iMyanmarHouse.com - Best Property Website for Myanmar
×










 အရမ်းကို များပြားလွန်းတဲ့ အလုပ် တွေကြောင့် သင့်ကျန်းမာရေးကို လျစ်လျူရှု မထားမိ စေဖို့ ကျန်းမာရေးနဲ့ ညီ ညွတ်စေမယ့် နေထိုင်မှု ပုံစံလေးတွေရှိ ရပါတယ်။

မှန်ကန်သော နေထိုင်မှု ပုံစံ မရှိခြင်း
အမျိုးသမီး အများစုဟာ တစ်နေရာ တည်းမှာ အချိန်ကြာကြာ ထိုင်ပြီး အလုပ် လုပ်လေ့ရှိကြ ပါတယ်။ ထိုင်တဲ့ပုံစံသာ မမှန်ခဲ့ဘူး ဆိုရင်တော့ သင့်ကြွက်သား၊ အရိုးအဆစ်တွေနဲ့ သွေးကြောတွေပေါ် မှာ ဖိအားတွေဖြစ် လာနိုင်ပါတယ်။ ကွန် ပျူတာရှေ့မှာ အချိန်ကြာကြာ ထိုင်တာ ကြောင့် ပခုံး၊ လည်ပင်းနဲ့ နောက်ကျော နေရာတွေမှာ နာကျင်လာ တတ်ပါတယ်။ ကွန်ပျူတာရဲ့ ကီးဘုတ်ဟာ သင့်လက် ကွေးထားတာနဲ့ အပြိုင်ဖြစ်သင့်ပြီး၊ စက်ခ ရင်နဲ့ သင့်မျက်ဝန်းက တစ်ပြေးတည်းရှိ သင့်ပါတယ်။ သင့်ခြေထောက်နဲ့ ပေါင်တံ က ၉ဝ ဒီဂရီထောင့်မှန် ကျနေပြီး၊ ခြေဖဝါး ကကြမ်းပြင်ပေါ်မှာ ထိနေရပါမယ်။ ထိုင် ခုန်က သင့်နောက်ကျောရိုးကို အကောင်း ဆုံး ထောက်ပံ့ပေး ထားနိုင် ရပါမယ်။ လက်တော့ပ်ကတော့ နေရာမရွေး အသုံးပြုလို့ရတယ် ဆိုပေမယ့် သင့်မျက် ဝန်းနဲ့ ခြောက်လက် မလောက်တော့ ခွာ ပြီး သုံးပေးသင့် ပါတယ်။ စာရိုက်နေချိန် မှာ သင့်လက်တံတောင်က ၉ဝ ဒီဂရီကွေး နေသင့်ပါတယ်။ ဒါမှသာ သင့်ခါးနေရာ ကို ဒဏ်မဖြစ်စေမှာပါ။ ကွန်ပျူတာ အသုံး ပြုနေရင်း နာရီဝက်ကြာတိုင်း ငါးမိနစ် လောက်တော့ လမ်းထလျှောက်ပေးပါ။ မှန်ကန်တဲ့ နေထိုင်မှု ပုံစံမရှိဘဲ အချိန်ကြာ ကြာနေမယ် ဆိုရင်တော့ ခေါင်းကိုက်လာ တာမျိုး၊ ပခုံးနေရာမှာ တစ်ခုခုဖိထားသ လိုမျိုး၊ ခါးနာတာမျိုးတွေ ဖြစ်လာနိုင်ပါ တယ်။

