iMyanmarHouse.com - Best Property Website for Myanmar
×

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ၏ သမီးဖြစ်သည့် ဒါရိုက်တာ ထူးနွယ်အိမ်က ပွဲဦးထွက် လက်ရာအဖြစ် ဓာတ်လှေကား အမည်ရှိ ဇာတ်ကားကို စိတ်လှုပ်ရှားဖွယ်ရာများ ဖြစ်အောင် ဖန်တီး ရိုက်ကူးသွားမည် ဖြစ်ကြောင်း ပြောသည်။

ဒါက  ပွဲဦးထွက် ဇာတ်ကားဖြစ်တဲ့ အတွက် စိတ်လှုပ်ရှားမှု အများကြီး ရှိတယ်။ ပထမဆုံး အတွေ့အကြုံပါ။ အရင်က ဇာတ်ညွှန်း ရေးတယ် ဆိုပေမယ့် တကယ်ရိုက် ရတော့ မတူဘူးလေ။ ဇာတ်ညွှန်းရေး တာက စာတစ်ခုကိုပဲ အာရုံစိုက် ရတယ်။ ဇာတ်ကား တစ်ခုကို စီစဉ် ညွှန်ကြားမယ်ဆိုရင် အများကြီး အာရုံစိုက်ရ တော့မယ်။ ပထမဆုံး ဒါရိုက်တာ လုပ်ပြီး စရိုက်တော့မယ် ဆိုရင် ဘယ်လို ဇာတ်လမ်းမျိုး ရိုက်မလဲ စဉ်းစားတယ်။ ဟာသတွေ ဖန်စီတွေ၊ ရိုမန့်တွေကို မရိုက်ချင်တော့ ဒီဓာတ်လှေကားလို ကားမျိုးက ကိုယ်ရေးချင်တာ သိပ်ရှားတယ်။ မရှိသလောက် နည်းတယ်။ စိတ်လှုပ်ရှားဖြစ်တာ မျိုးတွေ။ ပြီးတော့ ရိုက်ကြတာ ကလည်း သိပ်မတွေ့ဘူး ပေါ့နော်။ ကိုယ်ရေးတဲ့ အထဲမှာလည်း အရမ်းနည်းတော့ ရေးလည်း ရေးချင်တယ်။ ရိုက်လည်း ရိုက်ချင်တယ်။ ဒါကလည်း ပထမဆုံး ရိုက်တဲ့ကားပါ။ အဖေက ဒါရိုက်တာ စလုပ်တော့လို့ ပြောတဲ့ အချိန်မှာ ဒီလို ဇာတ်မျိုးနဲ့ပဲ ဖွင့်ချင်တယ်ပေါ့။ ကိုယ် ပထမဆုံး စပေါက်ခဲ့တာက ပဟေဠိ နတ်သမီး ပေါ့နော်။ အဲလို ဇာတ်မျိုးရိုက်ဖို့ ကလည်း စိတ်ထဲမှာ ဖီလင်မလာဘူး ဖြစ်နေတယ်။ မုမရဘူးပေါ့။ ဇာတ်အရ သူ့မှာ ရည်ရွယ်ချက် ရှိတယ်။ နာခဲ့ရတာ တွေကြောင့် ဒါကိုပြန်ပြီး သင်ခန်းစာ ပေးတာ။ ဒီလို ပုံစံသွား ချင်လို့ ရိုက်တာပါ။ ဇာတ်လမ်း ကတော့ ရိုးပါတယ်။ ဒါပေမဲ့ တင်ဆက်ပုံဆန်း ပါတယ် ဟု ထူးနွယ်အိမ်က ပြောသည်။

ထူးနွယ်အိမ်သည် ဇာတ် ညွှန်းများ ရေးသား လာခဲ့ရာမှ ပထမဆုံး ဒါရိုက်တာ အဖြစ် “ဓာတ်လှေကား ဇာတ်ကားကို ရိုက်ကူးခြင်း ဖြစ်ကြောင်း၊ ထိုဇာတ်ကားတွင် မိုးမင်းနှင့် ဒါရိုက်တာ ညိုမင်းလွင်တို့မှ အထူးသရုပ်ဆောင်ထားပြီး နေမင်း၊ သားညီ၊ ဇံဟိန်း၊ ခိုင်နှင်းဝေ၊ ဖူးဖူး၊ ခင်မို့မို့အေး၊ မေဆူးမောင် နှင့် အခြား သရုပ်ဆောင်များ ပါဝင်ကြောင်း သိရသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top