iMyanmarHouse.com - Best Property Website for Myanmar
×

အသည္းဆုိတာ ကုိယ္စားေသာက္လုိက္တဲ့ အစားအစာမ်ားကုိ အစာေျခရည္ထုတ္ေပးၿပီး
 ေျခဖ်က္ေပးရုံသာမက ရရွိလာတဲ့ စြမ္းအင္ေတြကုိ သုိေလွာင္ေပးတဲ့အျပင္ အဆိပ္အေတာက္ေတြကုိလည္း ဖယ္ရွားေပးရပါေသးတယ္။ အသည္း အားနည္းလာၿပီဆုိရင္ စြမ္းေဆာင္ရည္ေတြ က်ဆင္းလာၿပီး လူဟာ ေလးလံထုိင္းမႈိင္းလာၿပီး အသက္အႏၱရာယ္ကုိပါ ရန္ရွာတတ္ပါတယ္။ အသည္းေရာဂါရွင္မ်ားႏွင့္ အသည္းအားနည္းသူမ်ားအတြက္ အသည္းအားေကာင္းေစတဲ့ အစားအစာ (၅) မ်ိဳးကုိ က်န္းမာေရးဗဟုသုတျဖစ္ဖြယ္
 ေဖာ္ျပလုိ္က္ပါတယ္။

၁။ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴဟာ အသည္းမွ အဆိပ္အေတာက္ေတြကုိ ဖယ္ရွားေစတဲ့ အင္ဇုိင္း (Enzymes) မ်ားကုိ ထုတ္ေပးရုံသာမက အယ္လီစင္ျဒပ္ေပါင္း (Allicin Compound) ႏွင့္ (Selenium Compound) မ်ားကုိ ထုတ္ေပးေစတဲ့အျပင္ အသည္းကုိ သန္႔စင္ေစပါတယ္။ ေနာက္ၿပီးေတာ့ ၾကက္သြန္ျဖဴဟာ Arginine ပါဝင္တဲ့အတြက္ ႏွလုံးရဲ႕ပင္မေသြးေၾကာထဲမွာ ေသြးလွည့္ပတ္ႏႈန္းကုိ ျမန္ဆန္ေစပါတယ္။
၂။ ေကာ္ဖီ

ေကာ္ဖီဟာ အသည္းေရာဂါ ျဖစ္ႏုိင္စြမ္းကုိ ေလ်ာ့က်ေစတဲ့အျပင္ စိတ္ၾကည္လင္လန္းဆန္းေစပါတယ္။ ကဖိန္းဓာတ္ နည္းပါးတဲ့ ေကာ္ဖီကုိ တစ္ေန႔ႏွစ္ခြက္ ေသာက္သုံးျခင္းျဖင့္ အသည္းေရာဂါကုိ ၄၄ရာခုိင္ႏႈန္းအထိ ကာကြယ္ေစပါတယ္။ ကဖိန္းဓာတ္မ်ားတဲ့ ေကာ္ဖီေတြကုိ အေသာက္မ်ားရင္ေတာ့ မွတ္ဥာဏ္ဆုံးရႈံးမႈ ၊ ႏွလုံးထိခုိက္ေစတဲ့အျပင္ ကင္ဆာေရာဂါေတြ ျဖစ္ေစပါတယ္။
၃။ ေထာပတ္သီး

ေထာပတ္သီးဟာ အရသာခ်ိဳၿမိန္ရုံတဲ့အတြက္ လူတုိင္းႀကိဳက္ၾကမယ္ထင္ပါတယ္။ ဒါ့အျပင္ အသည္းကုိ အားေကာင္းေစတဲ့အသီးထဲမွာ ေထာပတ္သီးဟာ ထိပ္ဆုံးမွ ပါဝင္ျပန္ပါတယ္။ ေထာပတ္သီးမွာ ပါဝင္တဲ့ Glutathione ဟာ အသည္းမွ အဆိပ္အေတာက္မ်ားကုိ စစ္ထုတ္ေပးရုံသာမက အသည္းဆဲလ္မ်ား ပ်က္စီးျခင္းမွ ကာကြယ္ေပးျပန္ပါတယ္။

၄။ နႏြင္း

နႏြင္းတက္ကုိ ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္ အသုံးျပဳႏုိင္ရုံသာမက အဆိပ္အေတာက္ေတြ ၊ ဘတ္တီးရီးယားပုိးမႊားေတြကုိ ဖယ္ရွားေစပါတယ္။ နႏြင္းဟာ အသည္းပ်က္စီးျခင္းကုိ ေလ်ာ့နည္းေစတဲ့အျပင္ ခႏၶာကိုယ္မွ အဆီမ်ားကုိ ေလ်ာ့နည္းေစပါတယ္။ အသည္းအဆီဖုံးျခင္း ႏွင့္ အဆစ္အျမစ္ကုိက္ခဲျခင္းကုိပါ ကာကြယ္ေပးျပန္ပါတယ္။

