iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားသရုပ်ဆောင်မင်းသားသည် ကြော်ငြာရိုက်ကူးမှုများစွာမှတစ်ဆင့် ယခုနှစ်အတွင်း တရုတ်နိုင်ငံ၌ တရုတ်ယွမ်ငွေသန်း ၅၀၀ (အမေရိကန် ဒေါ်လာ ၈၁ သန်းခန့်)ရရှိခဲ့သည်ဟု တရုတ်သတင်းစာ Yangtse Wanbao Nanjing က ဖော်ပြသည်။

ကင်ဆူဟွန်းသည် တရုတ်နိုင်ငံ၌ အလွန်လူကြိုက်များခြင်းခံနေရပြီး ထိပ်တန်းဖြစ်နေသည်ဟု Yangtse Wanbao သတင်းစာက ဖော်ပြသည်။ ၎င်းသည် You Who Came From the Stars ဇာတ်လမ်းတွဲရိုက်ကူးစဉ် ယခုနှစ်အတွင်း ပရိသတ် အာရုံကိုဖမ်းစားနိုင်ခဲ့ပြီး ကုန်အမှတ်တံဆိပ် စုစုပေါင်း ၃၀ ကျော်အတွက် ကြော်ငြာမော်ဒယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်ဟု ယင်းသတင်းစာက ဖော်ပြသည်။

ကေဒရာမာစတား ကင်ဆူဟွန်းသည် ၎င်းရိုက်ကူးသော ကြော်ငြာတစ်ခုစီအတွက် ကိုရီးယားဝမ်တစ် ဘီလီယံ (ကန်ဒေါ်လာ ကိုးသိန်းခန့်)ရရှိသည်။ ထို့အပြင် ၎င်း၏ ကုန်အမှတ်တံဆိပ်ကြော်ငြာကို တရုတ်(သို့မဟုတ်) ဂျပန်နိုင်ငံသို့ပို့လျှင် ကိုရီးယား ဝမ်တစ်ဘီလီယံခွဲမှ    နှစ်ဘီလီယံ အထိရရှိသည်ဟု သိရသည်။

ကင်ဆူဟွန်း သည် You Who Came From the Stars ဇာတ်လမ်းတွဲ ဖြင့် ယခုနှစ်အတွင်း သရုပ်ဆောင်ထူးချွန် ဆုပေါင်း အနည်းဆုံး ၁၁ ဆုရရှိထားပြီးဖြစ်သည်။

Credit :7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top