iMyanmarHouse.com - Best Property Website for Myanmar
×













နာမည်ကြီး အဆိုတော် အီမီနမ်ဟာ မူးယစ်ဆေးရဲ့ အကျိုးဆက်ကြောင့် အိုမင်း ရင့်ရော်သွားတဲ့ ပုံစံမျိုး ဖြစ်သွားကြောင်း ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲ တစ်ခုမှာ အီမီနမ်ရဲ့ နောက်ဆုံး ဓာတ်ပုံကို မြင်တွေ့ရ ပြီးနောက် ယခင်ဓာတ်ပုံများနဲ့ နှိုင်းယှဉ်တဲ့ အခါ အိုမင်းရင့်ရော်မှုကို ပိုမို ပေါ်လွင် သွားစေခဲ့ပါတယ်။ ရက်ပါ တစ်ဦး ဖြစ်တဲ့ အီမီနမ်ဟာ သူ့ဘ၀ တစ်လျှောက်လုံး မူးယစ်ဆေးဝါးကို အလွန်အကျွံ သုံးစွဲခဲ့ကြောင်း  ၀န်ခံ ပြောဆိုခဲ့ဖူး ပါတယ်။ လက်ရှိ အချိန်မှာတော့ အီမီနမ်ဟာ မူးယစ်ဆေးရဲ့ အကျိုးဆက်တွေ ခံစားနေရပြီး မျက်နှာ သွင်ပြင်ဟာ အဘိုးကြီး တစ်ဦးကဲ့သို့ ဖြစ်နေပါတယ်။ အီမီနမ်ဟာ 8 Mile ဗွီဒီယိုမှာ ပါဝင် သရုပ်ဆောင်ရင်း  မူးယစ်ဆေး  စတင် သုံးစွဲခဲ့တာ ဖြစ်ပြီး အဲဒီတုန်းက အချို့ရက်တွေမှာ လုံးဝ အိပ်စက်ခြင်း မရှိဘူးလို့ ဆိုထားပါတယ်။

၂၀၀၅ ခုနှစ်မှာတော့ ပြန်လည် ထူထောင်မှုတွေ ပြုလုပ်ခဲ့ပြီး အယ်ဘမ်အသစ် ထုတ်ဝေခဲ့ ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ How to make money selling drugs တေးသီချင်းကို 50 Cents  နဲ့ အတူ သီဆို ထုတ်ဝေခဲ့ပြီး ဒီသီချင်း မှတ်တမ်း ဗွီဒီယိုမှာ အီမီနမ်က မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ် တွေကို ဖွင့်ဟပြောကြား ခဲ့ပါတယ်။ အီမီနမ်က ကျွန်တော်ဟာ ဆေး အလွန်အကျွံ သုံးခဲ့တာမို့ ဆေးရုံကို ရောက်သွားခဲ့ ပါတယ်။ ကျွန်တော့် ခန္ဓာကိုယ် မှာရှိတဲ့ အင်္ဂါရပ်တွေ အားလုံး အလုပ်မလုပ် တော့ပါဘူး။ ကျောက်ကပ်၊ အသည်း စတဲ့ အရာတွေ အားလုံး ဘာမှမလုပ်နိုင်တော့ပါဘူး။ သေဆုံးသွားပြီလို့ ထင်ခဲ့တာပါ လို့ ပြောကြားခဲ့ပါ တယ်။ ဒီနောက် အီမီနမ်ဟာ ဆေးရုံက ဆင်းပြီး တေးသီချင်းသစ်တွေ ထုတ်နိုင်ဖို့ အာရုံစိုက်ပြီး ကြိုးစားနေ ပါတယ်။ အသက် (၄၂) နှစ်ရှိပြီ ဖြစ်တဲ့ အီမီနမ်ဟာ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပေါင်းပြီး  တေးသီချင်းသစ်တွေ ထုတ်ဖို့ ဆန္ဒပြင်းပြနေတယ်လို့ သိရပါတယ်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top