iMyanmarHouse.com - Best Property Website for Myanmar
×









အချစ်ကြောင့်ရတဲ့ပျော်ရွှင်ခြင်းကို လူတိုင်းတောင့်တကြတယ်။ ဒါပေမယ့် တချို့လူတွေအတွက် ပျော်ရွှင်ခြင်းဆိုတာ ခန္ဓာကိုယ်ထဲကပြုပင်ပြောင်းလဲလို့ရတဲ့ ဆဲလ်တွေလိုပဲ ချေဖျက်ဖို့ ကိုယ်တိုင်ကြိုတင်စီမံခဲ့ကြတယ်။

ရှေးဂရိဒဏ္ဍရီပုံပြင်မှာ အချစ်နတ်သားမြားနတ်မောင် (Cupid)နဲ့ လက်ထပ်ခဲ့တဲ့ လူပြည်က Psycheတို့ရဲ့အဖြစ်က သာဓကပြနေပါတယ်။ မြားနတ်မောင်နဲ့ Psyche တို့က နေ့မှာခွဲပြီး ညမှတွေ့ဆုံကြသူတွေဖြစ်တဲ့အတွက် မြားနတ်မောင်ရဲ့မျက်နှာကို Psyche သေချာမမြင်ဖူးခဲ့ဘူး။ နောက်ဆုံးမှာ Psycheရဲ့ အစ်မတွေက Psycheရဲ့ပျော်ရွှင်နေတဲ့ဘဝကို မနာလိုဖြစ်ခဲ့ကြတယ်။ ညအချိန်မှာ မြားနတ်မောင်ကိုကြည့်ဖို့ Psycheကို မီးခွက်နဲ့ ဓားချွန်တစ်ချောင်းပေးလိုက်တယ်။ တကယ်လို့ မြားနတ်မောင်က ရုပ်ဆိုးတဲ့မိစ္ဆာတစ်ကောင်ဖြစ်နေရင် လည်ပင်းကိုဓားနဲ့လှီးဖြတ်ခဲ့ဖို့ မှာလိုက်ကြတယ်။

ညသန်းခေါင် မီးရောင်အောက်မှာ မြားနတ်မောင်ရဲ့ ချောမောတဲ့ရုပ်ရည်ကို Psyche မြင်မှ ရင်ထဲက သံသယစိတ်တွေပျောက်သွားခဲ့တယ်။ ဒါပေမယ့် သူကံမကောင်းခဲ့ပါဘူး။ မမျှော်လင့်ဘဲ မီးခွက်ထဲက ဆီတစ်စက်က အိပ်နေတဲ့ မြားနတ်မောင်ပေါ်ကျသွားခဲ့တယ်။ လန့်နိုးလာတဲ့ မြားနတ်မောင်က Psyche လက်ထဲကဓားချွန်ကိုမြင်တာနဲ့ သဘောပေါက်ပြီး ဒေါသတကြီး "လင်မယားကြားမှာ ယုံကြည်မှုဆိုတာမရှိရင် အချစ်ဆိုတာရှိနိုင်တော့မလား" လို့ ပြောလိုက်တယ်။ အဲဒီနောက် Psyche ကိုထားပြီး သူထွက်သွားခဲ့တယ်။

သူငယ်ချင်းတစ်ယောက်က အင်တာနက်မှာ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ကြတယ်။ ရင်ထဲက အချစ်မီးတွေတောက်လောင်ပြီး အချစ်ဒီဂရီတက်ချိန် ရုတ်တရက် အဲဒီကောင်မလေးနဲ့လမ်းခွဲဖို့ သူပြောခဲ့တယ်။ အဲဒီကောင်မလေးက အင်တာနက်ပေါ်မှာ တခြားလူတွေနဲ့လည်း သိနေလို့ပါတဲ့...

သိစမှာ ကောင်မလေးကို မယုံသကာင်္နဲ့ဖုန်းတွေဆက်ပြီးသူလိုက်စစ်၊ လိုက်မေးတယ်။ အခြေအနေက တဖြည်းဖြည်းတင်းမာလာခဲ့ပြီး နောက်ဆုံး တစ်ဦးပေါ်တစ်ဦး ယုံကြည်စိတ်ချမှုတွေ ကင်းမဲ့ခဲ့ကြတယ်။ အဲဒီ တခဏအတွင်းမှာပဲ နစ်နစ်ကာကာ သူချစ်ခဲ့ပါတယ်ဆိုတဲ့ အချစ်တွေ ဆေးဆိုးခံလိုက်ရတယ်။

သံသယနဲ့မယုံကြည်မှုက အချစ်ရဲ့သားသတ်သမားတွေဖြစ်တယ်။
မယုံသင်္ကာ၊ သံသယကြားမှာ အချစ်က မရှင်သန်နိုင်ပါဘူး။

ချစ်သူကို စိတ်မချတာက ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းလို့ ဖြစ်တယ်။ စိတ်မချတာကို ပယ်နိုင်အောင် ကိုယ့်ကိုယ်ကိုအမြဲလန်းဆန်း တက်ကြွအောင်နေပါ။ ဆွဲဆောင်နိုင်အောင် ကြိုးစားပါ။ ယုံကြည်မှုအပြည့်နဲ့နေပါ။ စိတ်ချ..... သူဘယ်တော့မှ ကိုယ့်ကိုထားသွားလိမ့်မှာမဟုတ်ပါဘူး။

ချစ်တတ်ကြပါစေ....

-----
ကိုယ်ပိုင်စီးပွားရေးတွေနဲ့ အတည်တကျအောင်မြင်နေတဲ့ ချစ်သူစုံတွဲတစ်တွဲမှာ ကောင်မလေးက ကိုယ့်အကျိုးစီးပွားအတွက် လူအများနဲ့ များသောအားဖြင့် ယောက်ျားသားတွေနဲ့ တစ်ခါတလေ ပြောဆိုဆက်ဆံရတာမျိုးရှိတယ်။ ဒါကို ချစ်သူကောင်လေးက သံသယအကြည့်၊ သံသယအမေးတွေနဲ့ ချစ်လိုက်၊ ပြတ်လိုက်လုပ်နေခဲ့လို့၊ ဒီပေ့ခ်ျကိုလာလာဖတ်တတ်တဲ့ ကောင်လေးသိအောင် တစ်ခုခုရေးပေးပါလို့ဆိုတာနဲ့ ဟိုးအရင် ဘာသာပြန်ရေးခဲ့ဖူးတဲ့စာတစ်ပုဒ်ကို ကောက်တင်လိုက်ပါတယ်။ တကယ်ချစ်ကြတယ်ဆိုရင် သံသယကင်းရှင်းကြပါစေလို့..

Credit : နိုင်းနိုင်းစနေ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top