iMyanmarHouse.com - Best Property Website for Myanmar
×














ကျွန်မတို့ ပတ်ဝန်းကျင်မှာ အမြဲ တွေ့နေမြင်နေရကျပါ ကိုယ်အလုပ်ရှုပ်နေလို့ ခလေးဂျီကျရင် ပိတ်ဆံပေးပြီး မုန့်သွားဝယ်စားဆိုပြီး ငြိမ်အောင်လုပ်တာပါ။ တကယ့်က အဲဒီ လုပ်ရပ်ကမှားပါတယ် ခလေးစိတ်ထဲမှာလဲ ငါ အဲလိုသွားလုပ်ရင် မုန့်ဖိုးရနိုင်တယ် ဆိုတဲ့ အသိစွဲသွားမှာပါ ပြီးတော့ အရွယ် နဲ့ ချိန်ပြီး ခလေးတွေကို ပိတ်ဆံပေးသုံးသင့်ပါတယ် မဟုတ်ရင် ခလေးက ငွေသုံးတတ်သွားပါလိမ့်မယ် အဲဒီအချိန်မှ ခလေးကို ပြန်ပြင်ယူလို့မရတော့ပါဘူး ခလေးက တောင်းလို့ မပေးရင် ခိုးတတ်လာပါလိမ့်မယ်

ကိုယ့်ရဲ့ တခဏငြိမ်သွားစေချင်မှု တစ်ခုက ခလေးတစ်ယောက်ကို အများကြီးပြောင်းလဲသွားစေနိုင်တယ်ဆိုတာ မိဘတွေသတိထားမိစေချင်ပါတယ်။
တကယ်က ငယ်ရွယ်တဲ့ခလေးဟာ ပိတ်ဆံဆိုတာကိုသုံးရကောင်းမှန်မသိသေး...ပါဘူး မိဘက ၀ယ်ကျွေးတာစာပြီး လိုချင်တာကိုပဲ တောင်းတတ်တာပါ။ ဒါကို မိဘတွေက စပြီး မုန့်ဖိုးပေးတယ် မုန့်သွားဝယ်စားဆိုပြီးစသင်တာပါ မပေးနဲ့လို့ မဆိုလိုပါဘူး အရွယ်နဲ့ ညီမျှတဲ့ ပိတ်ဆံကို ပေးသုံးသင့်တယ်ထင်ပါတယ် ...

ဥပမာ ၅ နှစ်အရွယ်ခလေးတစ်ယောက်ကို ကျောင်းသွားရင် မုန့်ဖိုး ၅၀၀၀ ပေးတာမျိုးပေါ့ ဒါမျိုးဆိုရင် ခလေးနဲ့ ငွေ နဲ့ မညီမျှပါဘူး အဲဒီ ခလေးကတဖြည်းဖြည်းငယ်လာမှာ မဟုတ်ပါဘူးကြီးလာမှာပါ ငယ်ငယ်တည်းက ဒီလောက် သုံးခွင့်ရထားရင် ကြီးလာရင်ပိုသုံးချင်လာမှာပါ။ အဲလို သုံးချင်လာတော့မှ ကိုယ်မပေးနိုင်ရင် ခလေးက မသုံးရရင်မနေနိုင်တော့ မိဘ မသိအောင် ပိတ်ဆံကို ယူတတ်လာပါလိမ့်မယ်။ အိမ်က ယူလို့ မရရင် အပြင်မှာ ရှာဖွေတတ်လာလိမ့်မယ်။ အဲလိုနဲ့ တဖြည်းဖြည်း နဲ့ ခလေးက ပျက်စီးသွားနိုင်ပါတယ်။

မိဘတွေအနေနဲ့ခလေးကိုငယ်ငယ်တည်းက ငွေသုံးတတ်အောင်ထက် ငွေစုတတ်အောင်သင်တာပိုကောင်းပါတယ်။ ဥပမာ ခလေးကို မုန့်ဖိုးပေးမဲ့ငွေကို ခလေးရှေ့မှာ စုဗူးထဲ ထည့်ပြတာမျိုးပါ။ ပြီးတော့ သူလိုချင်တဲ့ ကစားစရာ ပစ္စည်း စတာတွေကို သူစုထားတဲ့ ငွေကိုထုတ်ပြီး ၀ယ်ပေးတာမျိုးဆို ခလေးက သုံးဖို့ထက် စုတာကိုဝါသနာပါလာပါလိမ့်မယ်။ ပြီးတော့ ခလေးကို အသုံး နဲ့ အဖြုန်းကို ခွဲခြားတတ်အောင် သင်ပေးပြီးသာဖြစ်လာပါလိမ့်မယ်။ မိဘတွေအနေနဲ့ ခလေးတွေကို ငြိမ်ရင်ပြီးရောဆိုပြီ အရွယ်နဲ့ မလိုက်တဲ့ ငွေကို မပေးသုံးသင့်ပါဘူး ငွေဆိုတာက လူကြီးကိုပဲ ဖျက်ဆီးနိုင်တာမဟုတ်ပါဘူး ခလေးရဲ့ စိတ် ဘ၀ကိုလဲ ဖျက်ဆီးနိုင်တယ် ဆိုတာ မိဘတွေအနေနဲ့ သိထားစေချင်တာပါ။
ခလေးရဲ့စိတ်ကို ခံစားနားလည်နိုင်ပါစေ...

Credit  : Rose White

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top