iMyanmarHouse.com - Best Property Website for Myanmar
×










ကိုယ်လုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးတဲ့သူ ဘယ်နှစ်ယောက်များရှိပါသလဲ။ မငြီးငွေ့ပဲ ပျော်ရွှင်စွာ လုပ်ကိုင်နေတဲ့သူ ဘယ်နှစ်ယောက်များ ရှိပါသလဲ။ ခုလို အလုပ်မှာ မပျော်ရွှင်ပဲ ပိုက်ဆံတစ်ခုအတွက် လုပ်နေရတဲ့အခါ စိတ်ဆင်းရဲပြီး အလုပ်သွားလေလေ၊ သင့်ဘ၀က ပိုစိတ်ဓာတ်ကျစရာ အခြေအနေ ဖြစ်လာလေလေ ဆိုတာ မယုံမရှိပါနဲ့။ ဒီတော့ အပြောင်းအလဲလေး ဖြစ်သွားအောင် သင့်ဘက်က ကြိုးစားကြည့်သင့်တဲ့ အချက် (၄) ချက်ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။အလုပ်ချိန်အတွင်းမှာ ကိုယ့်အတွက် အချိန်နည်းနည်း ဖဲ့ယူလိုက်ပါ။

ရုံးရောက်တာနဲ့၊ ကုမ္ပဏီရောက်တာနဲ့ ကွန်ပျူတာရှေ့ထိုင်၊ ထမင်းစားချိန်ခဏကလွဲရင် ကွန်ပျူတာကိုပဲ မျက်နှာချင်းဆိုင်နေမယ့်အစား ကိုယ့်အတွက်ကိုယ် အချိန်နည်းနည်းဖဲ့ယူလိုက်ပါ။ ပြောချင်တာက ထမင်းစားချိန်မှာ အလုပ်ထဲက သူငယ်ချင်းတွေနဲ့ ထမင်းတူတူ စားတာမျိုး၊ ကော်ဖီသောက်ချိန်မှာ ဘာမှမတွေးပဲ အေးဆေးကော်ဖီသောက်တာမျိုးလေးတွေ လုပ်ပေးပါ။ အလုပ်ဆင်းချိန်ဆိုရင်လည်း သူငယ်ချင်းနဲ့ တွေ့တာမျိုး၊ gym ဆော့တာမျိုး၊ လမ်းလေးနည်းနည်းလျှောက်ပေးတာမျိုး တစ်ခုခု လုပ်ပေးပါ။ ဒါသင့်နေထိုင်မှုပုံစံကို ပြောင်းလဲသွားစေမယ့် အရာပါပဲ။

၂။အလုပ်မှာရော၊ အပြင်မှာပါ သူငယ်ချင်းမိတ်ဆွေ ရှိပါစေ။

အလုပ်တွေ ပင်ပန်းတဲ့အခါ အိမ်ပြန်၊ ရေခဲမုန့်လေးစား၊ ဆိုဖာပေါ်ထိုင်ပြီး ဗီဒီယိုကားတွေပဲ လှိမ့်ကြည့်ဖြစ်နေတာလား။ ဒီလိုလုပ်နေတာမျိုးထက် သူငယ်ချင်းတွေနဲ့ စကားပြောဆို ရယ်မောလိုက်ခြင်းက သင့်စိတ်ထဲက ဖိစီးမှုတွေကို လျော့ကျသွားစေတာပါ။  ဖြစ်နိုင်မယ်ဆိုရင် သင့်အလုပ်မှာလည်း သူငယ်ချင်း မိတ်ဆွေဖွဲ့ထားပါ။ သူငယ်ချင်းနဲ့ အတူတူ အလုပ်လုပ်ရခြင်းဟာ သင့်အတွက် တစ်နေ့တာ အလုပ်ချိန်တွေ ကုန်လို့ ကုန်သွားမှန်းအောင် သိလိုက်မှာ မဟုတ်ပါဘူး။

၃။အလုပ်ကြိုးစားပါ။

ဒီအလုပ်ကြီးက စိတ်ပျက်စရာကောင်းတယ်။ မလုပ်ချင်တော့ဘူး ဆိုပြီး တစ်နေ့တစ်နေ့ ဖြစ်နေမယ့်အစား သင့်အလုပ်မှာ တက်ကြွစွာ ကြိုးစားလုပ်ဆောင်ကြည့်ပါ။ ထူးခြားတဲ့ အကျိုးကျေးဇူး၊ ရလာဒ်ကောင်းကို သင်ခံစားရပါလိမ့်မယ်။ ဒီအလုပ်က မဟုတ်ရင်တောင် ဒီအလုပ်နဲ့ ပတ်သက်တဲ့ အရာတစ်ခုခုကြောင့် သင်တန်ပြန်ကောင်းကျိုးခံစားရမှာပါ။ ဒါဆို နောက်ထပ်အခွင့်အလမ်းကောင်းတွေ မပေါ်လာဘူးလို့ ဘယ်သူပြောနိုင်သလဲ။

၎။ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်အောင် လုပ်ပါ။

ကိုယ်က ဒဲ့ထိုးပြောတတ်တဲ့သူ၊ မဟုတ်မခံပြောဆိုတတ်တဲ့သူဆိုပေမယ့် ဒါတွေဟာ ပေါင်းသင်းဆက်ဆံရေးမှာ အသုံးမ၀င်လှပါဘူး။ ဒီတော့ အလုပ်ခွင်က လူတွေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေအားလုံးနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားကြည့်ပါ။ သင်အဆင်ပြေလာပါလိမ့်မယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top