iMyanmarHouse.com - Best Property Website for Myanmar
×









ပြီးခဲ့သည့် ရက်သတ္တပတ်က Chris Brownဟာ သူနဲ့သူ့ချစ်သူ Karrueche တို့နှစ်ဦးသား Houston နိုက်ကလပ်တစ်ကိုဝင်ဖို့ လမ်းလျောက်လာနေချိန်အတွင်း သူ့ကို နမ်းဖို့ကြိုးစားလာခဲ့တဲ့ အမျိုးသမီးတစ်ဦးကို လက်နဲ့ တွန်းထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။

TMZ.com မှတဆင့်ရရှိခဲ့တဲ့ ဗီဒီယိုမှာ Brown ဟာ တစ်ပတ်တစ်ကြိမ် သူ့ရဲ့စိတ်ကျန်းမာရေးအတွက် ဆရာဝန်တစ်ယောက်နဲ့တွေ့ဆုံနေရတယ်လို့ သိရပြီး သူ့ဒေါသထိန်းချုပ်ဖို့အတွက် ခုလို လုပ်ဆောင်နေရတာပါတဲ့။

အဲ့ဒီနေ့တုန်းကလည်း သူ့ကိုနမ်းဖို့ သူ့ဆီဝင်ရောက်လာတဲ့ အမျိုးသမီးတစ်ဦးရောက်လာပြီး သူ့အား သွားနမ်းဖို့ လုပ်လာသည့်အချိန်မှာ နောက်တွင်အခြွေအရံတွေနဲ့ Tran နဲ့အတူ Brown က နိုက်ကလပ်ကို ဖြတ်ပြီးလျောက်နေခဲ့တာကြတာဖြစ်တယ်။ အဲဒီတော့ Brown က လုပ်သင့်မလုပ်သင့် ထည့်မစဉ်းစားတော့ဘဲ လက်ဖြင့်ချက်ချင်းပင် ပြန်လည်တွန်းထုတ်လိုက်ပါတယ်။

Houston, Limelight တွင် Brown က ဖျော်ဖြေတင်ဆက်မှုပြုလုပ်ခဲ့ပြီးသည့်နောက် ၎င်းကိစ္စဖြစ်ပွားခဲ့တာဖြစ်ပြီး တရားရုံးတွင်အရေးယူဆောင်ရွက်မှု ပြုလုပ်နေဆဲဖြစ်တယ်လို့ TWZ မှ ဖော်ပြထားတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top