iMyanmarHouse.com - Best Property Website for Myanmar
×

ဒီရက္ပိုင္း မ်က္ႏွာ အဆီ ဖုေလးေတြ လာျပတဲ့မိန္းကေလးေတြ မ်ားတယ္။ ပံုမွန္အားျဖင့္ အဆီဖုေလးေတြဟာ အဆီဂလင္းမ်ားလို႔ (သို႔) အဆီဂလင္းေတြက်ယ္သူေတြမွာ ပိုေတြ႕ရတယ္။ တကယ္ေတာ့ အဆီဂလင္းဆိုတာ အလြန္ေသးငယ္တယ္။ မ်က္စိနဲ႔ မျမင္ရဘူး၊ ဒါေပမယ့္ အဆီအိတ္မွာ ဖုန္၊ပိုးမႊား၊ဆဲလ္ေသ စတာေတြနဲ႔ ေပါင္းစပ္ရင္ အဆီဖုေလးေတြျဖစ္လာလိမ့္မယ္။ အဆီဖုေလးေတြက ဝက္ျခံလို ရဲမေနဘူး။ အျဖဴေရာင္ရွိတယ္။ ဆဲလ္ေသေတြပါေနတာမို႔ နည္းနည္းမာႏိုင္တယ္။ အရြယ္အစားက ၁-၃မီလီမီတာေလာက္သာ ရွိတယ္။ အစုလိုက္ျဖစ္တာထက္ ဟိုေန႐ာတကြက္ ဒီေနရာတကြက္ ျဖစ္တာမ်ားတယ္။

အဆီဖုေလးေတြဟာ ေဟာ္မုန္းအေျပာင္းအလဲျမန္တဲ့ မိန္းကေလးေတြမွာ ပိုျဖစ္ေလ့ရွိတယ္။ရာသီဥတု၊ အစားအေသာက္စတာေတြနဲ႔ ဆိုင္တာမ်ားတယ္။ သၾကား၊ အခ်ိဳဓာတ္ကဲတဲ့အစားအစာ၊ဆိုဒါပါတဲ့ ေဖ်ာ္ရည္၊ အဆီအဆိမ့္၊ ဆီေၾကာ္စာ စတာေတြေၾကာင့္ ျဖစ္တယ္။ အိပ္ေရးပ်က္တာ၊ အစားမမွန္တာကေန ပိုဆိုးေစတယ္။ အဆီဖုေလးေတြက ပိုးဝင္ရင္ ဝက္ျခံအဆင့္ထိ ျဖစ္ႏိုင္တယ္။ ၾကည့္လိုက္ရင္ ဘာမွမဟုတ္ေပမယ့္ မ်က္ႏွာအလွကို ပ်က္စ္ီးေစတယ္။ ကိုယ့္ကိုယ္ကို ယံုၾကည္မႈမရွိေတာ့ဘူး။ အဲလိုမျဖစ္ေအာင္ဘယ္လိုလုပ္မလဲ။ တဆင့္ခ်င္းေဖာ္ျပေပးပါမယ္။

ပထမအဆင့္- မ်က္ႏွာကို တေန႔ ႏွစ္ႀကိမ္သစ္ပါ။ မ်က္ႏွာသစ္ဆပ္ျပာ အေပ်ာ့စား သံုးပါ။အထဲမွာအဆီျပန္ျခင္းကို သက္သာေစတဲ့ retinol ပါရင္ ပိုေကာင္းတယ္။ retinol ဆိုတာ ဗီတာမင္ေအပါတဲ့ ဝက္ျခံေပ်ာက္ေဆးတမ်ိဳးလည္း ျဖစ္တယ္။ ဒါျပင္ benzoyl peroxide, sulfur နဲ႔ salicylic acid ပါတဲ့ မ်က္ႏွာသစ္ေဆးေတြလည္း ေကာင္းတယ္။ မ်က္ႏွာသစ္ေဆးလိမ္းတဲ့အခါ စက္ဝိုင္းပံု လိမ္းေပးသင့္တယ္။

