iMyanmarHouse.com - Best Property Website for Myanmar
×














အထင်လွဲသစ်ရွက် ဇာတ်ကားတွင် အော်လီမဇာတ် ရုပ်နှင့် ပရိသတ်အားပေးမှုကို ရရှိထားသည့် သရုပ်ဆောင်သွန်း ဆက်က လက်ရှိအချိန်တွင် ဒရာမာဇာတ်ရုပ်မျိုးကို    ရိုက်ကူးနိုင် သော်လည်း ပရိသတ်မုန်းမည့် ဇာတ်ရုပ်မျိုးကို ရိုက်ကူးမည် မဟုတ်ကြောင်း ဆိုသည်။

‘‘သွန်းဆက်က အခုတော့ ဗီလိန်ဆန်တဲ့ ဇာတ်ရုပ်မျိုးမှာ၊ နောက်ပိုင်းကိုယ့်ကိုအကောင်း ပြန်မြင်ပေးမယ့် ဇာတ်ရုပ်မျိုးဆို ရင်တော့ ရိုက်နိုင်ပါသေးတယ်။ အခုချိန်မှာတော့ တစ်ကားလုံး ဗီလိန်ဆန်တဲ့ ဇာတ်ရုပ်မျိုး၊ ပရိ သတ်က ကိုယ့်ကိုရွံမုန်းသွားမယ့် ဇာတ်ရုပ်မျိုးကျတော့ လက်မခံ သေးပါဘူး’’ဟုပြောသည်။

ပရိသတ်မုန်းမည့် ဇာတ်ရုပ် မျိုးမရိုက်ကူးဖြစ်သည့် အကြောင်းမှာ သရုပ်ဆောင်သက်တမ်းနု သေးသည့်အတွက် ပရိသတ်ကအမြဲတမ်း အမြင်စောင်းသွားမည် ကို စိုးရိမ်သည့်အတွက်ဖြစ် ကြောင်း ဆိုသည်။

အဓိကရွေးချယ်ဖြစ်သည့် ဇာတ်ရုပ်မှာ ပရိသတ်ချစ်မည့်၊ သနားမည့်ဇာတ်ရုပ်မျိုးကိုသာ ရွေးချယ်ရိုက်ကူးဖြစ်နေပြီး ယခု အိမ်ဖော်ဇာတ်ရုပ်နှင့် ကလေး အမေဇာတ်ရုပ်မျိုး သရုပ်ဆောင်ရမည့် လမ်းပျောက်တဲ့သား ဇာတ် ကားတွင် သရုပ်ဆောင် ညီထွဋ် ခေါင်၊ စိုးမြတ်သူဇာတို့နှင့် အတူပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top