iMyanmarHouse.com - Best Property Website for Myanmar
×










ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်လေး (သို့) ကောင်မလေးကို သင့်ဖေ့စ်ဘွတ်ခ်ထဲမှာ တွေ့ထားပြီးပြီလား။ သင့်ချစ်သူကို အွန်လိုင်းကပဲရှာဖို့ ဆုံးဖြတ်ထားပြီလား။ ဒီလိုဆိုရင်တော့ သင့်အနေနဲ့ ဆောင်သင့်ရှောင်သင့်တဲ့ အချက်ကလေးတွေ ရှိလာပြီပေါ့။ သူနဲ့ကိုယ်နဲ့က အပြင်မှာလည်း မဆုံဖူးသေးတာမို့  ကိုယ်အနေနဲ့ ဘယ်လိုအချက်ကလေးတွေနဲ့ သူရဲ့စိတ်ဝင်စားမှုကို ရအောင်လုပ်မလဲဆိုတာကလည်း အရေးကြီးတာပဲလေ။

၁။ဟိုင်း၊ ဟယ်လို ဆိုပြီး ဘယ်တော့မှ သွားမခေါ်မိပါစေနဲ့။

သူက ကိုယ့်ပုံတွေမှာ Like လာလုပ်သွားတယ်၊ ကိုယ်နဲ့ပတ်သက်တဲ့စတေးတပ်စ်လေးတွေ တင်ထားမယ်၊ စသဖြင့် သင့်စိတ်ထဲ သူသင့်ကို စိတ်ဝင်စားနေမှန်း သေချာနေပြီမို့၊ ဒါမှမဟုတ်လည်း ကိုယ့်ဘက်ကစပြီး သူ့ကိုစကားစပြောသင့်ပြီလို့ ထင်နေတာမို့ သူ့ကို chat box ထဲက စကားပြောမယ်ဆိုရင် ဟိုင်း၊ ဟယ်လိုဆိုတာချည်း လေး၊ ငါးခါလောက်ပို့၊ အစပျိုးတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ ဟိုင်းဆိုတာမျိုးဟာ လူတိုင်းကိုလည်း စကားစပြေမယ်ဆို ဒီစကားလုံးကိုသာ ရွေးရတာမို့ သူ့အတွက် ထူးခြားစေမယ့်အရာ မဟုတ်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ဟိုင်း ...ဘယ်သူ၊ ဆိုပြီး သူ့နာမည်ထည့်ခေါ်ပြီး သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုခုကို မေးမြန်းတာမျိုးလေးနဲ့ စတင်လိုက်ပါ။ ဒါဆို သူလည်း ပြန်ဖြေရ၊ ပြန်ပြောရ အဆင်ပြေသွားပြီပေါ့။

၂။ကိုယ့်ဘက်က လမ်းခင်းဖို့လည်း မတွန့်ဆုတ်ပါနဲ့။

ယောင်္ကျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ငါနင့်ကို စိတ်ဝင်စားတယ်လို့ တန်းပြောဖို့ မလိုပေမယ့် တစ်ဖက်က ငါ့ကိုများ စိတ်ဝင်စားနေသလားဆိုတဲ့ အတွေးမျိုး သူတို့တွေးမိစေအောင်တော့ ကြိုးစားလို့ရပါတယ်။ ဒါကို သူက ယောင်္ကျားလေးမို့၊ သူက မိန်းကလေးမို့ အရင်စလုပ်ပါစေလို့ တွေးဖို့ မလိုအပ်တော့ပါဘူးတဲ့။

၃။ဓာတ်ပုံတင်တဲ့အခါ စိတ်ဝင်စားစရာကောင်းအောင် ရွေးချယ်တင်ပါ။

လူမှုကွန်ယက်မှာ ဓာတ်ပုံတင်တဲ့အခါ selfie တွေချည်းတင်နေတဲ့မမတွေ၊ တစ်နေရာထဲမှာပဲ ပို့စ်မျိုးစုံနဲ့ ဓာတ်ပုံရိုက်တင်နေတဲ့ ကိုကိုတွေထက် တစ်ပုံဆိုရင်ဆိုသလောက် စိတ်ဝင်စားစရာကောင်းအောင် မတူညီကွဲပြားစွာ တင်တတ်တဲ့သူတွေကသာ တစ်ဖက်လူရဲ့ အာရုံစိုက်ခြင်းကို ခံရတာပါ။ ဒါ့ကြောင့် အလှဓာတ်ပုံတစ်ပုံပြီးရင်၊ နောက်တစ်ပုံက ကိုယ့်ရဲ့အလုပ်မှာ အလုပ်လုပ်နေတုန်း၊ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားလုပ်နေတုန်း၊ ဒါမှမဟုတ် ခရီးထွက်နေတုန်းကပုံ၊ ရှုခင်းပုံ စသဖြင့် အပြောင်းအလဲလေးနဲ့ တင်တာမျိုး ဖြစ်သင့်ပါတယ်။

၎။ကိုယ့်ရဲ့ပရိုဖိုင်းဟာ ထူးခြားနေပါစေ။

သင့်ကို စိတ်ဝင်စားနေတဲ့သူကတော့ သင့်ပရိုဖိုင်းထဲက သင့်အကြောင့်ကို ၀င်ဖတ်ကို ဖတ်မှာပါ။ အဲ့ဒီအထဲက သင့်အကြောင်း ရေးသားထားတဲ့ စာတွေဟာ ရယ်စရာဟာသဖြစ်နေမယ်၊ ရိုးစင်းလွန်းနေမယ်ဆိုရင်တော့ တစ်ဖက်လူအတွက် ဒါပဲလား၊ ဒီလောက်ပဲလားဆိုတဲ့ အတွေးမျိုး ၀င်သွားပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ထူးခြားအောင် နေပါ။ တစ်ခြားလူတွေနဲ့ ကွဲပြားနေပါစေ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top