လိမ္းရင္းနဲ႔အေပၚတျဖည္းျဖည္းတက္သံြားပါ။ ၿပီးရင္ စကၠန္႔(၃၀)ၾကာေအာင္ ထားၿပီးမွ ေရခပ္ေႏြးေႏြးနဲ႔ မ်က္ႏွာသစ္ပါ။ မ်က္ႏွာသစ္ၿပီးရင္ သန္႔စင္တဲ့အဝတ္နဲ႔သုတ္ပါ။ ပထမအဆင့္ၿပီးပါၿပီ။

ဒုတိယအဆင့္- မ်က္ႏွာသစ္ၿပီးတိုင္း တိုနာ(toner)ကို ဂြမ္းစနဲ႔တို႔ၿပီး မ်က္ႏွာအႏွံ႕ လိမ္းေပးသင့္တယ္။ ဒီလိုျပဳလုပ္ျခင္းက မ်က္ႏွာေပၚ ဗက္တီးရီးယား၊ဆဲလ္ေသ ကင္းစင္ေစၿပီး အဆီထုတ္လုပ္မႈကို ေလွ်ာ့နည္းသြားေစမယ္။ တိုနာ(toner) ေရြးခ်ယ္တဲ့အခါ alcohol-free ျဖစ္တာကိုသာ ေရြးခ်ယ္သံုးစြဲရမယ္။ ဒါကို အထူးသတိထားပါ။ အေမႊးရနံ့ပါတာ လံုးဝမသံုးသင့္ဘူး။ antioxidants နဲ႔ exfoliants အာနိသင္ပါရင္ ပိုေကာင္းတယ္။( ဒီအေၾကာင္းေတြ တိုနာေဆာင္းပါးတုန္းက အေသးစိတ္ေရးခဲ့ၿပီးျဖစ္ပါတယ္၊ရွာဖတ္ပါ)။ တိုနာသံုးၿပီးတဲ့အခါတိုင္း အစိုဓာတ္ထိန္း moisturizer တမ်ိဳးမ်ိဳးထပ္သံုးရမယ္။ moisturizer ေရြးတဲ့အခါ တျခားဘာအာနိသင္မွာမပါတဲ့ အစိုဓာတ္ထိန္းေဆး သီးသန္႔သာ ေရြးခ်ယ္သံုးသင့္တယ္။ moisturizerက တိုနာေၾကာင့္ ျဖစ္လာတဲ့ အသားအေရေျခာက္ေသြ႕ျခင္းကို ကာကြယ္ေပးလိမ့္မယ္။

တတိယအဆင့္- အဆီျပန္တဲ့အသားအေရအတြက္အသံုးဝင္တဲ့ azelaic acid လိုေဆးမ်ိဳးလိမ္းေပးသင့္တယ္။ ေဆးက အဆီဂလင္းထုတ္လုပ္မႈကို တားဆီးေပးမယ္။ ဒါတင္မက ဝက္ျခံကို ျဖစ္ေပၚေစတဲ့ Proprionobacterium acnes နဲ႔ Staphylococcus epidermidis ဗက္တီးရီးယားပိုးမႊားေတြကိုပါ ကာကြယ္ေပးမယ္။ ဒီေဆးလိမ္းတဲ့အခါ သတိထားစရာေတြရွိတယ္။ ေဆးက ဆရာဝန္ၫႊန္ၾကားခ်က္လိုတယ္။ သံုးစြဲရမယ့္ အခ်ိန္ကာလ၊ အတိုင္းအတာ တေယာက္နဲ႔တေယာက္ မတူပါ။ ညစဥ္လိမ္းရတယ္။ အေပၚက ဘာမွထပ္မသံုးရဘူး၊ အသားအေရေျခာက္ေသြ႕တာ၊ အေရျပားကြာတာ ျဖစ္ႏိုင္တယ္။ ပူစပ္ပူေလာင္ရွိတတ္တယ္။
(ေဆးအေၾကာင္းအေသးစိတ္ကို ဝက္ျခံေပ်ာက္ေဆးမ်ား ေဆာင္းပါး http://drayeminhtoo.blogspot.com/2015/02/blog-post.html မွာေရးေပးထားပါတယ္)

