း အောက်ပါရိုးရှင်းသော နည်းလမ်း တွေကလည်း ဆံသား ပါးခြင်းမှ ကာကွယ် နိုင်ပါတယ်။

၁။ ညှပ်ပစ်ပါ။

                    ဆံသားထူနေပုံ ပေါက်အောင် အလျင်မြန်ဆုံး နည်းကတော့ ဆံပင်ကို တစ်လွှာချင်းစီ အတို ညှပ်လိုက်တာပဲ ဖြစ်ပါတယ်။ ဆံပင်တိုဟာ ဆံပင်ရှည်လို အောက်ကနေ ဆွဲဆန့်ထားတဲ့ ၀ိတ်မရှိတော့ ဆံပင်သား ပိုထူသယောင် ထင်ရစေပါတယ်။ ဆံမြိတ်ချရတာ သဘောကျတယ် ဆိုရင် ဆံပင် အနောက်ဘက် လောက်က နေယူပြီးချပါ။

၂။ အရောင်တင်ပါ။

                    ဆံပင်ဖြူတွေကို အရောင် ဆိုးပစ်ပါ။ နှစ်လ(သို့) သုံးလ တစ်ခါ ဆေးဆိုးပါ။ ဆံပင် ဆေးဆိုးတဲ့ အခါ မိမိရဲ့ မူလ ဆံပင် အရောင်ထက် ဖျော့တဲ့ အရောင်ကို ရွေးချယ်ပါ။ ဒါမှသာ ဆံပင်ကျဲနေတဲ့ ဦးရေပြား နေရာတွေကို မမြင်သာစေမှာ ဖြစ်တယ်။

၃။ စေ့စေ့စပ်စပ် ရွေးချယ်ပါ။

    ခေါင်းလျှော်ရည် ရွေးတဲ့အခါ ဆံသား ပျက်စီးစေတဲ့ Sulfate နဲ့ ဂျီးချွတ် ဆေးပါတဲ့ အမျိုးအစားကို မရွေးပါနဲ့။ အဲဒါတွေက ဆံသား ပျော့ပြောင်းစေတဲ့ အဆီတွေကို ဖယ်ရှားပစ်လို့ ဖြစ်ပါတယ်။

၎။ အကူအညီ ရယူပါ။

                    ခေါင်းလျှော်ပြီးစ ဆံပင် မခြောက်ခင် ဆံပင် အရင်းနားကို ဆံပင်ပုံ သွင်းဆေး (သို့) စပရေး ဖြန်းပေးပါ။ ဆံသားနဲ့ ပတ်သက်တဲ့ အလှကုန်တွေကိုကို သုံးစွဲရာမှာ ကိုယ်နဲ့ သင့်တော်တဲ့ အမျိုးအစား တစ်မျိုးသာ တစ်သတ်မှတ်တည်း သုံးပါ။

၅။ ပြောင်းလဲကြည့်ပါ။

                    သတ္တုဘီးတွေဟာ နူးညံ့တဲ့ ဆံသားကို အပူလောင် စေတတ်ပါတယ်။ ၀က်မှင်ဘီးက အသင့်တော်ဆုံးပါ။

၆။ အအေးခံပါ။

                    ဆံပင်ကို အခြောက်ခံ စက်တွေနဲ့ သုံးတာဟာ ဆံသား ပျက်စီးစေပါတယ်။ ဘီးလိပ်နဲ့ ဆံပင်ကို ပင့်တင်ကာ သာမန် အခြောက်ခံပါ။

၇။ ဖုံးကွယ် တတ်ပါစေ။

                    ဆံပင်က ကျဲပြီး ကွက်နေလျှင် ဆံပင်တု (Extension) သုံးပါ။ သင့်ဆံပင် အရောင်နှင့် ကိုက်ညီသော ဆံပင်တုကို ရွေးချယ်ပါ။

၈။ တော်သင့်ရုံပဲ ပြင်ဆင်ပါ။

                    ဆံပင် ဖြန်းဆေးဟာ ဆံပင်ကို ပုံကျစေနိုင်ပေမယ့် အပြင်းစား မဟုတ်တဲ့ ကြာရှည်ခံတဲ့ ဖျန်းဆေးကို သုံးပါ။ ဆံပင်ဖျန်းဆေး တစ်ခုကို စမ်းသပ် ချင်တယ်ဆိုရင် မှန်ကို ဖြန်းကြည့်ပါ၊ မှန်မှာ ဘာအကြွင်းအကျန်မှ မကပ်ကျန်သင့်ပါ။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top