iMyanmarHouse.com - Best Property Website for Myanmar
×














အမျိုးသမီး

အမျိုးသမီးများအနေနဲ့ အဝတ်အစားကို မလုံမလဲဝတ်စားခြင်းကို ပုရိသ တို့အား စွဲဆောင်မှု ရှိတယ်လို့ ယနေ့ခေတ်မှာ သတ်မှတ်ပေမယ့် အနောက်တိုင်းမှာလည်း အယူအဆ တစ်ခု ရှိပါတယ်။ ဒါကတော့ ယင်းကဲ့သို့ ဝတ်ဆင်ခြင်းဟာ ယင်းအမျိုးသမီးအနေနဲ့ ကိုယ့်ကိုယ်ကို ကိုလည်း ရိုသေ လေးစားမှု၊ သူတစ်ပါးအပေါ်ကိုလည်း ရိုသေ လေးစားမှု မရှိဘူးလို့ အဓိပ္ပါယ် တစ်မျိုး ဖွင့်ကြပြန်ပါတယ်။

"It simply shows you have no respect for yourself or anyone else"

အမျိုးသား

အမျိုးသားများအနေနဲ့ ဘောင်းဘီ ကို ခါးအောက်ချ ဝတ်ဆင်ခြင်းကိုလည်း အနောက်တိုင်းမှာ အားမပေးပါဘူး။ အနုပညာဖျော်ဖြေရေးသမားများ ဝတ်စား ဆင်ယင်ပေမယ့် အခြားမသက်ဆိုင်သော နယ်ပယ်ဒေသမှ လူငယ်များ အတုမယူစေဖို့ တားမြစ်ကြပါတယ်။ ဘောင်းဘီ ခါးအောက်ချ ဝတ်ဆင်တဲ့ ယဉ်ကျေးမှုဟာ အမေရိကန်ထောင်တွင်းမှာဆိုရင် အမျိုးသားခြင်း ဆက်ဆံလိုခြင်း သို့မဟုတ် အစောင့်ရဲနဲ့ အခြားလူများကို ရိုသေလေးစားမှုမပေးခြင်း ဆိုတဲ့ သဘောကို သက်ရောက် တယ်လို့ ဆိုပါတယ်။

Iif you sagging your pants, wearing them half way off your
behind. Cause in prison that means you are another man girlfriend & it shows you have no respect

ဖျော်ဖြေရေး ဗီဒီယို၊ ရုပ်ရှင်၊ သီချင်း၊ MTV နဲ့ အခြားသော နယ်ပယ် ဒေသ မှာက မျက်စိပသာဒ ဖြစ်ဖို့အတွက် ဝတ်စားဆင်ယင်မှု ပုံစံသစ်၊ ယဉ်ကျေးမှု အသစ် များအမျိုးမျိုးဖန်တီးပြီး ခေတ်အဆက်ဆက် တည်ရှိလာတဲ့ ယဉ်ကျေးမှုတွေလည်း ရောယှက်တတ်ပါတယ်။ သို့ပေမယ့် ဖျော်ဖြေရေး ကို ဖျော်ဖြေရေးအတွက်မှာသာ သူ့နေရာသူ အသုံးချစေပြီး Business life နဲ့ အခြားအရေးကြီးတော့ နယ်ပယ်ဒေသမှာ ဒါကို အသုံးမချမိစေဖို့ လမ်းညွှန် ထားခြင်း ဖြစ်ပါတယ်။

ဝတ်စားဆင်ယင်မှုနဲ့ ပက်သက်လို့ နိုင်ငံအသီးသီးမှာ သူ့နေရာနဲ့သူ တားမြစ် ချက်များ၊ ဥပဒေများ ထားရှိထားကြောင်း သိရပါတယ်။

Credit :  ရိုးရာလေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top