iMyanmarHouse.com - Best Property Website for Myanmar
×

ဂီတတစ်ခု အနုပညာ တစ်ခုကို ဖန်တီးရာတွင် ခံစား အသက်ဝင်မှုကို အဓိကထား တတ်သည့် ရေမွန် (Idiot) က Music တစ်ခုကို ဖန်တီး ရာတွင် Target မထားတတ်သည့် အတွက် တစ်ကိုယ်တော် အခွေ ထွက်ရှိရန် ကြန့်ကြာနေကြောင်း ပြောသည်။

တစ်ကိုယ်တော် အခွေ လုပ်ရတာက မျောတယ်ဗျ။ ကျွန်တော် ကတော့ အခွေတစ်ခွေ လုပ်မယ် ဆိုရင် သီချင်း (၁၂) ပုဒ်ပြည့်အောင် သီချင်းရေး ဆရာတွေ ဆီက၀ယ်၊ အဲဒီလို မဟုတ်ဘူးဗျ။ အခွေ တစ်ခွေကို ဖန်တီးမယ် ဆိုပြီး လုပ်တာ မဟုတ်ဘူး။ ဖီလင်ပါတဲ့ အချိန် သီချင်းတစ်ပုဒ် တီးလိုက်တယ်။  သီချင်းကို Arrange လုပ်တယ် ဆိုတယ်ပေါ့။ တကယ် အခွေထုတ်တဲ့ အချိန်ကျတော့ အချိန်နှစ်နှစ် သုံးနှစ်ဟ သွားရင် ဟမယ်။ ဒါလုပ်မယ် ဆိုပြီး Target ထားပြီး လုပ်တာ မဟုတ်ဘူး။ အဓိက Music ပေါ်မှာပဲ ခံစားပြီး လုပ်တော့ ဘာ Target မှမရှိဘူး။ ဘယ်နေ့မှာ ဘာပြီးရမယ် မရှိတာ။ Mood လာတဲ့ အချိန်ကို လုပ်ရတော့ အချိန်ကြာတယ်။ သီချင်းတွေ ကိုတော့ (၁၈) ပုဒ် (၁၉) ပုဒ်လောက် လုပ်ထားတယ်။ တည်ပြီးတော့မှ သီချင်းပြန်ရွေးတယ်။ အဲဒီလို လုပ်တဲ့အခါ ကျတော့ ပရိသတ်က ဘာကြိုက်မှန်း မသိတော့ဘူး။ ကိုယ်လုပ်ချင်တာ လုပ်တာ များတော့ ကြာနေတာပါ။ အခုတော့ ဖြည်းဖြည်းချင်း လက်စသတ်နေတယ် ဟု ရေမွန်က ပြောသည်။ ရေမွန်သည် ခေတ်သစ်ကျောက် ဆိုသည့်အခွေ ထွက်ရှိရန်  လက်စသတ် နေကြောင်း၊ ထိုအခွေထွက် ရှိပြီးပါက SIR ၏ One Band သို့မဟုတ်  Two Band Show ပြုလုပ်နိုင်ရန် ကြိုးစား သွားမည် ဖြစ်ကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top