iMyanmarHouse.com - Best Property Website for Myanmar
×










ကိုယ့်ရည်းစားဟောင်း၊ သူ့ရည်းစားဟောင်းအကြောင်းတွေ လက်ရှိကိုယ့်ချစ်သူနဲ့ဖွင့်ဟပြောဆိုရတာ သိပ်တော့ မမိုက်လှပါဘူး။ ဒါပေမယ့် ကိုယ့်ချစ်သူနဲ့ရေရှည်သွားဖို့ စဉ်းစားထားတယ်ဆိုရင်၊ သူမကို လက်လွှတ်မခံချင်ဘူးဆိုရင် သူမရဲ့ ရည်းစားဟောင်းနဲ့ ဘာ့ကြောင့် ပြတ်သွားတာလဲဆိုတာလေးတော့ သင်သိထားသင့်ပါတယ်။ ဒီလိုဆိုရင် ကိုယ့်ဘက်က ဘယ်လိုအချက်တွေတော့ သူမက ကြိုက်တယ်၊ ဘာတွေကိုတော့ မကြိုက်ဘူးဆိုတာလေး ပိုသိသွားမှာ ဖြစ်သလို အရင်ရည်းစားဟောင်း ရမသွားတဲ့ အမှတ်တွေ ကိုယ့်ချည်းသိမ်းကြုံးယူနိုင်ပြီပေါ့။ ဒါပေမယ့် ကိုယ့်ဘက်က ဘယ်လိုတွေ ပြင်ဆင်ထားဖို့ တော့ လိုအပ်တယ်ဆိုတာ သိထားရပါလိမ့်မယ်။

၁။သူမရဲ့အရင်ရည်းစားဟောင်းက သူမကို အချိန်မပေးနိုင်ဘူးဆိုရင် ကိုယ်က သူမအတွက် အချိန်ပေး၊ အနားမှာနေနိုင်အောင် ကြိုးစားပါ။

ဒီအချက်က မိသားစုမှမိသားစု ဖြစ်တတ်တဲ့ အမျိုးသားတွေ၊ အလုပ်မှအလုပ် ဖြစ်တတ်တဲ့ အမျိုးသားတွေနဲ့ သူတို့ရဲ့ချစ်သူရည်းစားတွေကြား ပြသနာဖြစ်လေ့ရှိတဲ့အချက်ပါ။ ချစ်သူအတွက် အချိန်လုံလောက်စွာ မပေးနိုင်ဘူးဆိုရင် သူမဘက်က ကိုယ့်ကိုငြိငြင်တာမျိုးတွေ ရှိလာပါလိမ့်မယ်။ ဒီတော့ ကိုယ့်ချစ်သူကောင်မလေးနဲ့ သူ့ရဲ့အရင်ရည်းစားနဲ့ ဒီအချက်ကြောင့် ပြတ်သွားတာမျိုး၊ စကားများပြသနာတက်ရတာမျိုးဆိုရင် ကိုယ့်အလှည့်ဒါမျိုး မဖြစ်အောင် ပြင်ဆင်ထားလိုက်ပေါ့။

၂။သူမရဲ့ အရင်ရည်းစားဟောင်းက သူမကို ဝေဖန်ပြောဆိုတာမျိုးတွေ လုပ်တတ်တယ်ဆိုရင် ကိုယ်က ချီးမွမ်းတတ်အောင် ကြိုးစားပါ။