စတုတၳအဆင့္- က်ားေဟာ္မုန္း androgen မ်ားရင္ ေဟာ္မုန္းညႇိတဲ့ေဆးေတြပါ လိုပါတယ္။ ဥပမာ diane-35(cyproterone and ethinyl estradiol)လိုေဆးမ်ိဳးက အဆီျပန္ျခင္းကင္းေစၿပီး ဝက္ျခံမထြက္ေအာင္ကာကြယ္ေပးတယ္။မ်က္ႏွာတျပင္လံုး ျဖစ္သူေတြမွာ ဝက္ျခံေပ်ာက္ေဆး Accutane(isotretinoin) လိုေဆးမ်ိဳးလည္း လိုပါတယ္။ေဆးက ေဘးထြက္ဆိုးက်ိဳး မ်ားလြန္းလို႔ အထူးကုဆရာဝန္ရဲ႕ၫႊန္ၾကားမႈေအာက္မွာသာ ေသာက္ရတယ္။ ေဆးအေၾကာင္းနားလည္တဲ့ ကၽြမ္းက်င္တဲ့ဆရာဝန္သာကိုင္ရမယ္။ ဆရာဝန္ရဲ႕ အနီးကပ္ၾကည့္မႈ လိုအပ္ပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္ မသံုးသင့္ဘူး။ ေျခာက္လအတြင္း ကိုယ္ဝန္လည္း မယူရဘူး၊ ကေလးကို ထိခိုက္ေစမယ္။ တျခားဆိုးက်ိဳးေတြလည္း အမ်ားႀကီးရွိေသးတယ္။ အေသးစိတ္ကို http://medicineworldmyanmar.blogspot.com/2015/03/acnotinisotretinoin-10-mg.html မွာ ဝင္ဖတ္ပါ။

ပဥၥမအဆင့္- ဒါမွမသက္သာရင္ ေနာက္ဆံုးနည္း ေလဆာပစ္လို႔ရတယ္။ ဒီနည္းကို photodynamic therapy လို႔ ေခၚပါတယ္။ အရည္တမ်ိဳးလိမ္းၿပီး ေလဆာေၾကာင္ပ အဆီဂလင္းထုတ္လုပ္မႈကို ေလွ်ာ့နည္းေစတယ္။ အရမ္းႀကီးတဲ့ အဆီဖုေတြမွာ ဒီနည္းက အေကာင္းဆံုးျဖစ္ပါတယ္။ ဒါေပမယ့္ ၁၀၀ ရာခိုင္နႈန္းမေကာင္းပါ။ ျပန္ေပၚလာႏိုင္ေသးတယ္။ အဆီဂလင္းေ႐ာင္ရာက ပို ႀကီးလာၿပီး အဖုအပိန္႔ျဖစ္တဲ့အခါ acetic acid လို အက္ဆစ္အျပင္းစားမ်ဳ္း သံုးျခင္းက အေကာင္းဆံုးျဖစ္ပါတယ္။ အဖုအပိန္႔ထြက္တဲ့ အေရျပားကို ဆယ္ရက္အတြင္း ကြာက်ေစတယ္။

ကာကြယ္ျခင္း
မျဖစ္ေအာင္ အစားအေသာက္နဲ႔ အေနအထိုင္ ဂ႐ုစိုက္ရမယ္။ အဆီဖုေလးေတြဟာ အခ်ိဳစားသံုးမႈနဲ႔ တိုကိ႐ိုက္အခ်ိဳးက်တယ္။ အခ်ိဳဓာတ္ကဲတဲ့အစားအစာ၊ ႏြားႏို႔၊ေထာပတ္၊ ခ်ီးစ္ စတာေတြ ေရွာင္ပါ။ ကစီဓာတ္ တတ္ႏိုင္သမွ် ေလွ်ာ့ခ်ပါ ေကာ္ဖီ၊လက္ဖက္ရည္၊ ေဖ်ာ္ရည္မေသာက္သင့္ပါ။ ဆီေၾကာ္စာနဲ႔ အာလူးေၾကာ္ လံုးဝေရွာင္ပါ။ ေနာက္သတိထားရမွာ တခုကအေနအထိုင္ျဖစ္ပါတယ္။ မ်က္ႏွာအဆီဖုရဲ႕ ၃၀ ရာခိုင္နႈန္းဟာ ေနေရာင္နဲ႔တိုက္႐ိုက္ထိေတြ႕မႈေၾကာင့္ျဖစ္တယ္။ ဒါ့ေၾကာင့္ အျပင္သြားတဲ့အခါ ေနေလာင္ကာလိမ္းေဆး SPF 30 အထက္ပါတာ ေရြးခ်ယ္ဖို႔ လိုပါတယ္။ သု႔ိေသာ္ ေနေလာင္ကာတမ်ိဳးတည္းမရေသးဘူး၊ အေပၚက အစိုဓာတ္ကို ထိန္းေပးမယ့္ moisturizer ဆိုတာ တခါထပ္လိမ္းရမယ္။

