iMyanmarHouse.com - Best Property Website for Myanmar
×










ခုခေတ်မှာ စစ်မှန်တဲ့ သူငယ်ချင်းဆိုတာ ရှာရခက်နေပါပြီ။ ဟိုးအရင်ကတည်းက တွဲခဲ့တဲ့ သူငယ်ချင်း၊ ကျောင်းကတည်းက တွဲလာခဲ့တဲ့သူငယ်ချင်းသာ သင့်အတွက် အကောင်းဆုံးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီတော့ အဲ့ဒီလို နှစ်သက်တမ်း ရှည်ကြာစွာ တွဲလာပြီးဖြစ်တဲ့ သူငယ်ချင်းနဲ့ ကိုယ့်ရဲ့ဆက်ဆံရေးဟာ သာမာန်နဲ့ မတူနိုင်သလို ဘေးက ကြည့်လိုက်တာနဲ့ သူနဲ့ကိုယ် ဘယ်လောက်ထိ ခင်မင်လာခဲ့ပြီးပြီးဆိုတာ သိသာစေတဲ့ အချက်ကလေးတွေ ရှိနေပါတယ်။

၁။ဘေးလူတွေမသိတဲ့ ဘာသာစကား၊ ဗန်းစကားတွေနဲ့သာ အချင်းချင်းပြောနေတတ်တယ်။
ကိုယ်နဲ့ကိုယ့်သူငယ်ချင်း ဘာတွေပြောနေတယ်ဆိုတာ ဘေးကလူတွေနားထောင်ရင် သိချင်မှ သိနိုင်ပါလိမ့်မယ်။ နှစ်ဦးတည်းသိတဲ့ လျှို့ဝှက်စကားတွေကို အသစ်အသစ်သော ဗန်းစကား၊ ဘာသာစကားတွေနဲ့ တီထွင်ထားတာမို့ တစ်ခြားလူတစ်ဦးတစ်ယောက်ကမှ ဖော်ထုတ်နိုင်မှာ မဟုတ်ပါဘူး။

၂။ယောင်္ကျားလေးဆိုလို့ကတော့ တစ်ယောက်ရှေ့ တစ်ယောက်အပေါ့သွားဖို့လည်း ၀န်မလေးဘူး။
ဒါရှက်စရာကိစ္စမဟုတ်တော့ပါဘူး။ ကိုယ်နဲ့သူနဲ့ တွဲလာခဲ့တဲ့ သက်တမ်းက နည်းမှမနည်းတော့ပဲ။

၃။ ကိုယ်လုပ်လိုက်တာ နည်းနည်းမှားသွားရင်တောင် ဆောရီးပြောချင်မှ ပြောတော့မယ်။
ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်က တစ်ခြားသူတစ်ယောက်အတွက် အာရုံနောက်သွား၊ ဒေါသဖြစ်သွားနိုင်ပေမယ့် ဒီသူငယ်ချင်းနဲ့ဆိုရင်တော့ ဆောရီးလို့ ပြောနေစရာကို မလိုတော့ဘူး။

၎။တစ်ခါတစ်လေ သူ့ကိုမြင်ရတာ ကိုယ့်ကိုကိုယ် ပြန်မြင်နေရသလိုပဲ။
နှစ်ဦးသား အကြိုက်တူလို့ကတော့ ဖက်ရှင်အပြင်အဆင်အားလုံးကိုယ်နဲ့ တစ်ပုံစံတည်းတောင် ဖြစ်နေနိုင်တယ်။ ဘေးကလူတွေက ညီအစ်ကို၊ ညီအစ်မတွေလားလို့ မေးခံရနိုင်ဖွယ်တောင်ရှိတယ်။

၅။အိမ်ကိစ္စတွေ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး သူပဲသိတယ်။
ချစ်သူ ဆိုရင်တောင်မှ လျှို့ဝှက်ထားမိဦးမယ့် အရာတွေရှိမယ်။ သူငယ်ချင်းဆိုတာကတော့ ကိုယ့်အကြောင်းအားလုံးသိနေတာမို့ အိမ်တွင်းရေးကိစ္စတွေ ဆို သူကပဲ အကြံဥာဏ်ပေးလေ့ရှိတယ်။

၆။အကြောင်းအရာတစ်ခုတည်းကို တစ်ပြိုင်နက်တည်း ပြောတတ်တယ်။
နှစ်ဦးသား ဘယ်လောက်ပေါင်းလာသလဲဆိုတာ တစ်ခါတစ်လေ တစ်ပြိုင်နက်တည်း ထွက်လာတဲ့ သူတို့စကားလုံးတွေကို ကြည့်ရင်သိတာပေါ့။ တိုက်ဆိုင်မှုဆိုပေမယ့် ဒါဟာ ကြည်နူးစရာသိပ်ကောင်းပါတယ်။

၇။တစ်ခါတစ်လေ နင်တို့နှစ်ယောက်က ဘာလဲဆိုပြီးတော့တောင် လူတွေမေးကြတယ်။
စိတ်ချင်းလည်းတူ၊ တစ်ဦးနဲ့တစ်ဦး တွဲလာတဲ့နှစ်ကြာလာတာနဲ့အမျှ လူတွေကတောင် မရိုးမသားထင်လာကြတယ်။

၈။ကိုယ့်ရည်းစားက ကိုယ့်ကို နာကျင်အောင်လုပ်တိုင်း သူတို့ပါ ၀င်ခံစားတတ်ကြတယ်။
ငါ့သူငယ်ချင်းကို ထိရင် ငါနင့်ကိုသတ်မယ် ဆိုတာမျိုးတွေ ပြောချင်ပြောမိလိမ့်မယ်။ သူငယ်ချင်းအတွက် ဘာကိုမှဂရုမစိုက်တတ်တော့ဘူး။

၉။ကိုယ့်ရဲ့ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ပုံတွေ၊ မလှမပငိုယိုနေပုံတွေ အားလုံးကိုသူမြင်ဖူးတယ်။
သူငယ်ချင်းဆိုမှတော့ အေးအတူ၊ ပူအမျှပဲလေ။ သင်ပျော်နေချိန် သူလည်းပျော်လိမ့်မယ်။ သင့်စိတ်ဆင်းရဲချိန် သူက သင့်ဘေးမှာရှိနေမှာပေါ့။ အဲ့ဒီတော့ ကိုယ့်ရဲ့အဆိုးဆုံးလို့ထင်တဲ့အချိန်တွေမှာ ကိုယ့်ရဲ့အဆိုးဆုံးပုံတွေတောင် သူမြင်ဖူးထားတာ အံ့သြစရာမရှိပါဘူး။

၁၀။နှစ်ဦးသား ရင်ဖွင့်ပြီးတိုင်း ငါ့မှာနင့်လိုသူငယ်ချင်းရှိတာ အရမ်းကျေနပ်တဲ့အကြောင်း ပြောဖြစ်တယ်။
တစ်ဦးနဲ့တစ်ဦး ကိုယ့်ဒုက္ခ၊ သူ့ပြသနာတွေကို ဝေမျှပြီးချိန်တိုင်း ခုလို ကိုယ့်ဘေးမှာရှိနေပေးတဲ့အတွက် ကျေးဇူးတင်တယ်၊ ကျေနပ်တဲ့အကြောင်း တစ်နည်းနည်းနဲ့ပြောလေ့ပြလေ့ရှိတယ်။

Credit : Trend

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top