iMyanmarHouse.com - Best Property Website for Myanmar
×














အနုပညာ အလုပ်ကို ပုံမှန်လုပ်ဖြစ် နေသည့် ယုသန္တာတင်က အနုပညာ သက်တမ်း တစ်ခုရှိလာ သော်လည်း လက်ရှိ အချိန်တွင် ဇာတ်လမ်း ရွေးချယ်ခြင်းမျိုး မရှိသေးကြောင်း ပြောသည်။

ညီမက ဇာတ်လမ်း ရွေးတာမျိုး ဆိုတာထက် ကိုယ့်ဆီ ရောက်လာတဲ့ ဇာတ်တွေမှာ ကိုယ်နဲ့ လိုက်မယ့် ဇာတ်ရုပ်၊ လုပ်ကွက်ရတဲ့ ဇာတ်ကားမျိုး တွေကို ရိုက်ရတယ်။ ညီမ ရိုက်နေရတဲ့ ကားတွေ ကလည်း ကိုယ်နဲ့ လိုက်တဲ့  ဇာတ်တွေပဲ ဖြစ်နေတော့ အခုနေတော့ ဇာတ်လမ်းရွေးရ တာမျိုး မရှိသေး ဘူး။ ညီမဆီ ရောက်တဲ့ ဇာတ်တွေ ကလည်း အဆင်ပြေတယ်တယ်။ ကိုယ့်ဆီ ရောက်လာတဲ့ ကားတွေက အဆင်ပြေ နေတော့ ဇာတ်လမ်း ရွေးတာ မရှိ ဘူး။ ညီမ ကိုယ်တိုင် ကလည်း မရွေးဘူး။ ညီမ ကားတွေ ထွက်လာ ရင်လည်း ကိုယ့် အားနည်းချက်လေး တွေကို ကြည့်ပြီးတော့ အတတ်နိုင်ဆုံး ကြိုးစား ပြင်ဆင် လုပ်ပါတယ်။

အရမ်း Perfect  ကြီး ဖြစ်မသွားပေမယ့် အတတ်နိုင်ဆုံးတော့ အားနည်းချက် တွေကို ပြင်ပါတယ်။ တစ်ကားနဲ့ တစ်ကား မတူအောင်၊ ပရိသတ် မြင်နေကြ ပုံစံလေးတွေ ကလည်း ကွဲထွက်ပြီး ရိုက်ထား တာတွေ ရှိပါတယ်။ ညီမ ရိုက်နေတာ ကလည်း ကာရိုက်တာ မစုံသေး ပါဘူး။ ရိုက်နေရင်းနဲ့ မှလည်း ကိုယ်ရိုက်ချင်တဲ့ ကာရိုက်တာမျိုး ပေါ်လာမယ် ထင်ပါတယ်။ ဇာတ်လမ်း ဆန်းဆန်းလေး တွေလည်း ရိုက်ထား ပါတယ် ဟု ယုသန္တာတင်က ပြောသည်။ ယုသန္တာတင်သည် ဗီဒီယိုဇာတ်ကား ဆက်တိုက် ရိုက်ကူးရန် ရှိကြောင်းနှင့်  ကြော်ငြာ များလည်း  ရိုက်ကူးရန် ရှိကြောင်း ပြောသည်။

Credit: Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top