iMyanmarHouse.com - Best Property Website for Myanmar
×



AMA ဆုပေးပွဲမှာ Selena Gomez ရဲ့ ဖျော်ဖြေတင်ဆက်မှုကြောင့် ပရိသတ်တွေရော၊ အနုပညာရှင်တွေပါ မျက်ရည်ဝဲခဲ့ကြရပါတယ်။ အထူးသဖြင့် Taylor Swift ဆိုရင် ငိုတဲ့အထိတောင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။  သီချင်းသီဆိုနေစဉ်အတွင်း သူမကိုယ်တိုင် မျက်ရည်ကျခဲ့ရတဲ့ Selena Gomez ဟာ ဒီသီချင်းအတွက် စိတ်နှစ်ပြီး ဖျော်ဖြေလိုက်ပုံရပါတယ်။

ထူးခြားချက်ကတော့ သီချင်းအဆုံးမှာ သူမက "ဘုရားသခင်ကို  ကျေးဇူးတင်ပါတယ်။ Justin ရေ နင့်ကိုငါ အရမ်းချစ်တယ်" ဆိုတဲ့ စကားပါ။ Justin Bieber နဲ့ သူမ တို့နှစ်ဦး ပြတ်လိုက်ဆက်လိုက် ဖြစ်နေပေမယ့် ဘယ်အရာကို အတည်ယူရမှန်း နားမလည်နိုင်လောက်အောင်ပါပဲ။ ခုလို ပြောပုံကို ကြည့်ရင်တော့ နှစ်ဦးပြန်အဆင်ပြေနေပြီလို့ ယူဆရမှာလား။ ဒါမှမဟုတ် Justin သူ့ဆီပြန်လာအောင် ခုလို ဖွင့်ဟလိုက်တာလား ဆိုတာ တွေးရခက်ခက်ပါ။


သီချင်းရဲ့နောက်ခံ သရုပ်ဖော်မှု အဖြစ် ပရော်ဂျက်တာမှာ ပေါ်လာတဲ့ လက်နှစ်ဖက်ဟာ Justin Bieber ရဲ့ လက်များလား ဆိုတာကလည်း အားလုံးသိချင်နေကြတဲ့ မေးခွန်းပါတဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top