iMyanmarHouse.com - Best Property Website for Myanmar
×










၂၀၁၅ ခုနှစ်အစမှာတင် ဆံပင်ပုံစံ အသစ်နဲ့ ဇာတ်ကားရိုက်ကူးမှုတွေကို စတင်နေတဲ့ အောင်ရဲလင်းဟာ၊ ၂၀၁၄ မှာတုန်းကလည်း တစ်နှစ်ပတ်လုံးလိုလို ဆံပင်အရှည်ကို ကာလာ၊ အမျိုးမျိုးနဲ့ စတိုင်အမျိုးမျိုး ပုံဖော်ခဲ့တာပါ။ ခုတော့ Hair စတိုင်ကှို အသစ်ညှပ်ထားတဲ့ပြင် ညာဖက် နားရွက်အောက်မှာပါ ကြယ်ပုံ တက်တူးလေး ထိုးထားတာကြောင့် သူနဲ့ တွေ့ဆုံခိုက် မေးကြည့်လိုက်တော့

 “ဒီ၂၀၁၅ ထဲမှာ ဇာတ်ပုံစံတွေကအစ ပြောင်းပြီး ဖန်တီးဖို့ရှိတယ်။ ခုဆံပင်ကေလဲ ချိန်းထားတယ် ဆိုတော့ ဒီပုံနဲ့ လိုက်ဖက်တဲ့ ကားလေးတွေကို ရွေးချယ်ပြီး ရိုက်ကူးသွားပါမယ်။ မနှစ်ကတော့ ဆံပင်နဲ့ကြီးပဲ။ ဒီနှစ်ကတော့ ၂၀၁၅ နှစ်စပိုင်းမှာတင် ပရိသတ်အတွက် အမြင်လဲဆန်းအောင် ကတုံးကေ လုပ်လိုက်တာပေါ့။ ပုံစံတစ်မျိုးနဲ့မြင်ရတာပေါ့။ အဓိကကတော့ ပုံစံပြောင်းချင်တာကြောင့် ဒီပုံစံညှပ်လိုက်တာပါ။ ကျွန်တော်က ဒီတခေါက် နှစ်စမှာချိန်းထားတော့ အမှတ်တရတော့ ဖြစ်သွားတာပေါ့။ ဒီဆံပင်နဲ့လိုက်တဲ့ ကာရိုက်တာတွေကိုလဲ ချရေးထားတာရှိတယ်။ အဲ့ဒါတွေကို ဒီတစ်နှစ်လုံး ရိုက်မယ်။ အကြမ်း၊ အရမ်း၊ အနု၊ အရွ အကုန်ရိုက်မယ်။ ရှေ့နှစ်တွေက မရိုက်ဖူးတဲ့ ကာရိုက်တာတွေလဲ ပါမယ်။ ဒါပြီးရင် ကျွန်တော်မေမြို့သွားရမယ်။ နှစ်ကားရိုက်ဖို့ရှိတယ်။ အဲ့ဒီကားဆို ဒီဆံပင်ပုံနဲ့ ရိုက်ရမှာပါ။ ဇာတ်လမ်းတွေက ထူးခြားတယ်။ ဒါရိုက်တာက ကိုဝင်းထွန်းထွန်း ရိုက်မှာပါ။ ဘယ်လိုမျိုးလဲဆိုတော့ ကျွန်တော်ရယ်၊ မကြီးစိုးရယ်၊ သွန်းဆက်ရယ်ပေါ့။ ဦးကျော်ဟိန်းကားလေးကိုပြန်ရိုက်မှာပါ။”လို့ သူကပြောပါတယ်။

ဒါ့အပြင် Facebook မှာ ခုနောက်ပိုင်း ကိုယ်ခန္ဓာအလှကို အသားပေးတဲ့ ပုံတွေကိုသာ အတင်များတာ တွေ့ရတာနဲ့ ပတ်သက်ပြီးတော့ရော တက်တူး ထိုးဖြစ်တာကိုပါ မေးကြည့်လိုက်တော့ သူက “တက်တူးကတော့ ဒီတိုင်းပဲ။ ကျွန်တော့်ဟာ ကျွန်တော်ကြိုက်လို့ ထိုးထားတာပါ။ ဘာရည်ရွယ်ချက် မှတော့ မရှိပါဘူး။ ဖေ့ဘွတ်စ်မှာ body အသားပေးပုံတွေ တင်တာက ကျွန်တော့ဟာ ကျွန်တော်ကြိုက်လို့ တင်တာပါ။ fb ဆိုတာ ကျွန်တော့် Privacy ပဲလေ။ ကျွန်တော် အ၀တ်အစားပါတဲ့ ပုံလဲ တင်ချင်ရင် တင်ပါတယ်။ ဒီကေနဲ့က နုနုရွရွလေးတင်တာထက် ကြမ်းတဲ့ပုံတင်ရင် ပိုပြီး ယောကျာ်းဆန်လို့ ခပ်ကြမ်းကြမ်းလေး တင်ဖြစ်တာပါ”တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top