iMyanmarHouse.com - Best Property Website for Myanmar
×











အနည်းဆုံးတော့ သံပုယိုရည်နွေးနွေးလေးသောက်ခြင်းက ဘယ်လောက် အကျိုးရှိကြောင်း တစ်စုံတစ်ဦးဆီမှ ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ ဟုတ်ပါတယ် မမှားပါဘူး။ သံပုယိုဟာ သောက်လို့ကောင်းသလို အာဟာရတွေရဲ့ ကြီးမားတဲ့ အရင်းအမြစ်ကြီး တစ်ခုလည်းဖြစ်ပါတယ်။ လတ်လတ်ဆတ်ဆတ် ဖျစ်ညှစ်ထားတဲ့ သံပုယိုရည်ကို နွေးရုံလေးသာရှိတဲ့ ရေနဲ့ရောပြီး မနက်အိပ်ယာထပြီးတိုင်း သောက်ပေးတာဟာ အသက်ရှည်ကျန်းမာစေမှာပါ။ သင်ဟာ ကျန်းမာသန်စွမ်းသူဖြစ်စေ သို့မဟုတ် သာမန်ရိုးရိုးလူတစ်ယောက်ဖြစ်စေ ဒီသံပုယိုရည်နွေးနွေးလေးကြောင့် အထောက်အကူဖြစ်စေမယ့် နည်းလမ်း (၅) ခုရှိပါတယ်။ အဲ့ဒါတွေကတော့

(၁) အစာချေဖျက်မှုမှာ ကူညီပေးနိုင်

သံပုယိုက အစာချေဖျက်တဲ့ အရည်ကို ထုတ်လုပ်ရာမှာ အထောက်အကူဖြစ်စေတယ်။ ဒါ့ကြောင့်နှလုံးကျွမ်းခြင်းကဲ့သို့သော အစာမကြေတဲ့ ရောဂါတွေကို သက်သာစေပါတယ်။ အစာချေမှုလမ်းကြောင်းတွေကနေ အဆိပ်အတောက်တွေ ပယ်စေတဲ့ ဗီတာမင် နဲ့ ဓာတ်ဆားဓာတ်မြောက်မြားစွာ ပါဝင်တယ်။ မနက်ခင်း သံပုယိုရည်နွေးနွေးလေးသောက်ပေးခြင်းက ကျင်ကြီးစွန့်တဲ့ လုပ်ငန်းကို ကူညီလှုံ့ဆော်ပေးတယ်လို့ လည်း ကျွမ်းကျင်ပညာရှင်တွေက ဖော်ပြထားပါတယ်။

(၂) အလေးချိန်ကျစေ

လူအတော်များများက အလေးချိန်လျော့ချတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်လာရင် မနက်ခင်း သံပုယိုနဲ့ ပျားရည်ကို ရေနွေးလေးတစ်ခွက်နဲ့တောင် ကျိန်ဆိုကြပါတယ်။ အသောက်အစား ပင်လယ်ထဲသာမျောနေပြီး ဘာအကျိုးမှ မရတဲ့အချိန်မှာ သံပုယိုတစ်ခွက်က အလေးချိန်လျော့ချခြင်းကို အမှန်တကယ် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ Pectin လို့ခေါ်တဲ့ သံပုယိုမှာပါရှိတဲ့ အမျှင်ဓာတ်က ဆာလောင်မွတ်သိပ်မှုကို ကူညီပြေပျောက်စေပါတယ်။ ဒါ့အပြင် အယ်လ်ကာလိုင်းအစားအစာ ပိုမိုသုံးဆောင်သူတွေရဲ့အလေးချိန်ဟာ ပိုမိုလျင်မြန်စွာ လျော့ကျသွားလေ့ရှိကြောင်း သုတေသနပြုချက်က သက်သေပြပါတယ်။

(၃) အရေပြားကြည်လင်တောက်ပြောင်စေ

သံပုယိုက သွေးကို သန့်စင်ပေးသည်သာမက အကျိုးကျေးဇူးအနေနဲ့ သွေးဆဲလ်အသစ်တွေ ထုတ်လုပ်ရာမှာ အကူအညီဖြစ်စေပါတယ်။ ရေနွေး၊ ပျားရည်နဲ့ ရောစပ်ထားပြီး သောက်လိုက်တဲ့အချိန်မှာ အရေပြားကို အင်အားသစ်ပြန်လည်ပြည့်စေခြင်း၊ ဘက်တီးရီးယား ပိုးမွားခုခံပေးခြင်းနဲ့ အသားဓာတ်တိုးပွားစေတဲ့အရာများ ဖြစ်စေပါတယ်။

(၄) ခုခံအားမြင့်တက်စေ

ဗီတာမင်မြောက်မြားစွာနဲ့  ဖွဲ့စည်းပါဝင်တဲ့ သံပုယိုရည်နွေးနွေးလေးကို နေ့တိုင်းသောက်ပေးတာဟာ ခန္ဓာကိုယ်မှ ထုတ်ပေးတဲ့ ချွဲသလိပ်တွေကို လျော့ချပေးတယ်။ ၎င်းရဲ့ပိုတက်စီယမ်ဓာတ်ကလည်း အာရုကြောစနစ်ကို လှုံ့ဆော်ပေးပြီး သွေးတိုးရောဂါကိုလည်းကာကွယ်ပေးတယ်။ သံပုယိုသီးတွေမှာ တွေ့ရတဲ့ ဗီတာမင်စီက ဒေါသထွက်မှုကင်းစင်ဖို့ အကျိုးဖြစ်စေပါတယ်။

(၅) အဆိပ်အတောက်များဖယ်ရှားပေး

အစောပိုင်းက ဖော်ပြထားခဲ့သလိုပဲ သံပုယိုက အစာချေဖျက်မှုဆိုင်ရာမှ ပါဝင်တဲ့ အဆိပ်အတောက်တွေကို ကူညီဖယ်ရှားပေးတယ်။ ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့အရာတွေကို လျင်မြန်စွာ ကူညီဖယ်ထုတ်ပေးဖို့ ဆီးသွားပိုများစေပါတယ်။ ဒါ့ကြောင့် ဆီးလမ်းကြောင်း ပိုမိုကျန်းမာအောင် ထိန်းသိမ်းပေးတယ်။ သံပုယိုမှာ ပါဝင်တဲ့ စီးထရိခ်အက်ဆစ်ကြောင့် ခန္ဓာကိုယ်ရဲ့အင်ဇိုင်းလှုပ်ရှားမှု အရှိန်မြင့်တက်လာပြီး အသည်းကိုလည်း လှုံ့ဆော်မှုဖြစ်စေသလို အဆိပ်အတောက်များကိုလည်း ကူညီဖယ်ရှားပေးပါတယ်။ သံပုယိုရည်ကို ဒီတိုင်းတစ်ခါတည်းသောက်သုံးဖို့ အချဉ်ဓာတ်များပြားလွန်းတာကြောင့် ရေနဲ့ရောစပ်လို့ရတယ်။ ရေအေးနဲ့ကွာခြားတာက ရေနွေးဟာ အစာချေဖျက်မှုစနစ်ကို အလွယ်တကူ ဆောင်ရွက်ပေးတာပါပဲ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top