ချစ်သူကို ဝေဖန်တာမျိုးဆိုတာထက် ဖြစ်သင့်တာကို ပြောပြတာမျိုးပဲ ဖြစ်သင့်ပါတယ်။ ဒီလိုလေးလုပ်လိုက်ရင် မကောင်းဘူးလား၊ ကိုယ်ဆိုရင်တော့ ဒါလေးကို ပိုကြိုက်တယ်၊ ဆိုတာမျိုး နားဝင်ချိုအောင် ပြောဆိုတာမျိုးကိုတော့ ဘယ်သူမဆို သဘောကျကြမှာပဲလေ။ လှောင်သလို၊ ခနဲ့သလို ဝေဖန်အပြစ်တင်ပြောဆိုတတ်တဲ့သူ ဘယ်သူ့ကိုမဆို ကြာရှည်သည်းခံချစ်နိုင်တဲ့သူ ရှားတယ်ဆိုတာ သိထားဖို့လိုပါတယ်။ ဒီတော့ သူမကို နားဝင်ချိုအောင် ပြောပါ။ ကဲ့ရဲ့တာမျိုးမလုပ်ပါနဲ့။ သူမလုပ်တာ အဆင်ပြေတယ်၊ တော်တယ်လို့ ခံစားရတာတွေအားလုံး သူမကို ချီးကျူးပြောဆိုပေးပါ။

၃။သူမရဲ့ အရင်ရည်းစားဟောင်းထက် ပိုနွေးထွေးစွာ ဆက်ဆံပေးပါ။

ချစ်သူနဲ့တွေ့တဲ့အချိန် လက်ကလေးတောင် ကိုင်ဖြစ်ရဲ့လား။ ပခုံလေးဖက်ပြီး ကိုယ့်ရင်ခွင်ထဲ သူ့ကို ဆွဲသွင်းထားတာမျိုး လုပ်ဖြစ်ရဲ့လား။ ပါးကလေးကိုနမ်းတာ၊ ဆံပင်လေးကို ထိုးဖွပြီး ကျီစယ်တာမျိုးတွေ ချစ်သူနှစ်ဦးကြားရှိရဲ့လား။ ဒါတွေဟာ သမီးရည်းစားဆက်ဆံရေးသာမက အိမ်ထောင်ရေးမှာပါ အရေးပါတဲ့အချက်ပါ။ ဒီလိုအချက်တွေ လစ်ဟာသွားမယ်ဆိုရင် ဘယ်ဆက်ဆံရေးမှာမှ အခြေအနေ မကောင်းနိုင်တော့ပါဘူး။ ဒီတော့ ကိုယ့်ချစ်သူကို နွေးထွေးစွာဆက်ဆံပေးပါ။ အရင်တစ်ယောက်က ဒါတွေမလုပ်ပေးနိုင်ဘူးဆိုရင် ကိုယ်က နွေးထွေးစွာ ကြင်နာပေးဖို့ လိုပါတယ်။

၎။သူမရဲ့ အရင်ရည်းစားက ကလေးဆန်လွန်းတဲ့သူဆိုရင် ကိုယ့်အလှည့်ကျ  ရင့်ကျက်တဲ့အသွင်ကို ပြပါ။

ကိုယ့်ချစ်သူအပေါ် နွဲ့ဆိုးဆိုးထာမျိုး၊ ကလေးဆန်တာမျိုးကို ချစ်လို့ လက်ခံနိုင်ပေမယ့် ဒါကိုအခွင့်ကောင်းယူပြီး တစ်ချိန်လုံး ဆိုးသွမ်းနေမယ်ဆိုရင်တော့ ဘယ်ရည်းစားကမှ သည်းခံနိုင်မယ်မထင်ပါဘူး။ အထူးသဖြင့် အမျိုးသားတွေက ဒီလိုလုပ်နေတာ ပိုဆိုးပါတယ်။ ဒီတော့ အရင်ရည်းစားက ဘယ်လောက်ထိကလေးဆန်လို့ ကိုယ့်ကောင်မလေးနဲ့ ပြတ်သွားတယ်ဆိုတာ မသိပေမယ့် ကိုယ့်အလှည့်ကျရင်တော့ ရင့်ကျက်တဲ့အပြူအမူနဲ့ ကိုယ့်ချစ်သူအပေါ်မှာ နွေးထွေးတတ်တဲ့သူ ဖြစ်ဖို့လိုပါတယ်။ ကလေးဆန်သင့်၊ ချွဲနွဲ့သင့်တဲ့အနေအထားနဲ့ ရင့်ကျက်ရမယ့်အနေအထားကို ခွဲခြားတတ်ပါစေ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top