iMyanmarHouse.com - Best Property Website for Myanmar
×

ထိပ်တန်း မင်းသား တစ်လက် ဖြစ်သည့် အကယ်ဒမီ နေတိုးက အချို့ဇာတ်ကား များတွင် သဘာဝလွန် ပြကွက်များ ထည့်သွင်းထားကြ သော်လည်း မူလ ဇာတ်လမ်း၏ ဦးတည်ချက် ပျက်သွားမည့် ပြကွက်မျိုးကို မထည့်သင့်ကြောင်း ပြောသည်။

 အဓိကတော့ အကုန်လုံး ထိန်းကွပ်မှုနဲ့ စည်းကမ်းတကျ တည်ဆောက်ထား နိုင်ရင် အကောင်းဆုံးပါပဲ အနုပညာရှင်တွေရဲ့ ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ထားတဲ့ ဦးတည်ချက်၊ ဇာတ်ကားရဲ့ ဆိုလိုရင်း ပျက်ပြယ်သွား နိုင်တဲ့ ပြကွက်မျိုး ဆိုရင် ရှောင်တာ ကောင်းပါတယ်။ ကျွန်တော်က ကားတွေ ကိုလက်ခံရိုက်ကူးပြီ ဆိုရင် သရုပ်ဆောင်မှု အပိုင်းနဲ့ပဲ ညှိနှိုင်းတယ်ဗျ ဇာတ်ညွှန်းပိုင်း ကတော့ မညှိနှိုင်းပါဘူး။ “အောင်မြင် ကျော်ကြား စူးရှ ထက်မြက် မှာ ဆိုရင် ဇာတ်ညွှန်းပိုင်း ကတော့ ပြီးပြီးသားပေါ့နော်။ စကားလုံး ရွေးချယ်မှု အပိုင်းကတော့ ဇာတ်ညွှန်း ဆရာရဲ့ သဘော အတိုင်းပါပဲ။ ကျွန်တော်တို့က သရုပ်ဆောင် ဖြစ်တဲ့ အတွက် ကိုယ် သရုပ်ဆောင်ရမယ့် အပိုင်းကိုပဲ ဦးစားပေး ပြီးတော့ သရုပ်ဆောင်ခဲ့ တာပါ။ ကျွန်တော် သရုပ်ဆောင်ခဲ့တဲ့ အချိန် တုန်းကတော့ စကားလုံးတွေက ဒီလောက် ပြင်းထန်တယ်လို့ မမြင်ခဲ့ဘူး ပေါ့နော်။ ဇာတ်လမ်းက ဟာသကားဖြစ် သလို သဘာဝလွန်တဲ့ ပြကွက်တွေ လည်း ကျွန်တော် ထည့်ထားတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းလေးက ထူးခြားတဲ့မူ ရှိတယ်။ ကာရိုက်တာတွေ ပီပြင်အောင်လည်း မိတ်ကပ်ပိုင်းတွေ ကိုလည်း ဂရုစိုက်ခဲ့ရပါတယ် ဟု နေတိုးက ပြောသည်။ နေတိုးသည် Story Board Multimedia  ကုမ္ပဏီကို တည်ထောင်ထားပြီး  Workshop  နှင့် Post Producation  များ လုပ်ကိုင်ရန် စိတ်ဝင်စားကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top