iMyanmarHouse.com - Best Property Website for Myanmar
×









လူငယ် ပရိသတ်များ လက်ခံ အားပေးခဲ့ကြသည့် ကိကိနှင့် ဘန်နီဖြိုးတို့က နှစ်ယောက်တွဲ အခွေလေးဖြစ်သည့် DUO အမည်ရှိ Album ကို မုန့်ဖိုးများ စုဆောင်းပြီး ထုတ်ခဲ့ရကြောင်း ပြောသည်။

ဒီလို နှစ်ယောက်တွဲ ထုတ်ဖြစ်တာက ဘန်နီ ကလည်း သူ့မှာ သီချင်းအသစ်တွေ ရေးထားတာ ရှိတယ်။ နှစ်ယောက် တစ်ခွေ ထုတ်မလား ဆိုပြီးတော့ ထုတ်ဖြစ် သွားတာပါ။ ဒီအခွေထဲ မှာလည်း တကယ်ဖြစ်ခဲ့တဲ့ အကြောင်းလေး တွေလည်း ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၂ တုန်းကပေါ့။ ကျွန်တော် ကလည်း ရေးထားတာ ရှိတယ်။အဲဒီလိုမျိုး ခံစားချက်မျိုးကို ဘန်နီ ကလည်း ခံစားနေရတယ် ပေါ့နော်။ အလွမ်း သီချင်းလေး၊လမ်းခွဲတာပေါ့ ဒီသီချင်းလေး ပါ။ နှစ်ယောက်စလုံးရဲ့ ကိုယ်တွေ့ ခံစားချက်လေးပါ။ သီချင်း ခေါင်းစဉ်က ကမ္ဘာနှစ်ခုလို့ ခေါ်ပါတယ်။  သီချင်းတွေ ကတော့ Hip Hop နဲ့ R&B နှစ်ယောက်တွဲ ဆိုတာကတော့ သုံးပုဒ် လောက်ပါတယ်။

ကျွန်တော့်ရဲ့တစ်ကိုယ်တော် “ခေတ်လူပျို တုန်းကတော့ မြူးကြွကြွလေးနဲ့ ပျော်စရာကောင်း တယ်။ ဒီအခွေမှာတော့  နည်းနည်း ရင့်ကျက် ကလေးဆန်တဲ့ အပိုင်းနဲ့ လူကြီးဆန်တဲ့ ကြားထဲက အပိုင်းလေးကို သွားထားတယ်။ အခုတော့ Solo ပေါ့နော်။ VCD ထွက်ဖို့ကိုလည်း ကြိုးစားပါမယ်။ ဒီအခွေလေးက ကျွန်တော်နဲ့ ဘန်နီ အကောင်းဆုံးနဲ့ ကြိုးစားပြီး လုပ်ထားတဲ့ အခွေလေးပါ။ ပရိသတ်ကို အရင်ခွေထက် ပိုကောင်းတဲ့ သီချင်းတွေ ပါတယ်။ ပရိသတ် Heart ထိစေမယ့် သီချင်းတွေလည်း ပါပါတယ်။ ကျွန်တော်တို့ရဲ့မုန့်ဖိုးတွေစုပြီး လုပ်ထား တာပါ ဟု ကိကိက ပြောသည်။ ကိကိနှင့် ဘန်နီဖြိုး၏ Solo Album ကို DUO ဟု အမည်ပေးထားသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top