iMyanmarHouse.com - Best Property Website for Myanmar
×











ခဏ ပျော်ရပြီးတော့ ရေရှည်မှာ စိတ်ဆင်းရဲစေမယ့် ကိစ္စမျိုးကို မလုပ်သင့်ဘူး။ အသိညဏ်ကိုဘေးဖယ်ထားပြီး မလုပ်သင့်မှန်း သိရက်နဲ့ ပျော်ဖို့ကို ဦးစားပေးပြီး လုပ်လိုက်ရင် ပိုစိတ်ဆင်းရဲရလိမ့်မယ်။

လောကသဘာဝ စိတ်ရဲ့သဘာဝမှာ Reality Principle လို့ခေါ်တဲ့ နိယာမတစ်ခု ရှိပါတယ်။ မလုပ်သင့်တာကိုလုပ်ရင် စိတ်ချမ်းသာမှု ရမှာမဟုတ်ဘူး။ လုပ်သင့်မလုပ်သင့်ဆိုတာကို စဉ်းစားဆင်ခြင်ပြီး လုပ်သင့်တာကို လုပ်ပါ။ လုပ်သင့်တာကို လုပ်ပြီး ပျော်ရတာ ကောင်းပါတယ်။

အခုလည်းပျော်တယ်။ နောင်လည်းပျော်တယ်။ ကိုယ်လည်းပျော်တယ်။ သူများလည်းပျော်တယ်ဆိုရင် သိပ်ကောင်းပါတယ်။ သူများကို စိတ်ဆင်းရဲစေပြီး ကိုယ်စိတ်ချမ်းသာမယ်ဆိုတာ reality principle ကိုဆန့်ကျင်နေတယ်။ အဲဒါမဖြစ်နိုင်ပါဘူး။

ပျော်ပျော်နေပါ။ ပျော်တာကိုလုပ်ပါ။ ဒါပေမယ့် reality principle ကိုမမေ့ပါနဲ့။ “လုပ်သင့်တာကို မလုပ်ရင်လည်း စိတ်ဆင်းရဲရလိမ့်မယ်။ မလုပ်သင့်တာကို လုပ်ရင်လဲ စိတ်ဆင်းရဲရလိမ့်မယ်” ကောင်းတာကိုလုပ်ပြီးပျော်တာ၊ လုပ်သင့်တာကိုလုပ်ပြီး ပျော်တာက စိတ်မှာ လွတ်လပ်မှု ပိုရှိပါတယ်။ လုပ်ပြီးမှ နောင်တရနေတတ်တာ မလွတ်လပ်ဘူး။ နောင်တရစရာမရှိတဲ့ ပျော်နည်းက အကောင်းဆုံးပဲ။ မသိလို့ မှားသွားတာ ရှိပါတယ်။ အမှားတွေကို ထပ်မမှားဖို့ အရေးကြီးတယ်။

အခု ခဏပင်ပန်းပေမယ့် ရေရှည်မှာ စိတ်ချမ်းသာမယ့်ကိစ္စမျိုးကို လုပ်သင့်ပါတယ်။ ပရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်ကို မမေ့ပါနဲ့။

Credit : ဆရာတော်ဦးဇောတိက

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top