iMyanmarHouse.com - Best Property Website for Myanmar
×














ပရိသတ်တွေက တကယ်ချစ်လို့ရူးခဲ့သည် ဇာတ်ကားမှာ ပါဝင်တဲ့ သူမရဲ့ သရုပ်ဆောင်မှုတွေ လွတ်လပ်ပွင့်လင်းပြီး ချစ်စရာကောင်းတယ်လို့ အကဲ ခတ်ပေးခြင်းခံရတဲ့ မင်းသမီးကတော့ မေပဲဖြစ်ပါတယ်။ သူမဟာ ကျန်းမာရေးချို့ယွင်းမှုကြောင့် ကားရိုက်တွေ ယခုမှ ပြန်လည်ရိုက်ကူးကြောင်း သိရတာကြောင့် သူမရဲ့ ကျန်းမာရေး အခြေအနေကို မေးကြည့်လိုက်တဲ့အခါ ကျန်းမာရေးမကောင်းလို့တလလောက်နားလိုက်ရတယ်။ သီချင်းလုပ်မယ်ဆိုပြီး ကားရိုက်ကို ၂လနားလိုက်တဲ့ချိန်မှာ အူတွေရောင်ပြီး အူအတက်ခွဲလိုက်ရတယ်။ မခွဲခင်ကလဲ ၁၀ရက်လောက်စောပြီး ဆေးရုံတက်ရတယ်။ ခွဲပြီးတော့လဲ ချက်ချင်းဆင်းလို့မရဘူး။ သီချင်းတွေဘာတွေ ဆိုလို့လဲမရဘူး။ ၁၅ ရက်လောက် ဆေးရုံမှာ နေရသေးတယ်။”လို့ သူမက ပြောပါတယ်။

ခုလတ်တလော လူစိမ်းဆိုတဲ့ ဇာတ်ကားကို နေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပြီး ဂီတနဲ့ ပတ်သက်ပြီးတော့လဲ သူမက“ညီမသီချင်းခွေလေးကို ထုတ်ချင်တယ်။  ဒီလမှာ သီချင်းပြန်သွင်းမယ်။ သီချင်းက၁၂ပုဒ်ပါမယ်။ အောင်လနဲ့အတွဲ တစ်ပုဒ်ပါမယ်။ ရှေ့နှစ် ၂လပိုင်း မထွက်ဖြစ်ရင် ၅လပိုင်းမှပဲ ထွက်ဖြစ်တော့မယ်။ သင်္ကြန်ခံသွားလို့လေ။ တေးရေးတွေက အောင်လ၊ ရေမွန်၊  ဦးရွှေဂျော်ဂျော်၊ ညီမင်းခိုင်၊ ဘန်နီဖြိုး၊ နေခြည်ထွန်းထွန်းပါမယ်”တဲ့။

ခုနောက်ပိုင်းအနုပညာရှင်တွေ သူတို့စိတ်ကြိုက်ဖြစ်မယ့် မျက်နှာအနေအထား၊ ပုံစံတွေကို ပလတ်စတစ်ဆာဂျူရီလုပ်လာကြတာနဲ့ ပတ်သက်ပြီး သူမပြောသွားတာက “ညီမကတော့ သဘောကျတယ်။ ယိုးဒယားမှာဆိုလဲ အနုပညာရှင်မဟုတ်ရင် တောင်အပြင်မှာလုပ်နေကြတယ်။ လုပ်လိုက်ရင်လဲ ပိုလှသွားတာပဲရှိတယ်။ ခုနောက်ပိုင်းမှာ အကျီင်္ ဖက်ရှင်တွေထက် မျက်နှာပြင်တာက ဖက်ရှင်တစ်ခုလိုဖြစ်လာတယ်။ ညီမဆိုလဲ အသက်ကြီးလာလို့ဒီရုပ်ကို မပိုင်ဆိုင်ရတော့ရင် လှဖို့အတွက် ညီမလုပ်ချင်လဲ လုပ်မှာပဲ။

ဒါပေမဲ့နောက်ဖြစ်လာမဲ့ဆိုးကျိုးတွေတွက်ကတော့ ညီမတို့မြန်မာတွေက အရမ်းကြောက်တတ်တယ်လေ။ ညီမတို့လဲ ကြောက်တတ်တာပဲ။ ဒါပေမဲ့ ကိုရီးယားမင်းသမီးတွေဆို အသက် ၃၄ ၃၅ က ညီမတို့အရွယ်တွေလိုပဲ။ နုဖတ်နေတာပဲ။ ဒါဟာသူတို့ရဲ့ရလာဒ်လေ။ ညီမကတော့အဲ့လိုပဲထင်ပါတယ်။”လို့ ဆိုသွားပါတယ်။

Credit : Trend

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top