iMyanmarHouse.com - Best Property Website for Myanmar
×










ခွဲစိတ်ကုသမှု ခံယူပြီးတဲ့နောက် jazz ဂီတနားထောင်တဲ့ လူနာတွေဟာ နှလုံးခုန်နှုန်းကျစေနိုင်ပြီး နောက်ထပ်အကျိုးဆက်ဖြစ်တဲ့ စိုးရိမ်ပူပန်မှုကိုလည်း လျော့ကျစေတယ်လို့ မေ့ဆေးပညာရပ်ဆိုင်ရာ ၂၀၁၄ နှစ်ပတ်လည်အစည်းဝေးမှာ တင်ပြခဲ့တဲ့ လေ့လာချက်အရ သိရပါတယ်။

ခွဲစိတ်မှုကြောင့် နာကျင်မှုဝေဒနာကို သက်သာရာရစေဖို့  အပြင်အသံတွေမကြားရတဲ့၊ မ၀င်တဲ့ နားကြပ်ဟာ အထောက်အကူဖြစ်စေနိုင်တယ်လို့ သုတေသီတွေကဆိုပါတယ်။

တကယ်တော့ ခွဲစိတ်မှု ခံယူရရှိတော့မယ်ဆိုတဲ့ အတွေးက လူနာတွေအတွက် စိတ်ဖိစီးမှု နဲ့ စိုးရိမ်ကြောင့်ကျမှု ဖြစ်ပေါ်စေနိုင်တယ်လို့လည်း အဲဒီလေ့လာမှုဦးဆောင်သူ Dr. Flower Austin,D.O က ဆိုပါတယ်။ မေ့ဆေးဆရာဝန်တွေက လူနာတွေကို ခွဲစိတ်ကုသမှုပြီးပြီးချင်း အနာသက်သာစေမယ့် ဆေးကုသမှု ပေးပါတယ်။ ဒါပေမဲ့ အဲဒီကုသမှုကြောင့် ဘေးထွက်ဆိုးကျိုး အကြီးအကျယ်ဖြစ်စေနိုင်ပါတယ်။

Dr. Austin နဲ့ သူအဖွဲ့က လူနာပေါင်း ၅၆ ယောက်ကို သားအိမ်ထုတ် ခွဲစိတ်ကုသမှုကို လုပ်ဆောင်ပေးခဲ့ပြီး သူတို့ထဲက လူနာထက်ဝက် ၂၈ ယောက်ကို သက်သာရာရအောင် jazz ဂီတနားထောင်ဖို့ တာဝန်ပေးပြီး ကျန်လူနာတစ်ဝက်ကိုတော့ ဆူညံသံကင်းမဲ့၊ အပြင်သံတွေ မ၀င်နိုင်တဲ့ နားကြပ်တပ်ဆင်ထားဖို့ တာဝန်ပေးထားပါတယ်။

နားထောင်ပြီးမိနစ် ၂၀ လောက်အကြာမှာ Jazz အဖွဲ့ရဲ့ နှလုံးခုန်နှုန်းက  အသံဆူညံမှုကင်းမဲ့တဲ့ နားကြပ်တပ်ဆင်သူတွေအဖွဲ့ထက် လျော့နည်းခဲ့ပေမဲ့ မိနစ် ၃၀ ခန့်ရှိလာတဲ့အခါ အဖွဲ့နှစ်ဖွဲ့လုံးရဲ့ နှလုံးခုန်နှုန်းမှာ သိသိသာသာ လျော့ကျခဲ့ပါတယ်။ သို့ပေမဲ့ နောက်အဖွဲ့မှာတော့ ၁၀ မိနစ်လောက်နီးပါး အရင်ကသူတွေထက် နာကျင်မှု လျော့နည်းစွာ ခံစားခဲ့ရတယ်။

အဓိကရည်ရွယ်ချက်ကတော့ ဒီနည်းနဲ့ ကုသမှုပေးလို့ ရနိုင်မယ်လားဆိုတာ သိရှိလာဖို့ပဲဖြစ်တယ်လို့ Dr. Austin ကဆိုပါတယ်။ ဘယ်ဂီတအမျိုးအစားမှာ အသင့်တော်ဆုံးလဲ၊ ဘယ်လိုအချိန်မှာ ဖွင့်နားထောင်စေသင့်တယ်ဆိုတာ ဆုံးဖြတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့ အသံတိတ်ဆိတ်မှု နည်းတူ တေးဂီတဟာ လည်း အကျိုးဖြစ်ထွန်းစေသလို ဘယ်အနှောက်အယှက်မှဖြစ်စေတာ မဟုတ်ပါဘူး။ နောက်ပြီး လူနာတွေရဲ့ စိတ်ချမ်းသာမှုကိုလည်း တိုးပွားစေပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top