iMyanmarHouse.com - Best Property Website for Myanmar
×



Pop အဆိုတော် Britney Spears ဟာ ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Charlie Ebersol နဲ့ တွဲနေတယ်လို့ သိရပါတယ်။ Charlie Ebersol ဟာ တီဗွီ အစီအစဉ် ထုတ်လုပ်သူ Dick Ebersol နဲ့ သရုပ်ဆောင် မင်းသမီး Susan Saint James တို့ရဲ့ သားဖြစ်ပါတယ်။

ကောလာဟလ အချို့နဲ့ ရင်ဆိုင်အပြီးမှာ Britney Spears ဟာ Charlie Ebersol နဲ့ တွဲရိုက်ထားတဲ့ Selfie ဓါတ်ပုံကို သူမရဲ့ Twitter အကောင့်မှာ တနင်္ဂနွေနေ့က တင်ထားခဲ့ပါတယ်။

Britney Spears ရဲ့ အနီးကပ် အုပ်ထိန်းသူဖြစ်တဲ့ သူမရဲ့ ဖခင် Jamie Spear က သူမတို့ နှစ်ယောက်ကို စီစဉ်ပေးခဲ့တာလို့ သိရပါတယ်။ Ebersol ဟာ Britney Spear ကို ဖြစ်ရပ်မှန် ပြဇာတ်တစ်ခု အတွက် ချဉ်းကပ်လာတာ ဖြစ်ပြီး Britney ရဲ့ ဖခင် Jamie က သူ့ရဲ့ သမီးနဲ့ လိုက်ဖက်တဲ့သူကို ရှာတွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


Britney Spears ဟာ သူမရဲ့ ရည်းစားဟောင်း David Lucado နဲ့ သြဂုတ်လကပဲ လမ်းခွဲခဲ့ပါတယ်။ လမ်းခွဲခဲ့တဲ့ အကြောင်းအရင်းကတော့ David Lucado က ဖောက်ပြန်ခဲ့တဲ့ အတွက် ဖြစ်တယ်လို့သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top