iMyanmarHouse.com - Best Property Website for Myanmar
×










အသက် ၁၇ နှစ်သာ ရှိသေးတဲ့ နယူးဇီလန်သူ အဆိုတော်မလေး Lorde ရဲ့ ကျော်ကြားတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Royals” ကို San Francisco မြို့က ရေဒီယိုတွေမှာ ဖွင့်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

San Francisco မြို့ကို ကိုယ်စားပြုတဲ့ Giants ဘေ့စ်ဘော အသင်းဟာ World Series ပြိုင်ပွဲရဲ့ ပွဲစဉ်မှာ Kansas မြို့တော်ကို ကိုယ်စားပြုတဲ့ Royals အသင်းနဲ့ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ဒါကြောင့် San Francisco အခြေစိုက် Bay Area ရေဒီယိုဌာနဟာ ဘေ့စ်ဘောအသင်းကို တိုက်ခိုက်သလို ဖြစ်စေတဲ့ သီချင်းတွေ ထုတ်လွှင့်မှု ပိတ်ပင်ထားလိုက်ပါတယ်။

ပရိတ်သတ်တွေကတော့ Lorde ဟာ Kansas မြို့တော် အကြောင်းဆိုထားတာမှ မဟုတ်တာလို့ ဆိုပေမယ့်လည်း တစ်ကယ်တော့ Lorde ရဲ့ Royals သီချင်းဟာ ဘေ့စ်ဘောအသင်းအကြောင်း ဆိုထားတာဖြစ်ပါတယ်။ သူဟာ တစ်ခါတုန်းကလည်း Royals သီချင်းရေးသားစဉ်က Royals အသင်းက ကျော်ကြားတဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့ George Bratt ရဲ့ ဓါတ်ပုံကနေ အကြောင်းအရာယူ ရေးသားခဲ့ကြောင်းကို VH1 သတင်းဌာန ကို ပြောခဲ့ဖူးပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top