iMyanmarHouse.com - Best Property Website for Myanmar
×









Andele Lara လို့ခေါ်တဲ့ အသက် (၂၂)အရွယ် ဘော်စတွန်က အမျိုးသမီးဟာ အိမ်အပြင်ကို ထွက်လိုက်တာနဲ့ Rihanna ပရိသတ်တွေရဲ့ အော်ဟစ်နေတဲ့အသံတွေကို အမြဲတမ်းလိုလို ကြားခဲ့ရသူပါ။ သူစိမ်းတွေဆိုရင် အိမ်ကနေ အလုပ်သွားတဲ့ လမ်းတောက်လျှောက်သူမနောက်က လိုက်ခဲ့ကြတဲ့အထိပါပဲ။ ဒါ့အပြင် အခြားသော အလှကုန်ကုမ္ပဏီတွေကလည်း သူတို့ရဲ့အလှကုန်တွေကို သုံးပေးဖို့ ပြောလာကြတဲ့အထိ ဖြစ်လာပါတယ်။

နောက်ပိုင်းမှာတော့ သူမရဲ့အောင်မြင်မှုတစ်ခုက Andele ကို Rihanna နဲ့ အချိန်ပြည့်တူလာစေဖို့ ပိုတွန်းအားပေးလာခဲ့ပါတယ်။

သူမကတော့ "ကျွန်မဘယ်နေရာသွားသွား လူတိုင်းက ကျွန်မကို ငေးကြတယ်။ လက်တို့ပြီး သူတို့အချင်းချင်း တီးတိုးစကားဆိုကြတယ်။ တစ်ချို့ဆိုကျွန်မနဲ့ ဓာတ်ပုံအတူတူ တွဲရိုက်ကြတယ်။ ဒါနေ့တိုင်း ဖြစ်နေတာပါ။ ကျွန်မဘာလုပ်လုပ် ကိစ္စမရှိဘူး။ ၂၄နာရီလုံးနီးပါး Rihanna ဆိုတဲ့အသံ မကြားလိုက်ရတာမျိုးကို မရှိတာ။ ခု ဆိုရင် ကျွန်မရဲ့ အချိန်ပိုင်းအလုပ်ကို စွန့်လွှတ်ပြီး Rihanna နဲ့ တူတဲ့ကျွန်မအတွက် အခြား လုပ်ငန်းတစ်ခုခုလုပ်ဖို့ စတင်လေ့လာနေပါပြီ။"လို့ ဆိုပါတယ်။

ကလေးဘ၀တုန်းက ကိုယ့်ကိုယ်ကိုယ် ရုပ်ဆိုးလွန်းလို့ စိတ်ညစ်ရတဲ့ Andele ဟာ ခုချိန်မှာတော့ ယုံကြည်မှုအပြည့်နဲ့ ဘ၀ရပ်တည်မှုတစ်ခုကို စတင်ရှာဖွေနေပါပြီ။ ဒါကိုလည်း သူမက "ကျွန်မက ငယ်ငယ်တုန်းကတော့ သိပ်ရှက်တာတာရှင့်။ လူတွေကလည်း နဖူးကြီးကြီး၊ ခပ်ပိန်ပိန်ကောင်မလေးလို့ပဲ သိထားကြတာ"လို့ ဖွင့်ဟသွားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top