iMyanmarHouse.com - Best Property Website for Myanmar
×

အကယ်ဒမီဒွေးသည်ရုပ်ရှင်သရုပ်ဆောင်၊အဆိုတော်တစ်ဦးအဖြစ်ပရိသတ်အသိအမှတ်ပြုခံရ
သူတစ်ဦးဖြစ်သည်။ စက်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်သော ဒွေးသည် ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲသို့ စတင်ခြေချခဲ့ပြီး ဦးလေးဖြစ်သူ ဦးကျော်ဟိန်းကြောင့် ရုပ်ရှင်ရိုက်ဖြစ်ခဲ့
ပါသည်။ရုပ်ရှင်လောကထဲကိုနာမည်ရင်းထင်လင်းအမည်နှင့်ပထမဆုံးဝင်ရောက်ခဲ့ပြီး နောက်ပိုင်း
တွင် ဒွေးအမည်သို့ပြောင်းကာ ၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာကျော်ဟိန်း၏ “ဒုက္ခကို အရောင်ဆိုးတယ်” အမည်ရှိမူးယစ် ဆေးဝါးပညာပေးဗီဒီယိုကားနှင့်“ဝေလည်းမွှေး၊ ကြွေလည်းမွှေး”ရုပ်ရှင်ဇာတ်ကားပရိ
သတ်အသိများပြီး စတင်အောင်မြင်ခဲ့သည်။

ဗီဒီယိုကားပေါင်းများစွာနှင့်ရုပ်ရှင်ကားပေါင်းများစွာရိုက်ကူးခဲ့သောစူပါမင်းသားတစ်ယောက် ဖြစ်လာခဲ့
သည်။ ဒွေးသည် ၁၉၉၇ ခုနှစ်တွင် “အမေ့ခြေရာ”ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီရရှိခဲ့သည်။ ရုပ်ရှင်ကားကြီးပေါင်းများစွာ၊ ဗီဒီယိုကားပေါင်းများစွာ၊ ကြော်ငြာများကိုလည်း ရိုက်ကူးခဲ့ပြီး ဂီတလောကတွင်လည်း သီချင်းပေါင်းအပုဒ် ၃ဝ ကျော်ကို သီဆိုခဲ့သည်။

အချိန်မတိုင်မီ ကြွေလွင့်သွားခဲ့သည့် ဒွေးအတွက် ရုပ်ရှင်လောက တစ်ခုလုံးသာမက ပရိသတ်များပါ စိတ်မကောင်းကြီးစွာ ကရုဏာ ဖြစ်ကြရသည်။ (ဒွေးသည်နှလုံးရောဂါဖြင့် ၂ဝဝ၇ ခုနှစ်၊ ဇူလိုင် ၁၁ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၅ နာရီ၌ အမှတ် (၃၄- စီ)၊ အေးသာယာ လမ်း၊ ဘောက်ထော်နေ အိမ်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ဒွေးသည် အသက် (၄၂) နှစ်ရှိပြီဖြစ် သည်။)

Credit : Popular News

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top