iMyanmarHouse.com - Best Property Website for Myanmar
×










ဒီနှစ်မြန်မာ ရုပ်ရှင် ထူးချွန် ဆုပေးပွဲတွင် ပါဝင်မယ့် အကယ်ဒမီ ဗန်းကိုင် အမည်အစား ရွှေကြို  ဟူ၍ ယခုနှစ်မှ စတင်ပြီး ပြောင်းလဲခေါ် တွင် သွားမှာဖြစ် ကြောင်း သိရပါ တယ်။ အကယ်ဒမီပေးပွဲ အတွက် လိုအပ်တဲ့ “ရွှေကြို” များခေါ်ယူရာတွင် မိန်းကလေးများကို သာခေါ်ယူ ခဲ့သော်လည်း အခုနှစ်မှ စပြီးယောက်ျား လေးများ အားလည်း အကယ်ဒမီ ပေးပွဲတွင် ပါဝင်ခေါ်ယူမည် ဖြစ်ကြောင်း သိရပါတယ်။

အကယ်ဒမီ ဗန်းကိုင် ရွေးချယ်ရေး ဆပ်ကော်မတီမှ အမည်ပြောင်းလဲ လိုက်တဲ့ ၂ဝ၁၃ ရုပ်ရှင် ထူးချွန် ဆုချီးမြှင့်ရေး ပံ့ပိုးမှု စပ်ကော်မတီ မှာတော့ စာနယ်ဇင်း ဆရာ များဖြစ်တဲ့ ဦးဝင်းငြိမ်း၊ ဦးမြတ်ခိုင်၊ ကိုမျိုး(မြန်မာစာ)၊ ဓာတ်ပုံ ပညာရှင် မိုးမင်း (Rays) ၊ဒါရိုက် တာ မောင်ဗေဒါ၊ ဒါရိုက်တာ အိအိခိုင် နဲ့သရုပ်ဆောင် အနုပညာရှင် များဖြစ်ကြတဲ့ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ဆွေဇင်ထိုက်၊ အကယ်ဒမီ မေသန်းနု ၊အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ်ဒမီ မျိုးသန္တာထွန်း တို့ကပါဝင်ပါတယ်။ ဒီနှစ် အကယ်ဒမီ ဗန်းကိုင်အမည်စား ရွှေကြိုလို့ ပြောင်းလဲ ခေါ်ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရန်အောင်က














“အကယ်ဒမီ ရွှေကြို ဆိုတဲ့ အဓိပ္ပာယ်ကတော့ အကယ်ဒမီ ရွှေစင်ရုပ်ကို ကြိုတဲ့သူတွေပေါ့။ ကြိုဆိုတာ အနုပညာ မျက်နှာအသစ် ကလေးတွေရယ်၊ မျက်နှာသစ် ဆိုတာ ကတော့စင် ပေါ်က ကလေးတွေဖြစ်တယ်။ စင်အောက် ကသူတွေက အနုပညာရှင်တွေ နဲ့ တက်သစ်စ အနုပညာရှင် လေးတွေ ကိုလည်း ကြိုဆို တဲ့သဘောနောက် ပြီး စင်ပေါ် မှာ ရှိတဲ့အနုပညာမျက်နှာအသစ် တွေကိုလည်း ကြိုဆိုတဲ့ သဘော အနေနဲ့ ဘယ်လိုကြို ကြို ကြိုလို့ ရတဲ့သဘော နဲ့ ရွှေကြိုလို့ ပေးထားတာပါ။ ရွှေခေတ်ကို ကြိုဆိုတဲ့ သဘော လို့လည်းပြော လို့ရတာပေါ့။ အကယ်ဒမီ ရွှေစင်ရုပ်တု ဆိုတော့လည်း ရွှေဆိုတာက ရွှေခေတ်ကို ကြိုတာလည်း ဖြစ်နိုင် တာပေါ့။ ဘာပဲ ဖြစ် ဖြစ် ရွှေကြို ဆိုတဲ့ အဓိပ္ပာယ်လေးက တအားကောင်း ပါတယ်”လို့ ပြောပါတယ်။

Credit : Popular

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top