iMyanmarHouse.com - Best Property Website for Myanmar
×










(၁) သင့်ဘဝထဲကို အမျိုးမျိုးသောအကြောင်းတွေနဲ့ လူတွေဟာဝင်လာလိုက်၊ ထွက်သွား
လိုက်နဲ့ဖြစ်နေမှာပါ။ ဒါဟာလောကရဲ့ ဓမ္မတာဖြစ်စဉ်တွေပါ။ သင့်ဘဝထဲကနေ ကျောခိုင်း
ထွက်ခွာသွားတဲ့ သူတွေအပေါ်မှာလည်း စွဲလမ်းစိတ်နဲ့ ရူးသွပ်စွာတမ်းတနေတာမျိုးလည်း
 မဖြစ်သင့်ပါဘူး။ ရပ်သင့်တဲ့အချိန်မှာရပ်၊ ဖြေလျှော့သင့်တာတွေကို ဖြေလျှော့လိုက်တာ စိတ်အေးချမ်းတဲ့နည်းလမ်းတစ်ခုပါ။

(၂) တခြားသောသူတွေအတွက်၊ တခြားသောသူတွေရဲ့ ထင်မြင်ယူဆချက်တွေအတွက် အသက်ရှင်နေထိုင်နေရတာမျိုးကို ရပ်လိုက်ပါ။ သင့်ကိုယ်သင်တန်ဖိုးထားပါ။ သင့်ရပ်တည်
မှုကို သင်လေးစားပါ။

(၃) အကောင်းမြင်ဝါဒ၊ ပြည့်ဝတဲ့စိတ်ခွန်အားစတဲ့ တောင်ပံအစုံတွေနဲ့ မကောင်းတဲ့အဆိုးမြင်ဝါ
ဒတွေဆီက ရုန်းကန်ထွက်လို့ပျံသန်းလိုက်စမ်းပါ။ အမှောင်ကမ္ဘာဆီကနေ ဖောက်ထွက်လို့ အလင်းရောင်ဆီ ဦးတည်ချဉ်းကပ် ရဲရဲကြီးပျံသန်းလိုက်စမ်းပါ။ ကျဉ်းမြောင်းပိတ်လှောင်နေတဲ့ အမှောင်ကမ္ဘာလေးထဲမှာ ဘာလို့သင့်ကိုယ်သင် ပိတ်လှောင်ထားမလဲ။

(၄) လူတစ်ဦးနဲ့တစ်ဦးကြား အစစ်အမှန်ခင်မင်ရင်းနှီးမှုဆိုတာ အပြန်အလှန် ယုံကြည်ပေးခြင်း၊ တကယ်လိုအပ်တဲ့အခါတိုင်း အကူအညီပေးခြင်း၊ နားလည်မှု၊ မေတ္တာတရားထားနိုင်ခြင်း စ
တာတွေနဲ့ အခိုင်အမာတည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဝါသနာပါတဲ့၊ စိတ်ဝင်တစားဖြစ်တဲ့ အကြောင်းကိစ္စတွေအပေါ်မှာလည်း တူညီစွာရူးသွပ်ကြခြင်း ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

(၅) ဒီလောကမှာရှိတဲ့ မည့်သည့်လူသားတစ်စုံတစ်ဦးမျှနဲ့ သင့်ကိုယ်သင်မနှိုင်းယှဉ်မိပါစေနဲ့။ ဒီလိုလုပ်မိတာနဲ့ သင်ဟာသင့်ကိုယ်သင် စော်ကားလိုက်တာပါပဲ။ သင်ဟာသင်ပဲ ဖြစ်နေပါစေ။

(၆) သင့်ကိုစိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်နာကျင်ခံစားရအောင် လုပ်ခဲ့တဲ့သူတွေအားလုံးကို ခွင့်လွှတ်ပေးနိုင်အောင် ကြိုးစားပါ။ ချက်ချင်းမလုပ်နိုင်ရင်တောင် တဖြည်းဖြည်းနဲ့ ခွင့်လွှတ်ပေး
လိုက်ပါ။ သူတို့အားလုံးဟာ သင့်ရဲ့မြင့်မြတ်တဲ့ ခွင့်လွှတ်ပေးခြင်းနဲ့ ထိုက်တန်ချင်မှ ထိုက်တန်
ပါလိမ့်မယ်။ ဒါပေမဲ့ သင်ကတော့ ခွင့်လွှတ်ပေးခြင်းဆီကနေ ရလာမယ့် စိတ်အေးချမ်းမှု၊ စိတ်လွတ်လပ်မှုတွေနဲ့ ကောင်းကောင်းကြီး ထိုက်တန်ပါတယ်။

(၇) သင်အပါအဝင်လူတိုင်းဟာ ပျော်ရွှင်မှု၊ အောင်မြင်မှုဆိုတာကိုပဲ လိုချင်ကြတယ်။ နာကျင်မှု၊ ရှုံးနိမ့်မှုဆိုတာတွေကိုတော့ဘယ်သူတစ်ဦးတစ်ယောက်ကမျှမလိုချင်ကြပါဘူး။တစ်ခုတော့ရှိ
တာပေါ့။ ရောင်စုံသက်တန့်ပေါ်ထွက်လို့ ရောင်စဉ်တွေဖြာဝေဖို့အတွက် မိုးလေးဖွဲဖွဲတော့ ရွာ
ကျရစမြဲပါ။

(၈) မြင့်မြတ်ဖြူစင်လှပတဲ့ စိတ်ဓါတ်ကိန်းအောင်းနေတဲ့ နှလုံးသားတစ်စုံပိုင်ဆိုင်ထားရခြင်းဟာ ဝင်းမွတ်လှပနေတဲ့ မျက်နှာပေါင်းတစ်ထောင် ပိုင်ဆိုင်ထားရခြင်းထက် အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင် တန်ဖိုးရှိပါတယ်။ ချီးကျူးဂုဏ်ယူထိုက်ပါတယ်။

Credit : နှိုင်းရင့်နွေ

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top