အႏွစ္ခ်ဳပ္လိုက္ရင္ မ်က္ႏွာအဆီဖုေတြကင္းစင္ေစဖို႔ retinolပါတဲ့ မ်က္ႏွာသစ္ေဆး(Face wash) တမ်ိဳး၊ သန္႔စင္တဲ့ မ်က္ႏွာသစ္ပဝါ(Clean towel)၊ ဂြမ္း(Cotton balls) တိုနာ(Toner) ၊အစိုဓာတ္ထိန္းေဆး(Oil-free moisturizer) ၊ azelaic acid လိမ္းေဆးတမ်ိဳးမ်ိဳးနဲ႔ ေနေလာင္ကာလိမ္းေဆး( Sunscreen SPF-30) လိုအပ္ပါတယ္။

အားလံုးထက္ ပိုအေရးႀကီးတဲ့အခ်က္က cosmetic ပစၥည္းေတြကို ေသခ်ာနားမလည္ပဲေလွ်ာက္မဝယ္သင့္ဘူး။ အခန္႔မသင့္ရင္ အဆီဖုေတြက မေပ်ာက္ႏိုင္ေတာ့ဘဲ ပိုဆိုးလာတတ္တယ္။ ဒါနဲ႔ပက္သတ္လို႔ အေရျပားဆရာဝန္ Paula Begoun ေျပာတာလည္း မွတ္သားခ်င္စရာ။

“ကၽြန္ေတာ့္ အေတြ႕ၾကံဳအရ ဝက္ျခံ၊အဆီဖုေပါက္သူရဲ႕ထက္ဝက္ခန္႔ဟာ ကိုယ္နဲ႔မတည့္တဲ့ အလွကုန္ပစၥည္းေတြ သံုးစြဲမိရာက ျဖစ္ေနၾကတယ္။ ဒီေတာ့ ကၽြန္ေတာ္မပါဘဲ Cosmetics ေကာင္တာေတြ ခင္ဗ်ားတို႔ ေယာင္လို႔ေတာင္ ေျခဦးမလွည့္မိေစနဲ႔”တဲ့။

ကဲ…ဒီေတာ့ cosmetic ဝယ္မယ္စိတ္ကူးရင္ အေရျပားအေၾကာင္း နားလည္တဲ့ဆရာဝန္တေယာက္ အနားေခၚျပီး ေရွာ့ပင္ထြက္ၾကေပါ့ဗ်ာ…

Credit:ေဒါက္တာ ေအးမင္းထူး


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဒီရက်ပိုင်း မျက်နှာ အဆီ ဖုလေးတွေ လာပြတဲ့မိန်းကလေးတွေ များတယ်။ ပုံမှန်အားဖြင့် အဆီဖုလေးတွေဟာ အဆီဂလင်းများလို့ (သို့) အဆီဂလင်းတွေကျယ်သူတွေမှာ ပိုတွေ့ရတယ်။ တကယ်တော့ အဆီဂလင်းဆိုတာ အလွန်သေးငယ်တယ်။ မျက်စိနဲ့ မမြင်ရဘူး၊ ဒါပေမယ့် အဆီအိတ်မှာ ဖုန်၊ပိုးမွှား၊ဆဲလ်သေ စတာတွေနဲ့ ပေါင်းစပ်ရင် အဆီဖုလေးတွေဖြစ်လာလိမ့်မယ်။ အဆီဖုလေးတွေက ဝက်ခြံလို ရဲမနေဘူး။ အဖြူရောင်ရှိတယ်။ ဆဲလ်သေတွေပါနေတာမို့ နည်းနည်းမာနိုင်တယ်။ အရွယ်အစားက ၁-၃မီလီမီတာလောက်သာ ရှိတယ်။ အစုလိုက်ဖြစ်တာထက် ဟိုနေရာတကွက် ဒီနေရာတကွက် ဖြစ်တာများတယ်။

