iMyanmarHouse.com - Best Property Website for Myanmar
×

ဒါရိုက်တာ ဗန်းကြီး ရိုက်ကူးနေတဲ့ “နှလုံးသား အငှားလိုက်သည်” ဇာတ်ကားကို အောင်မင်းခန့်က စံရတီမိုးမြင့် နဲ့အတူ သရုပ်ဆောင် နေပါတယ်။ ဒီဇာတ်ကားထဲ မှာ အောင်မင်းခန့် က မိခင်ဆေးကုသဖို့ အတွက် ရရာအလုပ်ကို လုပ်ကိုင်နေသူ အဖြစ် သရုပ်ဆောင် ထားပါတယ်။ ထာဝရ မန္တလေး ဇာတ်လမ်း တွဲနဲ့ ပရိသတ်တွေ အားပေး လက်ခံမှုကိုရခဲ့တဲ့ အောင်မင်းခန့်က ဒီဇာတ်ကားကို ပထမဦးဆုံး ခေါင်းဆောင်နေရာ ကနေပြီး စတင်ရိုက်ကူးခြင်း ဖြစ်ပါတယ်။

ပထမဦးဆုံး ဗီဒီယိုဇာတ်ကား ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး အောင်မင်းခန့်က
“ဒီဇာတ် ကားက ကျွန်တော်ခေါင်းဆောင် မင်းသားနေရာ ကနေပြီး သရုပ်ဆောင်ရတဲ့ ပထမ ဦးဆုံး ဇာတ်ကားလေးပါ။ ကိုယ် စပြီးရိုက်တဲ့ ဇာတ်ကားဖြစ်တဲ့ အတွက် အခု ရေတွင်းတူး အခုရေကြည်သောက် လို့တော့မရဘူး။ အခုကျွန်တော်အမှား နည်းနည်း ပါတာ မျိုးလည်း ရှိကောင်း ရှိလိမ့်မယ်။ ကျွန်တော်အ မှားနည်းအောင်လည်း ဒါရိုက်တာ ကိုဗန်းကြီးကလည်း သင် ပေးတယ်။ အမှားပါ သွားရင်လည်း သည်းခံပြီး ကြည့်ပေးပါ လို့ပြောချင် ပါတယ်။ နောက်ကားတွေ ကျရင် ဒီထက်မက အကောင်းဆုံး ဖြစ်အောင် ကြိုးစား သွားပါမယ်။ ဒီဇာတ်လေး ကလည်းကောင်းတယ်။ ပညာပေး ဇာတ်လေး လည်း ဖြစ်တယ်။ အဲဒါကြောင့် ဒါရိုက်တာ နဲ့တိုင်ပင်ပြီး ဒီဇာတ်ကား လေးကို ရိုက်ဖြစ် သွားတာပါ” လို့ ပြောပါတယ်။

လတ်တလောမှာ တော့ သင်္ကေတ ထုတ်လုပ်ရေး နဲ့နှစ်ဦး သဘောတူ စာချုပ်ချုပ်ပြီး ဇာတ်ကားတွေကို ရိုက်ကူးဖို့ အစီအစဉ် ရှိပြီး ကိုယ်လုပ်တဲ့ အလုပ်အပေါ် မှာတော့ စိုးရိမ်စိတ် မဖြစ်မိပါဘူးလို့ အောင်မင်းခန့် က ဆိုပါတယ်။ “ကျွန်တော့် အနေနဲ့ စိုးရိမ် စိတ် ဆိုတာက ကိုယ်လုပ်တဲ့ အပေါ်မှာပဲ မူတည်တယ်။ ကိုယ်လုပ်တာ မကောင်းဘူး ဆိုရင်တော့ စိုးရိမ် စိတ်ဖြစ်မိ မှာပဲ။ ကိုယ် အကောင်းဆုံး လုပ်နိုင်ပြီ ဆိုရင်တော့ စိုး ရိမ်စိတ်ဖြစ်စရာ မရှိပါဘူး။ ကျွန်တော် အရင်ကလည်း ဇာတ်လမ်းတိုတွေ ရိုက်ဖူးတယ်။ နောက်ထပ် လည်း ဇာတ် လမ်းတွဲတွေ ရိုက် ထားတယ်။ အဲဒီအတွက် သရုပ်ဆောင် ရတာတော့ အစိမ်း သက်သက်ကြီး ဖြစ်မနေဘူး။ အခု ရိုက်နေတဲ့ သင်္ကေတ ထုတ်လုပ်ရေး နဲ့ဇာတ်ကားတွေ ထပ်ရိုက်ဖို့ ရှိတယ်။

ကျွန်တော်က ဒရာမာ ရိုက်ရတာ ကြိုက်တယ်။ ပြီးတော့ အကြမ်း ကာရိုက်တာတွေ ကြိုက် တယ်။ မိုက်ကန်းကန်း ဇာတ်ရုပ်တွေလည်း ရိုက်ချင်တယ်။ ပရိသတ် အမြင် မှာတော့ တစ်ခုခုဖြစ်သွားမှာ စိုးရိမ်တယ်။ ဒါပေမဲ့ ပရိသတ်လည်း အမြင် မရိုင်းသွားရဘူး၊ ပရိသတ် ကလည်း လက်ခံသွားရမယ်။ အဲဒီလို ဇာတ် မျိုးလေးတွေ ကို ဒါရိုက်တာ နဲ့တိုင်ပင်ပြီး အကောင်း ဆုံးဖြစ်အော င်ကြိုးစားပြီး ရိုက်ကူးသွားချင်တယ်” လို့အောင်မင်းခန့် ကပြောပါတယ်။

Credit : Popular

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top