iMyanmarHouse.com - Best Property Website for Myanmar
×














 တောင်ကိုရီးယားသရုပ် ဆောင်မင်းသား ယွန်းဆန်ဟွန်း နှင့် အဆိုတော် မေဘီတို့သည် ၎င်းတို့၏ မင်္ဂလာပွဲအမှတ်တရ အဖြစ် စုံတွဲသီချင်းတစ်ပုဒ်ထွက် ရှိမည်ဖြစ်သည်။

မေဘီကိုယ်တိုင်ရေးစပ် ထားသော Balsam Colors အမည်ရသီချင်းကို ယွန်းဆန်ဟွန်း နှင့် မေဘီတို့စုံတွဲသီဆိုထားပြီး ယင်းသီချင်းမှာ စုံတွဲတစ်တွဲ မင်္ဂလာမဆောင်မီ ၎င်းတို့ကြားရှိ အချစ်ဇာတ်လမ်းကို ဖော်ကျူး တင်ဆက်ထားသော အချစ် သီချင်းတစ်ပုဒ်ဖြစ်သည်။

ယွန်းဆန်ဟွန်းနှင့် မေဘီတို့ သည် ဖေဖော်ဝါရီ ၈ ရက်တွင် ဆိုးလ်မြို့၌ မင်္ဂလာပွဲကို အကျဉ်း ချုံးဆင်နွှဲမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်တွင် စုံတွဲသီချင်း Balsam Colors ထွက်ရှိမည်ဖြစ်သည်။

ယွန်းဆန်ဟွန်းတို့စုံတွဲသည် မင်္ဂလာပွဲနှင့် မအားလပ်သည့် ကြားမှ ကိုယ်တိုင်အပင်ပန်းခံ၍ ကြိုးစားတင်ဆက်ထားသော ယင်းစုံတွဲသီချင်းမှ ရရှိလာသည့် အကျိုးအမြတ်များကို အကူအညီ လိုအပ်သူများအား လှူဒါန်းသွား မည်ဟု တေးသံသွင်းအေဂျင်စီက ပြောသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top