iMyanmarHouse.com - Best Property Website for Myanmar
×














သင်တွဲနေတဲ့ သင့်ကောင်လေးက သင့်အပေါ်တကယ်ချစ်ရဲ့လား။ အတည်တွဲဖို့ စိတ်ကူးထားရဲ့လားဆိုတာ အောက်မှာ ဖော်ပြပေးထားတဲ့ အချက်လေးကို သတိထားကြည့်ရင် သိပါတယ်။ ကဲ တစ်ချက်ကြည့်လိုက်ပါဦး။

၁။သင့်ချစ်သူကောင်လေးက သင်နဲ့နှစ်ယောက်တွဲဓာတ်ပုံတွေ လူမှုကွန်ယက်တွေမှာ ဘယ်တော့မှ မတင်ဘူး။ သူငယ်ချင်းတွေနဲ့ အပျော်ရိုက်ထားတဲ့ပုံတွေ ဘယ်လောက်တင်တင် နှစ်ယောက်တွဲပုံတော့ တင်ဖို့ ကိုတော့ သင်က တင်ခိုင်းရင်တောင် အကြောင်းအမျိုးမျိုးပြ ငြင်းတတ်တယ်။

၂။သင်နဲ့အတူရှိချိန်မှာတောင်  တစ်ခြားကောင်မလေးတွေ ဘေးက ဖြတ်သွားတိုင်း မျက်လုံးကစားလိုက်တာမျိုး၊ လိုက်ကြည့်၊ လိုက်ငမ်းတာမျိုးတွေ လုပ်တတ်တယ်။

၃။သင့်ကို ဂရုစိုက်တဲ့အချိန်ဟာ သင့်ဆီက သူတို့လိုချင်တာတစ်ခုခုရှိနေတဲ့ အချိန်မျိုးပဲ။

၎။သင်နဲ့အတူရှိချိန် ပြင်ဆင်ဝတ်စားထားတာမျိုး မလုပ်ပဲ ဖြစ်သလိုနေတတ်ပေမယ့် သူ့ဘာသာသူ အပြင်သွားရင်တော့ကျော့ကျော့မော့မော့လေး ပြင်ဆင်သွားတတ်တယ်။

၅။သင်နဲ့အတူရှိနေချိန်တွေမှာ ဖုန်းပြောလိုက်၊ ဂိမ်းဆော့လိုက်လုပ်နေတတ်တယ်။ သင်ဘေးမှာ ရှိနေတယ်ဆိုတာမျိုးတောင် မေ့နေသလိုပေါ့။

၆။သင့်အတွက် သူလုပ်ပေးတဲ့ အမှတ်တရဆိုတာ ဘာမှမရှိပေမယ့် သင်ကတော့ သူ့အတွက်ဆို ဘာလုပ်ပေးရပေးရဆိုတာမျိုး။

၇။သင်နဲ့တစ်ခြားသူတွေ ယှဉ်ပြီး ရွေးလာရတဲ့အခါတိုင်း သင်ကနောက်ဆုံးမှာ အမြဲရှိနေတတ်တယ်။ တစ်ခြားလူတွေကသာ ပထမဦးစားပေးဖြစ်တတ်တယ်။

၈။သင့်မှာ ပိုက်ဆံထောနေချိန်ဆိုရင်တော့ သူဘေးမှာ တပူးကပ်ကပ်ရှိနေတတ်ပေမယ့် သင်ဘိုင်ပြတ်ပြီဆိုရင် သူလည်း သင့်ဆီမလာတော့ဘူး။

၉။သင်ကောင်းစားဖို့၊ အလုပ်အတွက်၊ ကျောင်းအတွက် စသဖြင့် အကြံဥာဏ်ပေး အကူအညီပေးတာမျိုးမရှိပေမယ့် သင့်ကို လူရှေ့သူရှေ့ပြောဆိုတတ်သလို ဝေဖန်တာမျိုးတွေတော့ သူလုပ်တတ်တယ်။

၁၀။သင်နဲ့ဘာတွေလုပ်ကြမယ်၊ ဘယ်လိုလေးနေကြမယ်ဆိုတဲ့ အနာဂတ်အကြောင်း သူဘယ်တော့မှ မဖွင့်ဟဘူး။

၁၁။သူများအတွဲတွေလို ချစ်စနိုးနာမည်လေးတွေ၊ တီတီတာတာလေးတွေ ပြောဆိုလေ့ ခေါ်လေ့မရှိဘူး။

၁၂။သူ့သူငယ်ချင်းတွေနဲ့ သင့်ကို ပေးမတွေ့သလို၊ သင့်သူငယ်ချင်းတွေနဲ့လည်း သူလိုက်မတွေ့ဘူး။ ရေရှည်အတွက် မစဉ်းစားထားတာကြောင့် ဒါတွေ အရေးမကြီးဘူးလို့ သူတွေးထားတယ်။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top