iMyanmarHouse.com - Best Property Website for Myanmar
×














မိုးရာသီဂီတဆုပေးပွဲမှာ အောင်မြင်မှုတစ်ခု စိုက်ထူထားနိုင်ခဲ့တဲ့ မိစန္ဒီက ရရှိခဲ့တဲ့ဆုနဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်ပီတိတွေကို “ခုမိစန္ဒီ ရရှိခဲ့တဲ့ဆုလေးက Special Music Award of monsoon ပေါ့။ မိုးရာသီရဲ့ဂီတနဲ့ပတ်သတ်တဲ့ အထူးဆုပေါ့။ မိစန္ဒီက ပေးတာက မိစန္ဒီက ကိုယ်တိုင်ရေးတယ်။ ကိုယ်တိုင်ဆိုတယ်။ မိန်းကလေး တစ်ယောက် အနေနနဲ့ ဒီလိုလုပ်နိုင်တယ် ဆိုတာကို သူတို့က အသိအမှတ်ပြုတဲ့အနေနဲ့ပေးတာပေါ့။ အဲ့ဒီအတွက် ၀မ်းလဲဝမ်းသာပါတယ်။ အဲ့ဒီလိုကိုယ့်ကို အသိအမှတ်ပြုပေးတဲ့အတွက် ဘာပဲဖြစ်ဖြစ် နောင်အနာဂတ် ကိုယ်လျှောက်ရမဲ့လမ်းမှာ ကြိုးစားချင်တဲ့ ခွန်အားတွေဖြစ်လာတယ်။

စိတ်ဓာတ်ကျတဲ့ အခါမျိုးတွေမှာတောင်ငါ့ကို ဒီလိုမျိုး အသိအမှတ် ပြုပေးကြပါလားဆိုပြီး ပိုပြီးတော့ စိတ်ခွန်အားတွေရတာပေါ့။ ခုလို ဆုတွေပေးလာတဲ့အတွက် ကောင်းပါတယ်။ ဒီဟာတွေက ပညာရှင်တွေ ကိုယ်တိုင်ရွေးပေးတာကို ရတာဆိုတော့ ဂုဏ်လဲယူတယ်။ အဲ့လို မျိုးကလဲ မရှိသေးဘူးပေါ့နော်။ FM ကနေပေးတဲ့ ဆုတွေကလဲ ကောင်းပါတယ်။ ဒါပေမဲ့ FM ကဘယ်လိုဖြစ်လဲဆိုတော့ ပရိသတ်ရဲ့တောင်းဆိုအားဆိုတော့ ပရိသတ် ပေးတဲ့ဆုလို့ ပြောလို့ရတာပေါ့နော်။ ခုဒီဟာက ပညာရှင်တွေကိုယ်တိုင် အကဲဖြတ်ပြီးပေးတဲ့ဟာက မရှိသေးဘူးဆိုတော့ ပုံစံတစ်မျိုးလေးပေါ့။ ကောင်းပါတယ်။ FM ကပေးတော့လဲ FM ကပေးတဲ့ဆုပေါ့။ နိုင်ငံခြားမှာတောင် အမ်တီဗီ အကောင်းဆုံးဆုတွေ ဘာတွေပေးတယ်ဆိုတော့ မိုက်ပါတယ်။ ကိုယ်ကတော့ အမြဲတမ်းကြိုးစား အားထုတ်နေရမှာပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ကြိုးစားမှုလေးကို အသိအမှတ်ပြုပေးတဲ့အနေနဲ့ ဆုလေးတွေပေးတဲ့ခါကျတော့ လူငယ်တွေအနေနဲ့ အားတွေတက်စေတာပေါ့”လို့ သူမက ပြောပါတယ်။

လတ်တလော နယ်ရှိုးတွေမှာ သွားရောက်ဖျော်ဖြေဖြစ်နေသလို ပစ်တိုင်းထောင် အမ်တီဗီအတွက် ရိုက်ကူးဖြစ်နေပုံကိုလည်း သူမက “ခုက ပွင့်လင်းရာသီဆိုတော့ နယ်တွေ သွားဖြစ်တာများတယ်။ လက်ရှိမှာပြည်၊ မန္တလေး၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မေမြို့အများကြီးပဲ။ ပွင့်လင်းရာသီဆိုတော့ နယ်တွေသွားဖြစ်မယ်။ နောက် ပစ်တိုင်းထောင် အမ်တီဗီရိုက်နေတယ်။ ၃ပုဒ်ပြီးသွားပြီ။ ကိုယ်ကိုတိုင်ပဲသရုပ်ဆောင်ပါတယ်”တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top