အဆီဖုလေးတွေဟာ ဟော်မုန်းအပြောင်းအလဲမြန်တဲ့ မိန်းကလေးတွေမှာ ပိုဖြစ်လေ့ရှိတယ်။ရာသီဥတု၊ အစားအသောက်စတာတွေနဲ့ ဆိုင်တာများတယ်။ သကြား၊ အချိုဓာတ်ကဲတဲ့အစားအစာ၊ဆိုဒါပါတဲ့ ဖျော်ရည်၊ အဆီအဆိမ့်၊ ဆီကြော်စာ စတာတွေကြောင့် ဖြစ်တယ်။ အိပ်ရေးပျက်တာ၊ အစားမမှန်တာကနေ ပိုဆိုးစေတယ်။ အဆီဖုလေးတွေက ပိုးဝင်ရင် ဝက်ခြံအဆင့်ထိ ဖြစ်နိုင်တယ်။ ကြည့်လိုက်ရင် ဘာမှမဟုတ်ပေမယ့် မျက်နှာအလှကို ပျက်စ်ီးစေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့ဘူး။ အဲလိုမဖြစ်အောင်ဘယ်လိုလုပ်မလဲ။ တဆင့်ချင်းဖော်ပြပေးပါမယ်။

ပထမအဆင့်- မျက်နှာကို တနေ့ နှစ်ကြိမ်သစ်ပါ။ မျက်နှာသစ်ဆပ်ပြာ အပျော့စား သုံးပါ။အထဲမှာအဆီပြန်ခြင်းကို သက်သာစေတဲ့ retinol ပါရင် ပိုကောင်းတယ်။ retinol ဆိုတာ ဗီတာမင်အေပါတဲ့ ဝက်ခြံပျောက်ဆေးတမျိုးလည်း ဖြစ်တယ်။ ဒါပြင် benzoyl peroxide, sulfur နဲ့ salicylic acid ပါတဲ့ မျက်နှာသစ်ဆေးတွေလည်း ကောင်းတယ်။ မျက်နှာသစ်ဆေးလိမ်းတဲ့အခါ စက်ဝိုင်းပုံ လိမ်းပေးသင့်တယ်။

လိမ်းရင်းနဲ့အပေါ်တဖြည်းဖြည်းတက်သွံားပါ။ ပြီးရင် စက္ကန့်(၃၀)ကြာအောင် ထားပြီးမှ ရေခပ်နွေးနွေးနဲ့ မျက်နှာသစ်ပါ။ မျက်နှာသစ်ပြီးရင် သန့်စင်တဲ့အဝတ်နဲ့သုတ်ပါ။ ပထမအဆင့်ပြီးပါပြီ။

ဒုတိယအဆင့်- မျက်နှာသစ်ပြီးတိုင်း တိုနာ(toner)ကို ဂွမ်းစနဲ့တို့ပြီး မျက်နှာအနှံ့ လိမ်းပေးသင့်တယ်။ ဒီလိုပြုလုပ်ခြင်းက မျက်နှာပေါ် ဗက်တီးရီးယား၊ဆဲလ်သေ ကင်းစင်စေပြီး အဆီထုတ်လုပ်မှုကို လျှော့နည်းသွားစေမယ်။ တိုနာ(toner) ရွေးချယ်တဲ့အခါ alcohol-free ဖြစ်တာကိုသာ ရွေးချယ်သုံးစွဲရမယ်။ ဒါကို အထူးသတိထားပါ။ အမွှေးရနံ့ပါတာ လုံးဝမသုံးသင့်ဘူး။ antioxidants နဲ့ exfoliants အာနိသင်ပါရင် ပိုကောင်းတယ်။( ဒီအကြောင်းတွေ တိုနာဆောင်းပါးတုန်းက အသေးစိတ်ရေးခဲ့ပြီးဖြစ်ပါတယ်၊ရှာဖတ်ပါ)။ တိုနာသုံးပြီးတဲ့အခါတိုင်း အစိုဓာတ်ထိန်း moisturizer တမျိုးမျိုးထပ်သုံးရမယ်။ moisturizer ရွေးတဲ့အခါ တခြားဘာအာနိသင်မှာမပါတဲ့ အစိုဓာတ်ထိန်းဆေး သီးသန့်သာ ရွေးချယ်သုံးသင့်တယ်။ moisturizerက တိုနာကြောင့် ဖြစ်လာတဲ့ အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်ပေးလိမ့်မယ်။

