iMyanmarHouse.com - Best Property Website for Myanmar
×











သင်အကြိုက်ဆုံး အဆိုတော်တွေက အရင်းနှီးဆုံးသူငယ်ချင်းတွေ ဖြစ်နေကြတယ်ဆိုတော့ သင့်အတွက် ကံကောင်းတာပဲ။ ဘားထဲကို Adele လှမ်းလျှောက်ဝင်လာပြီး Beyonce နဲ့ Jay Z တို့ရှိရာ ၀ိုင်းကို ရောက်သွားချိန်မှာတော့ အဲ့ဒီညလေးဟာ တော်တော်လှသွားလို့ ဆိုရမှာပေါ့။

အတိအကျပြောရရင် Adele လို အပြင်သိပ်မသွားတတ်တဲ့ အနုပညာရှင်က Beyonce က သူတို့ဆီလာဖို့ ဖုန်းဆက်လာတဲ့အချိန် မငြင်းဆန်ပဲ ရောက်ရှိလာတယ်ဆိုကတည်းက သူတို့ရဲ့ ခင်မင်မှုကို သင်တွက်နိုင်ပြီလေ။ လန်ဒန်က Harry ဘားထဲမှာ Adele ရယ် Beyonce နဲ့ Jay Z တို့ဟာ ရောက်ကတည်းက သောက်စရာရှိတာလေးတွေသောက်ရင်း စကားစမြည်ပြောဆိုနေကြပါတယ်။ အကြောင်းအရာတွေကတော့ စုံစုံလင်လင်ဖြစ်ဟန်ရှိပါတယ်။ တရင်းတနှီးရှိလှတဲ့သူတို့ကို  ပြုံးရွှင်ရယ်မောနေတဲ့ အနေအထားမျိုးနဲ့ တွေ့ရှိရတဲ့အပြင် ဟန်ဆောင်မှုကင်းကင်း ပွင့်ပွင့်လင်းလင်းရှိလွန်းတာကြောင့် အဲ့ဒီညလေးဟာ စူပါစတား သုံးဦးရဲ့ ညလေး ဖြစ်သွားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top