iMyanmarHouse.com - Best Property Website for Myanmar
×

Girl'sGenerationအဖွဲ့ဝင်ထယ်ယွန်းသည်တစ်ကိုယ်တော်တေးအယ်လ်ဘမ်သစ်ထွက်ရှိရန်
 ပြင်ဆင်နေသည်ဟု   ကိုရီးယားသတင်းဌာန SportsDonga က ဖော်ပြသည်။

ထယ်ယွန်းသည် ယခုပထမ နှစ်ဝက်တွင် တစ်ကိုယ်တော်တေးအယ်လ်ဘမ်ထွက်ရှိနိုင်ရေး ယင်းအယ်လ်ဘမ်၌ ထည့်သွင်းရမည့် သီချင်းများ စုစည်းနေသည် ဟု Sports Donga သတင်းက ဖော်ပြ သည်။

ထယ်ယွန်းသည် အဆိုပါ တေးအယ်လ်ဘမ်ကို စီစဉ်ထားသည့်အတိုင်း ထွက်ရှိနိုင်လျှင်  တစ်ကိုယ်တော်တေး အယ်လ်ဘမ် ထွက်သည့် ပထမဆုံး Girl'sGeneration အဖွဲ့ဝင်ဖြစ်လာမည်ဖြစ် သည်။

Girl's Generation အဖွဲ့ဝင် ထယ်ယွန်းသည် ကေဒရာမာ ဇာတ်လမ်းတွဲများ၏ ဇာတ်ဝင်တေးသီချင်းများစွာ သီဆိုဖူးသူဖြစ်ပြီး ပရိသတ်အားပေးမှုရရှိ ထားသူဖြစ်သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top