တတိယအဆင့်- အဆီပြန်တဲ့အသားအရေအတွက်အသုံးဝင်တဲ့ azelaic acid လိုဆေးမျိုးလိမ်းပေးသင့်တယ်။ ဆေးက အဆီဂလင်းထုတ်လုပ်မှုကို တားဆီးပေးမယ်။ ဒါတင်မက ဝက်ခြံကို ဖြစ်ပေါ်စေတဲ့ Proprionobacterium acnes နဲ့ Staphylococcus epidermidis ဗက်တီးရီးယားပိုးမွှားတွေကိုပါ ကာကွယ်ပေးမယ်။ ဒီဆေးလိမ်းတဲ့အခါ သတိထားစရာတွေရှိတယ်။ ဆေးက ဆရာဝန်ညွှန်ကြားချက်လိုတယ်။ သုံးစွဲရမယ့် အချိန်ကာလ၊ အတိုင်းအတာ တယောက်နဲ့တယောက် မတူပါ။ ညစဉ်လိမ်းရတယ်။ အပေါ်က ဘာမှထပ်မသုံးရဘူး၊ အသားအရေခြောက်သွေ့တာ၊ အရေပြားကွာတာ ဖြစ်နိုင်တယ်။ ပူစပ်ပူလောင်ရှိတတ်တယ်။
(ဆေးအကြောင်းအသေးစိတ်ကို ဝက်ခြံပျောက်ဆေးများ ဆောင်းပါး http://drayeminhtoo.blogspot.com/2015/02/blog-post.html မှာရေးပေးထားပါတယ်)

စတုတ္ထအဆင့်- ကျားဟော်မုန်း androgen များရင် ဟော်မုန်းညှိတဲ့ဆေးတွေပါ လိုပါတယ်။ ဥပမာ diane-35(cyproterone and ethinyl estradiol)လိုဆေးမျိုးက အဆီပြန်ခြင်းကင်းစေပြီး ဝက်ခြံမထွက်အောင်ကာကွယ်ပေးတယ်။မျက်နှာတပြင်လုံး ဖြစ်သူတွေမှာ ဝက်ခြံပျောက်ဆေး Accutane(isotretinoin) လိုဆေးမျိုးလည်း လိုပါတယ်။ဆေးက ဘေးထွက်ဆိုးကျိုး များလွန်းလို့ အထူးကုဆရာဝန်ရဲ့ညွှန်ကြားမှုအောက်မှာသာ သောက်ရတယ်။ ဆေးအကြောင်းနားလည်တဲ့ ကျွမ်းကျင်တဲ့ဆရာဝန်သာကိုင်ရမယ်။ ဆရာဝန်ရဲ့ အနီးကပ်ကြည့်မှု လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် မသုံးသင့်ဘူး။ ခြောက်လအတွင်း ကိုယ်ဝန်လည်း မယူရဘူး၊ ကလေးကို ထိခိုက်စေမယ်။ တခြားဆိုးကျိုးတွေလည်း အများကြီးရှိသေးတယ်။ အသေးစိတ်ကို http://medicineworldmyanmar.blogspot.com/2015/03/acnotinisotretinoin-10-mg.html မှာ ဝင်ဖတ်ပါ။

ပဉ္စမအဆင့်- ဒါမှမသက်သာရင် နောက်ဆုံးနည်း လေဆာပစ်လို့ရတယ်။ ဒီနည်းကို photodynamic therapy လို့ ခေါ်ပါတယ်။ အရည်တမျိုးလိမ်းပြီး လေဆာကြောင်ပ အဆီဂလင်းထုတ်လုပ်မှုကို လျှော့နည်းစေတယ်။ အရမ်းကြီးတဲ့ အဆီဖုတွေမှာ ဒီနည်းက အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းမကောင်းပါ။ ပြန်ပေါ်လာနိုင်သေးတယ်။ အဆီဂလင်းရောင်ရာက ပို ကြီးလာပြီး အဖုအပိန့်ဖြစ်တဲ့အခါ acetic acid လို အက်ဆစ်အပြင်းစားမျု်း သုံးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ အဖုအပိန့်ထွက်တဲ့ အရေပြားကို ဆယ်ရက်အတွင်း ကွာကျစေတယ်။

