iMyanmarHouse.com - Best Property Website for Myanmar
×










ဒီနှစ် အကယ်ဒမီမှာ မင်းသားတန်းဝင်နေရာကနေ ၁ ကြိုပြေးနေသူဖြစ်တဲ့ အကယ်ဒမီနေတိုးက ပရိသတ်မှန်းပေးတဲ့ ဇာတ်ကားလေးတွေပါတဲ့အတွက် ဒီနှစ်အကယ်ဒမီက သူ့အတွက် ရင်ခုန်စရာဖြစ်နေပါတယ်လို့ဖွင့်ဟပြောပြလာပေမဲ့ ဘယ်သူတွေရခြင်း၊ မရခြင်းကို သိပ်စိတ်မ၀င်စားလှသလို အကယ်ဒမီထက် ပရိသတ်ကိုပေးဆပ်တဲ့ အနုပညာကိုပဲ ပိုမို အလေးအနက်ထားတဲ့အကြောင်းကို သူက “ကျွန်တော့အနေနဲ့အကယ်ဒမီနဲ့ပတ်သတ်ပြီး ဒီနှစ်ကကားတွေ လဲများတယ်။ ပရိသတ်တွေလဲ ရင်ခုန်ပေးတယ်ဆိုတော့ ကျွန်တော့အနေနဲ့ရင်ခုန်ရမဲ့ဇာတ်ကားလေး သုံးလေးကားလောက် ပါတယ်ဆိုတော့ အရင်နှစ်တွေထက် စာရင် နဲနဲတော့ ရင်ခုန်ရမယ်ပေါ့။ ကားတွေကတော့ ကြိုက်ပါတယ်။ အဓိကကတော့ ဇာတ်ကား၃ ကားထဲမှာ မှတ်မှတ်ရရ ဖြစ်တာကတော့ စေတန်ကားပေါ့။ စုန်းပြူးကတော့ ရင်ခုန်ရင် ရင်ခုန်လို့ရပါတယ်။

 ကျွန်တော့အနေနဲ့ကတော့ သရုပ်ဆောင်ပိုင်းကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကားတိုင်း လိုလိုမှာကြိုးစားထားပါတယ်။ တာဝန်ကျေအောင် လုပ်ပေးထားပါတယ်။ အကယ်ဒမီကို မျှော်လင့်မထားဘူး။ ရသည်ဖြစ်စေမရသည်ဖြစ်စေ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ပြောင်းလဲမှု မရှိပါဘူး။ အခုလက်ရှိမှာ ဘယ်သူတွေ နာမည်ထွက်နေလဲတော့ မသိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် စိတ်မ၀င်စားတဲ့အထဲမှာ အဲ့ဒီ အကယ်ဒမီပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ရိုက်တယ်။ ရိုက်ပြီးတော့ ပေးဆပ်မှုတစ်ခုကိုပဲ လုပ်ချင်တယ်။ ဘယ်သူရမယ် ဘယ်ဟာရမယ်ဆိုတဲ့ ဟာကတော့ ဒီရယူပိုင်ဆိုင်မှုက ပရိသတ်ကို ပေးဆပ်လို့ရတဲ့ ပီတိလောက် မချိုမြိန်ပါဘူး။ မလှပပါဘူး။ ကိုယ်တွေအတွက် အမှတ်တရတစ်ခု အထွဋ်အမြတ် ထားစရာတစ်ခုလို့ပဲမြင်မိပါတယ်။ ဒီအပေါ်မှာ သိပ်ပြီး တော့ serious မရှိပါဘူး။ ပရိသတ်တွေကိုတော့ ကျွန်တော့အတွက် ဒီလို အကယ်ဒမီခန့်မှန်းနိုင်တဲ့ ဇာတ်ကားတွေကို ပရိသတ်အတွက် ရိုက်ပေးနိုင်ခဲ့တာကိုက ဒါအားပေးတဲ့ ပရိသတ်တွေပေါ် အခြေခံပါတယ်။ ပရိသတ်ရဲ့ အားပေးမှုနဲ့ ကျွန်တော့ရဲ့ ကြိုးစားမှုညီမျှခြင်း ဖြစ်နိုင်ပါစေလို့ပဲ ပြောချင်ပါတယ်။”တဲ့။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top