iMyanmarHouse.com - Best Property Website for Myanmar
×










မိမိတို့ရဲ့ အချစ်စိတ်ဟာ အန္တရာယ်ရှိတဲ့ တခါတလေ တခြားလူကို ထိခိုက်နာကျင်စေတဲ့ အပြုအမူတွေ လုပ်ဆောင်ဖို့ တွန်းအားပေးတတ်ပါတယ်။ အချင်းချင်းကြား ထိခိုက်နာကျင်စေမှု တစုံတခုပင် မရှိတဲ့ အချိန်မျိုးမှာတောင် ဒီလိုစိတ်မျိုးဖြစ်စေတယ်လို့ Buffalo တက္ကသိုလ်မှ သုတေသီများရဲ့ လေ့လာမှုတစ်ခုက ဆိုတယ်။

အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး နွေးထွေးတဲ့စိတ်ခံစားချက် ၊ နူးညံ့သိမ်မွေ့မှုနဲ့ သနားကြင်နာစိတ်တွေကနေ ရန်လိုတဲ့ အပြုအမူတွေကို ကြိုတင်မှန်းဆနိုင်ပါတယ်လို့ သုတေသီများက ပြောဆိုခဲ့ကြတယ်။

ဦးနှောက်အာရုံကြောဆိုင်ရာ ဟော်မုန်းတွေက အထင်နဲ့ သီးခြားစီ ပြန်လည်တုံ့ပြန်မှုဖြစ်စေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကြား ထင်ရှားလာပါတယ်။

Oxytocin နဲ့ vasopressin နှစ်ခုက ကိုင်တွယ်ဖြေရှင်းတတ်သော အပြုအမူတွေဖြစ်စေတဲ့ ဆောက်ရွက်ချက်တစ်ခုအနေဖြင့် ရှိနေဟန်တူပါတယ်။ လူတွေမှာ လူမှုရေးဆိုင်ရာ ကိုယ်တွယ်ဖြေရှင်းနည်း သို့မဟုတ် တခြားသောသူတွေနဲ့ ပိုမိုနည်းစပ်အောင်ချဉ်းကပ်မှုကြောင့် လူကို တွန်းအားဖြစ်စေတယ်လို့ စိတ်ပညာအစည်းအရုံး ပါမောက္ခ Michael J. Paulin က ပြောဆိုခဲ့တယ်။

သုတေသီတွေက စစ်တမ်းကောက်ယူမှုနဲ့ စမ်းသပ်လေ့လာမှုနှစ်မျိုး ပါဝင်တဲ့ လေ့လာမှုနှစ်ပိုင်းကို ဆောင်ရွက်ခဲ့ပါတယ်။

စစ်တမ်းကောက်ယူမှုမှာ လူတွေကို သူတို့နဲ့ အနီးကပ်ပတ်သက်ဆက်နွယ်သော သူတစ်ဦးဦးရဲ့ အကြောင်း ပြောပြစေပြီး (တခြားသူ)တတိယလူမှ သူ့အား ခြိမ်းခြောက်ပုံကို ရှင်းပြစေတယ်။

နောက် ပါဝင်ဖြေကြားခဲ့သူတွေက သူတို့စိတ်ခံစားချက်တွေနဲ့ အခြေအနေအပေါ် သူတို့ရဲ့တုံ့ပြန်မှုကို ဖော်ပြပြောဆိုခဲ့ကြပါတယ်။

ကျွန်တော်တို့ရဲ့ ပြန်လည်တုံ့ပြန်မှုများမှာ မိမိအထူးဂရုစိုက်တဲ့ သူအပေါ် ချစ်ခြင်း သို့မဟုတ် ဂရုဏာထားခြင်းကြောင့်ဖြစ်ပါတယ်လို့ သုသေသီများက ထပ်လောင်းပြောဆိုခဲ့ကြပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top