ကာကွယ်ခြင်း
မဖြစ်အောင် အစားအသောက်နဲ့ အနေအထိုင် ဂရုစိုက်ရမယ်။ အဆီဖုလေးတွေဟာ အချိုစားသုံးမှုနဲ့ တိုကိရိုက်အချိုးကျတယ်။ အချိုဓာတ်ကဲတဲ့အစားအစာ၊ နွားနို့၊ထောပတ်၊ ချီးစ် စတာတွေ ရှောင်ပါ။ ကစီဓာတ် တတ်နိုင်သမျှ လျှော့ချပါ ကော်ဖီ၊လက်ဖက်ရည်၊ ဖျော်ရည်မသောက်သင့်ပါ။ ဆီကြော်စာနဲ့ အာလူးကြော် လုံးဝရှောင်ပါ။ နောက်သတိထားရမှာ တခုကအနေအထိုင်ဖြစ်ပါတယ်။ မျက်နှာအဆီဖုရဲ့ ၃၀ ရာခိုင်နှုန်းဟာ နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုကြောင့်ဖြစ်တယ်။ ဒါ့ကြောင့် အပြင်သွားတဲ့အခါ နေလောင်ကာလိမ်းဆေး SPF 30 အထက်ပါတာ ရွေးချယ်ဖို့ လိုပါတယ်။ သု့ိသော် နေလောင်ကာတမျိုးတည်းမရသေးဘူး၊ အပေါ်က အစိုဓာတ်ကို ထိန်းပေးမယ့် moisturizer ဆိုတာ တခါထပ်လိမ်းရမယ်။

အနှစ်ချုပ်လိုက်ရင် မျက်နှာအဆီဖုတွေကင်းစင်စေဖို့ retinolပါတဲ့ မျက်နှာသစ်ဆေး(Face wash) တမျိုး၊ သန့်စင်တဲ့ မျက်နှာသစ်ပဝါ(Clean towel)၊ ဂွမ်း(Cotton balls) တိုနာ(Toner) ၊အစိုဓာတ်ထိန်းဆေး(Oil-free moisturizer) ၊ azelaic acid လိမ်းဆေးတမျိုးမျိုးနဲ့ နေလောင်ကာလိမ်းဆေး( Sunscreen SPF-30) လိုအပ်ပါတယ်။

အားလုံးထက် ပိုအရေးကြီးတဲ့အချက်က cosmetic ပစ္စည်းတွေကို သေချာနားမလည်ပဲလျှောက်မဝယ်သင့်ဘူး။ အခန့်မသင့်ရင် အဆီဖုတွေက မပျောက်နိုင်တော့ဘဲ ပိုဆိုးလာတတ်တယ်။ ဒါနဲ့ပက်သတ်လို့ အရေပြားဆရာဝန် Paula Begoun ပြောတာလည်း မှတ်သားချင်စရာ။

“ကျွန်တော့် အတွေ့ကြုံအရ ဝက်ခြံ၊အဆီဖုပေါက်သူရဲ့ထက်ဝက်ခန့်ဟာ ကိုယ်နဲ့မတည့်တဲ့ အလှကုန်ပစ္စည်းတွေ သုံးစွဲမိရာက ဖြစ်နေကြတယ်။ ဒီတော့ ကျွန်တော်မပါဘဲ Cosmetics ကောင်တာတွေ ခင်ဗျားတို့ ယောင်လို့တောင် ခြေဦးမလှည့်မိစေနဲ့”တဲ့။

ကဲ…ဒီတော့ cosmetic ဝယ်မယ်စိတ်ကူးရင် အရေပြားအကြောင်း နားလည်တဲ့ဆရာဝန်တယောက် အနားခေါ်ပြီး ရှော့ပင်ထွက်ကြပေါ့ဗျာ…

Credit:ဒေါက်တာ အေးမင်းထူး




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top