iMyanmarHouse.com - Best Property Website for Myanmar
×



Taylor Swift ဟာ သူမရဲ့ ပရိသတ်တစ်ယောက်အတွက် သူမ လိုအပ်မယ့် လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ လက်ဆောင်ရရှိခဲ့တဲ့ ပရိသတ် ကောင်မလေးရဲ့ တုံ့ပြန်မှုဟာလည်း တန်ဖိုးမဖြတ်နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။

Ally Moronese လို့ခေါ်တဲ့ ကောင်မလေးဟာ သူမရဲ့ Tumblr စာမျက်နှာမှာ သူမရဲ့ ကလေးဘ၀ ကတည်းက နေခဲ့ရတဲ့အိမ်အနေ ပြောင်းရွှေ့ရတော့မယ့် အခက်အခဲတွေအကြောင်းကို ထုတ်ဖော် ရေးသားထားပါတယ်။ ထို ရေးသားမှုကို Taylor Swift က ဖတ်ပြီးတဲ့အခါမှာ သူမအတွက် လက်ဆောင်တွေပေးအပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က Taylor Nation ရဲ့ Twitter အကောင့်ကနေ Ally ရဲ့ အိမ်လိပ်စာကို မေးခဲ့ပြီး တနင်္လာနေ့မှာ Ally ဟာ Taylor ပေးပို့တဲ့ လက်ဆောင်တွေ လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ လက်ဆောင်တွေကတော့ Ally အိမ်ပြောင်းတဲ့အခါ လိုအပ်မယ့် ခေါင်းအုံးတွေ။ စောင်တွေ ၊ နဲ့ အလှကုန်ပစ္စည်းမျိုးစုံတို့ ဖြစ်ပါတယ်။

Taylor Swift ဟာ ကမ္ဘာတစ်ဝှမ်းလုံးက သူမရဲ့ ပရိသတ်အချို့အတွက် ခရစ်စမတ်အကြို အဖြစ်လည်း လက်ဆောင်တွေ ပေးပို့ထားတယ်လို့ သိရပါတယ်။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top