iMyanmarHouse.com - Best Property Website for Myanmar
×








ဆယ်ကျော်သက် အနုပညာရှင် ရွှေမှုန်ရတီရဲ့ သရုပ်ဆောင်ပညာနဲ့ အနုပညာလှုပ်ရှားမှုတွေဟာ တစ်ဖြည်းဖြည်း နေရာတစ်ခု ရလာခဲ့ပြီဆိုတာ ခုရုံတင်နေပြီဖြစ်တဲ့ သူမရဲ့ ပထမဆုံးရုပ်ရှင်ကားကြီး အောင်မြင်ကျော်ကြား၊ စူးရှထက်မြက်ကို ကြည့်လိုက်ရင် သိရမှာပါ။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်တစ်ချို့ကို ဖော်ထုတ်ကြည့်လိုက်တဲ့အခါ “အောင်မြင်ကျော်ကြားစူးရှထက်မြက် ရုပ်ရှင်ဇာတ်ကားကြီး ကိုကြည့်ပြီး ကိုယ့်ကိုကိုယ်လည်း တော်တော်ရယ်ရပါတယ်။ နောက်ပြီး အဲဒီ့ကားကြည့်ပြီးတော့ ကိုယ့်ကိုကိုယ် အများကြီး လိုအပ်ချက်တွေရှိသေးတယ် ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။ အောင်မြင်ကျော်ကြားစူးရှထက်မြက် က ရွှေမှုန်ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီုး ဖြစ်ပါတယ်။ ရွှေမှုန့်ရဲ့ရုပ်ကိုက အရမ်းစိတ်လှုပ်ရှားနေတယ်ဆိုတာ ပေါ်နေပါတယ်။ အဲဒီ့ကားရိုက်ခဲ့တဲ့ အချိန်မှာတောင် အရမ်းပဲ စိတ်လှုပ်ရှားခဲ့တာပါ။ ပထမဆုံးရုပ်ရှင်ကားကြီးဆိုပေမယ့် ရွှေမှုန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ရွှေမှုန့်ကို ဦးညီတို့၊ ကိုနေတိုးတို့က ဝိုင်းပြီး သင်ပေးကြပါတယ်။ နောက်ပြီး အနုပညာပျိုးခင်းက အစ်မတွေကလည်းသင်ပြပေးပါတယ်။ အဲဒီ့အတွက်လည်း ရွှေမှုန် အကောင်းဆုံး ကြိုးစားနိုင်ခဲ့တာပါ။”လို့ သူမက ပြောပါတယ်။

အနုပညာပျိုးခင်းက ညီအစ်မသုံးယောက် အတူတူရိုက်ရတဲ့ ဇာတ်ကားဖြစ်တာမို့ တစ်ယောက်နဲ့ တစ်ယောက် ပညာချင်းပြိုင်တာမျိုးတွေ ရှိခဲ့သလားဆိုတာကိုတော့ သူမက  “အဲဒီလိုမျိုး တော့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးက ရွှေမှုန်ထက် ဝါရင့်တဲ့ လူတွေချည်းပါပဲ။ ရွှေမှုန်က အခုမှ အသစ်တစ်ယောက်ပဲ ရှိပါသေးတယ်။ အဲဒီ့လို အသစ်တစ်ယောက်ဖြစ်တဲ့ ရွှေမှုန်ကို သူတို့တွေ ကလည်း ဝိုင်းပြီး သင်ပေးပါတယ်။ ရွှေမှုန့်ဘက်ကလည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ အားလုံးဆီက ပညာတွေကိုလည်း အများကြီးပဲ ရခဲ့ပါတယ်”တဲ့။

 ကိုယ့်အနေနဲ့ အခုချိန်မှာ အနုပညာဝမ်းစာဘယ်လောက်ပြည့်ဝနေပြီလဲ ဆိုတဲ့အကြောင်း မေးကြည့်လိုက်တဲ့အခါမှာတော့ “အနုပညာဝမ်းစာဖြည့်တာကတော့ ဒီလိုပဲ ရွှေမှုန်ကားတွေ ရိုက်ရင်းနဲ့ပဲ ဒါရိုက်တာတွေ၊ ရွှေမှုန်ရဲ့ဆရာတွေ၊ ဒါမှမဟုတ် ရွှေမှုန်နဲ့တူတူ ရိုက်တဲ့မင်းသားတွေ အားလုံးက သင်ပေးကြပါတယ်။ အဲဒီကနေရတဲ့ အတွေ့အကြုံတွေနဲ့ပဲ ရွှေမှုန်ရဲ့ အနုပညာ ဝမ်းစာတွေကို ဖြည့်သွားတာပါ။ ရွှေမှုန်အခုဆို အနုပညာလောကထဲ ရောက်တာ သုံးနှစ် ပြည့်တော့မှာပါ။ ရွှေမှုန် ကာရိုက်တာ မစုံသေးပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ လူအားလုံးရဲ့ စရိုက်မျိုးစုံ ပုံစံမျိုးစုံရှိကြတယ်လေ။ အဲဒီ့ထဲက ပုံစံတွေကို ရွှေမှုန်တို့က သရုပ်ဆောင် ပေးရတာဖြစ်လို့ ကာရိုက်တာက ဘယ်တော့မှ ကုန်တယ်ဆိုတာတော့ ရှိမှာ မဟုတ်ပါဘူး။ ရွှေမှုန်က အခုချိန်ထိ အသစ်တစ်ယောက်ဖြစ်နေသေးတဲ့ အတွက်ကြောင့်မို့ ကာရိုက်တာ လုံးဝမစုံသေးပါဘူး။ ရိုက်စရာ ကာရိုက်တာတွေ အများကြီးကျန်ပါသေးတယ်။ လုပ်ချင်တာတွေလည်း အများကြီးပဲ ရှိပါသေးတယ်။ ဒီ့ထက်အများကြီး ကြိုးစားသွားပါဦးမယ်”လို့ သူမက ဆိုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top