iMyanmarHouse.com - Best Property Website for Myanmar
×

စန္ဒီမြင့်လွင်က သူ့ရဲ့ကလီယို ပါထရာ MTVခွေကို ၁၂လပိုင်း ကုန်မှာ ထွက်ရှိမှာဖြစ်ကြောင်းပြောပါတယ်။ ကလီယိုပါထ ရာ MTV ခွေ ကိုလည်း ထူးထူးခြားခြားေ လးဖြစ်အောင် ရိုက်ကူးထားပြီး ပရိသတ်တွေ အတွက်အကောင်းဆုံးကြိုးစားဖန်တီးထားကြောင်းကို စန္ဒီမြင့် လွင်က “အားလုံးတော့ ပြီးသွားပါပြီ။ထွက်ဖို့ကတော့ ၁၂လ ပိုင်းကုန်လောက်မှာ ပဲဖြစ်ဖို့များပါတယ်။ ရိုက်ကူး ထားတာ တော်တော်များများကို အားရပါတယ်။ ကျေလည်းကျေနပ်ပါတယ်။ ဒီတစ်ခေါက်ရိုက်ထားတာ တွေ အားလုံး ထူးထူးခြား ခြားဖြစ်မယ်လို့ ထင်တယ်။ အကုန်လုံးတော့ အစွမ်းကုန်ဖြစ်အောင်ကြိုးစားထားတယ်။ အ ကောင်းဆုံးဖြစ်အောင်ရိုက်ထားတယ်။ ညီ သီချင်းကတော့ ထူးထူးခြားခြားဖြစ်မယ်ထင်တယ်။ အိမ့်ချစ်ရယ်၊ နန်းသူဇာရယ်၊ ဒီးဒီရယ်၊ ဂျင်းနီ ရယ် Super Model က ပန်းအိရယ်၊ ငါးယောက်ရိုက်ထား တာလေးကို ကြိုက်တယ်။ မိန်းကလေးတွေ လျှောက်သွားကြတယ်။ပျော်ကြတယ်။ ညဘက် သွားပြီး သောင်းကျန်းတယ်။ Snare အဖွဲ့က ကိုဖြိုးလေးဆိုင်မှာ အင်္ကျီတွေဝင် ခိုးကြ တယ်။

အေးမြတ်သူက ကားကူညီ ပေးတယ်။ သောင်းကျန်းတဲ့ပုံစံလေးကို ဆန်းအောင် ရိုက်ထားတာပါပဲ။ အကုန်လုံးကိုMTV  ပုံစံမျိုးဆန်ဆန်ပဲ ရိုက်ထားတယ်။ ဇာတ်လမ်းဆန် ဆန်မျိုးတော့ မရိုက် ထားဘူး။ကိုခန့် နဲ့လည်း နှစ်ပုဒ် လောက်ရိုက်ထားတယ်။ အချစ် ရာသက်ပန်သီချင်းကို နေမင်းနဲ့ မော်ဒယ်ကောင်မလေး တစ်ယောက် နဲ့ရိုက်ထား ပါတယ်” လို့ ပြောပါတယ်။ ကလီယိုပါထရာ MTV  ခွေရိုက်ကူး နေတုန်း မှတ်မှတ်ရရ အမှတ်တရတစ်ခု ကတော့ ငွေဆောင်မှာ သွားရိုက်ရင်း သူနဲ့ ၇နှစ်တာ လက်တွဲခဲ့ တဲ့မိတ်ကပ်ဖန်တီးရှင်ငယ်ငယ်ဆုံးသွားတာကတော့ဝမ်းနည်းစရာအမှတ်တရပဲဖြစ်ကြောင်း စန္ဒီမြင့်လွင်က ပြောပါတယ်။

Credit : Popular

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top