iMyanmarHouse.com - Best Property Website for Myanmar
×










ကျန်းမာရေးအတွက် စားသုံးပေးသင့်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ ရှိပါတယ်။ အဲ့ဒါတွေအကြောင်း တစ်ချက်ပြောပြပေးချင်ပါတယ်။

(၁) ကြက်သွန်နီ

ကြက်သွန်နီကို အစိမ်းလိုက် စားပေးခြင်းဖြင့် ကင်ဆာရောဂါ ခုခံတိုက်ဖျက်ပေးတဲ့ အင်တီအောက်စဒင်း အများဆုံး ရရှိစေပါတယ်။ ကြက်သွန်နီကို မီးအပူရှိန်ပြင်းပြင်းဖြင့် ချက်ပြုတ်ပြင်ဆင်လိုက်မယ်ဆိုရင်တော့ ကင်ဆာရောဂါကို ခုခံပျက်ဆီးစေတဲ့ phytochemicals ရဲ့အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။ ခရမ်းချဉ်သီးတွေ၊ ထောပတ်သီးနဲ့ သွေးချိုအတွက် ငရုပ်ကောင်းနဲ့ ရောစပ်ထားတဲ့ ကြက်သွန်နီကို အစိမ်းလိုက်စားသုံးကြည့်ပါ။

(၂) ပြောင်းဖူး

အခွံဖယ်ထားတာပဲဖြစ်ဖြစ်၊ အခွံနဲ့တွဲလျက်ပဲဖြစ်ဖြစ် ပြောင်းဖူးကို ကျက်ပြီးမှသာလျှင် စားသုံးပါ။ ပြောင်းဖူးကို အချိန်ကြာချက်ထားလေလေ အရွယ်အိုမျက်စိမှုန်ပြဿနာကို ကာကွယ်တွန်းလှန်ပေးမယ့် Lutein ကဲ့သို့သော antioxidant ပမာဏမြင့်မားလာလေဖြစ်တယ်လို့ လေ့လာမှုတစ်ခုမှ တွေ့ရပါတယ်။ ပြောင်းဖူးကို အုန်းနို့ နဲ့လည်း ချက်ပြု တ်စားသုံးနိုင်ပါတယ်။

(၃) ပဲသီးအမျိုးမျိုး

သေးငယ်ပေမဲ့ စွမ်းပါတယ်။ ပဲသီးစိမ်းတွေကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းဖြင့် အစာအိမ်ကင်ဆာရောဂါ လျော့နည်းသက်သာစေပါတယ်။

(၄) ကိုက်လန်

အရွက်လိပ်စိမ်းရောင်ကော်ပီထုပ်လိုမျိုး သို့မဟုတ် ကိုက်လန်တွေမှာ  နှလုံးရောဂါအန္တရာယ် လျော့နည်းစေနိုင်တဲ့ ဗင်တာမင် စီ အပြည့်ဝပါရှိတယ်။

(၅) ပန်းမုန်လာ

ပန်းမုန်လာမှာ ကင်ဆာရောဂါခုခံကာကွယ်ပေးတဲ့ antioxidant အပြည့်အဝ ပါဝင်ပါတယ်။ ပန်းမုန်လာကို တစ်ပတ် (၅) ကြိမ်နဲ့ အဲဒီထက်ပိုစားသောသူတွေဟာ (၁၀) နှစ်အတွင်း စားသုံးလေ့မရှိသောသူတွေထက် ဆီးအိမ်ကင်ဆာဖြစ်နိုင်ချေ  ထက်ဝက်လျော့နည်းတယ်လို့ လေ့လာမှုတစ်ရပ်ကဆိုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top