ဖုန်းပြောဆို ချိန်ပုံစံ မမှန်ကန်ခြင်း
ဖုန်းပြောချိန် မျိုးမှာ ဖုန်းကို နားနဲ့ ပခုံးကြားမှာ ညှပ်ထားပြီး အချိန်ကြာ ကြာဖုန်းပြောတာကြောင့် ပခုံး၊ အာရုံ ကြောနဲ့ သွေးကြောတွေမှာ ဖိအားဖြစ် လာပြီး ခေါင်းကိုက်တာမျိုး၊ ပခုံးနာကျင် တာမျိုး၊ လက်မောင်းရင်းပိုင်းနာ ကျင်တာ မျိုးတွေ ဖြစ်တတ်ပါတယ်။ နားနေရာက ပခုံးနေရာထက် မြင့်တာကြောင့် ဖုန်းကို နားနေရာမှာကပ်ထားဖို့ လည်ပင်းနေရာ က အတော်ကို အားစိုက်ရပြီး သင့်ဦး ခေါင်းကလည်း အောက်စိုက်နေ ရတတ် ပါတယ်။ မှန်ထဲမှာကြည့်ပြီး သင့်အနေ အထားကို အကောင်းဆုံးပြင် ယူနိုင်ပါ တယ်။ ဖုန်းပြောနေချိန်မှာ ခေါင်းကို မတ် ထားပြီး လက်ကနေ ဖုန်းကိုကိုင်ကာ ညောင်းရင် တခြားတစ်ဖက်ပြောင်းပြော ပါ။ ဒါမှမဟုတ် နားကြပ် တပ်ဆင်ပြီးပြော ပါ။

ပစ္စည်း သယ်ယှုချိန် ပုံစံမမှန်ခြင်း
အလေး အပင်တွေကို သယ်ယူရသူ တွေ၊ စာရွက်စာတမ်းတွေအများကြီး ထည့်ပြီး သွားလေရာကို ယူသွားရသူတွေ၊ အိတ်အကြီးကြီးတွေကို တစ်ချိန်လုံးလွယ် ပြီး သွားလာနေရသူတွေ အနေနဲ့ သင့်ပခုံး နေရာမှာ ဒဏ်ဖြစ်စေနိုင် ပါတယ်။ သင့် ခန္ဓာကိုယ်မှာ လွယ်ထားတဲ့ အိတ်ရဲ့ အ လေးချိန်ဟာ သင့်ခန္ဓာကိုယ် အလေးချိန် ရဲ့ ၁ဝ ရာခိုင်နှုန်းလောက်သာ အများဆုံး ရှိသင့်ပါတယ်။ သင်က ပေါင် ၁၃ဝ ဆို ရင် သင်လွယ်မယ့် အိတ်ရဲ့ အလေးချိန် က ၁၃ ပေါင်သာရှိသင့် ပါတယ်။ အိတ် လွယ်ချိန်မှာ ဘယ်ညာပြောင်းကာ လွယ် ပေးပါ။ ပခုံးတစ်ဖက်တည်းနဲ့ အချိန်ကြာ ကြာမလွယ်ပါနဲ့။ ပစ္စည်းတွေသယ်ယူချိန် မှာ ဒူးကွေးပြီး သယ်ပါ။ အရမ်းလေးလွန်း ရင် အကူအညီတောင်းပါ။

ကားမောင်းချိန် နေထိုင်မှုပုံစံ မမှန်ခြင်း
ကားမောင်းချိန်မှာလည်း ကွန်ပျူ တာအသုံးပြုချိန်လိုပဲ သင့်ခန္ဓာကိုယ်အ နေအထားကို ဂရုစိုက်ဖို့လိုပါတယ်။ အ ထူးသဖြင့် ကားမောင်းရင်းဖုန်းပြောတာ မျိုးကြောင့် သင့်ကို စိတ်ဖိစီးမှုဖြစ်စေပါ တယ်။ ကားမောင်းချိန် ခါးနောက်မှာ ခေါင်းအုံးအသေးလေးတစ်လုံးလောက် ခုထားပေး တာမျိုးက သင့်ပခုံးနဲ့ နောက် ကျောပြင်ကို အကောင်းဆုံး ထောက်ပံ့ ပေးနိုင်ပါတယ်။ ကားမောင်းချိန် စတီ ယာတံပေါ်မှာ လက်ကို နှစ်နာရီနဲ့ ၁ဝ နာရီ ပုံစံ တင်ထားပေးပါ။ ကားမောင်း ရင်း ၃-၉-၄-၈ နာရီ စသဖြင့် လက်ကို လှုပ်ရှားရင်း မောင်းပေးပါ။ ဒါဆိုရင် လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းလည်းဖြစ် စေပါတယ်။ နောက်ကျောကို ၉ဝ ဒီဂရီ ကနေ ၁၁၅ ဒီဂရီအထိ မှီလိုက်၊ ဆန့် လိုက်မောင်းပါ။ 

Credit : yoyarlay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top