iMyanmarHouse.com - Best Property Website for Myanmar
×













Miss Beautiful Hair 2014 ဆုရှင် ငြိမ်းဆုသာက Miss Hair ဆုရှင် ဖြစ်ခဲ့ သော်လည်း သီချင်းဆိုသည့် အလုပ်ကို နှစ်ခြိက် သဖြင့် တေးစီးရီး ထွက်နိုင်ရန် ကြိုးစားနေကြောင်း ပြောသည်။

တကယ် ၀ါသနာ ပါတာက Cat Walk လျှောက်တာနဲ့ သီဆိုတာ ကိုပါ။ စတိတ်စင်ပေါ်မှာ ရှိုးလျှောက် ချင်တယ်။ သီချင်းဆို ချင်တယ်။ အဆိုတော် လည်း လုပ်မယ်။ အဲဒါကြောင့် စီးရီး အတွက် တေးရေးဆရာတွေ ဆီမှာ သီချင်းတွေ အပ်ထား ပါတယ်။ ဒါပေမဲ့လည်း သီချင်းခွေ ထွက်ဖို့ ကတော့ အချိန် တစ်ခုတော့ ညီမ စောင့်ရ မှာပေါ့။ ပြင်ဆင်နေတာ မပြီးသေးဘူး။ သီချင်းဆိုတဲ့ အပိုင်းတွေ ကိုလည်း သင်ထား ပါတယ်။  စန္ဒရားတီးတာ ကိုလည်း   သင်ထား ပါတယ်။ Miss World Myanmar ပြိုင်ပွဲတုန်း ကလည်း  ညီမ စန္ဒရားတီးပြီး သီချင်း ဆိုခဲ့ပါတယ်။ ညီမ အခု သီချင်း အတွက် စလုပ်နေတာ ဆိုတော့ အသံပိုင်းနဲ့ ပတ်သက်ရင် လိုအပ်တာ တွေရှိပါတယ်။ အသံယိုင် သွားတာတွေ ရှိတယ်လေ။ အဲဒါကြောင့်လည်း ကိုယ့်အသံနဲ့ လိုက်မယ့် သီချင်း  အမျိုးအစားတွေ ကိုပဲ ဆိုဖို့ စဉ်းစားထား ပါတယ်။ ညီမ ကြိုက်တဲ့ ပုံစံထက် ညီမနဲ့ လိုက်တဲ့ဟာ ကိုပဲ ဆိုသွားမှာပါ။ လက်ရှိ မှာတော့ မော်ဒယ် လုပ်တာနဲ့   သီချင်း ဆိုတာကိုပဲ လုပ်ဖြစ် သွားမှာပါ။ Miss ပြိုင်ပွဲ တွေကို ဆက်ပြိုင်ဖို့ အစီအစဉ် ရှိပါတယ်။ဒါပေမဲ့ အသက်က (၁၇) နှစ်ပဲ ရှိသေးတော့  နိုင်ငံတကာပွဲ တွေ ယှဉ်ပြိုင်ဖို့က အသက်ပြည့်မှ ရမယ်ဆိုတော့ လိုအပ်ချက်တွေလည်း  ဖြည့်ပြီးတော့  ပြိုင်ဖြစ်မှာပါ ဟု ငြိမ်းဆုသာက ပြောသည်။ ငြိမ်းဆုသာသည်   Miss World Myanmar တွင်  Miss Beautiful Hair  ဆုကို ရရှိခဲ့သည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top