၅။ ဂရိပ္ဖရုသီး

ဂရိပ္ဖရုသီးဟာ အရသာေကာင္းမြန္ရုံသာမက အသည္း ပ်က္စီးျခင္းမွ ကာကြယ္ေစပါတယ္။ ဂရိပ္ဖရုသီးမွာ ပါဝင္တဲ့ ဗီတာမင္စီဓာတ္ဟာ ခႏၶာကုိယ္မွ အဆိပ္အေတာက္မ်ားကုိ ဖယ္ရွားရုံသာမက အသည္းဆဲလ္ပ်က္စီးျခင္းမွ ကာကြယ္ျပန္ပါတယ္။ ဂရိပ္ဖရုသီးဟာ အသည္းအားေကာင္းေစရုံသာမက အသည္းအဆီဖုံးျခင္းမွ ကာကြယ္ေပးပါတယ္။

Credit:(အခရာ)


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


အသည်းဆိုတာ ကိုယ်စားသောက်လိုက်တဲ့ အစားအစာများကို အစာခြေရည်ထုတ်ပေးပြီး ခြေဖျက်ပေးရုံသာမက ရရှိလာတဲ့ စွမ်းအင်တွေကို သိုလှောင်ပေးတဲ့အပြင် အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးရပါသေးတယ်။ အသည်း အားနည်းလာပြီဆိုရင် စွမ်းဆောင်ရည်တွေ ကျဆင်းလာပြီး လူဟာ လေးလံထိုင်းမှိုင်းလာပြီး အသက်အန္တရာယ်ကိုပါ ရန်ရှာတတ်ပါတယ်။ အသည်းရောဂါရှင်များနှင့် အသည်းအားနည်းသူများအတွက် အသည်းအားကောင်းစေတဲ့ အစားအစာ (၅) မျိုးကို ကျန်းမာရေးဗဟုသုတဖြစ်ဖွယ် ဖော်ပြလိုက်ပါတယ်။
၁။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ အသည်းမှ အဆိပ်အတောက်တွေကို ဖယ်ရှားစေတဲ့ အင်ဇိုင်း (Enzymes) များကို ထုတ်ပေးရုံသာမက အယ်လီစင်ဒြပ်ပေါင်း (Allicin Compound) နှင့် (Selenium Compound) များကို ထုတ်ပေးစေတဲ့အပြင် အသည်းကို သန့်စင်စေပါတယ်။ နောက်ပြီးတော့ ကြက်သွန်ဖြူဟာ Arginine ပါဝင်တဲ့အတွက် နှလုံးရဲ့ပင်မသွေးကြောထဲမှာ သွေးလှည့်ပတ်နှုန်းကို မြန်ဆန်စေပါတယ်။
၂။ ကော်ဖီ

ကော်ဖီဟာ အသည်းရောဂါ ဖြစ်နိုင်စွမ်းကို လျော့ကျစေတဲ့အပြင် စိတ်ကြည်လင်လန်းဆန်းစေပါတယ်။ ကဖိန်းဓာတ် နည်းပါးတဲ့ ကော်ဖီကို တစ်နေ့နှစ်ခွက် သောက်သုံးခြင်းဖြင့် အသည်းရောဂါကို ၄၄ရာခိုင်နှုန်းအထိ ကာကွယ်စေပါတယ်။ ကဖိန်းဓာတ်များတဲ့ ကော်ဖီတွေကို အသောက်များရင်တော့ မှတ်ဉာဏ်ဆုံးရှုံးမှု ၊ နှလုံးထိခိုက်စေတဲ့အပြင် ကင်ဆာရောဂါတွေ ဖြစ်စေပါတယ်။
၃။ ထောပတ်သီး

ထောပတ်သီးဟာ အရသာချိုမြိန်ရုံတဲ့အတွက် လူတိုင်းကြိုက်ကြမယ်ထင်ပါတယ်။ ဒါ့အပြင် အသည်းကို အားကောင်းစေတဲ့အသီးထဲမှာ ထောပတ်သီးဟာ ထိပ်ဆုံးမှ ပါဝင်ပြန်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ Glutathione ဟာ အသည်းမှ အဆိပ်အတောက်များကို စစ်ထုတ်ပေးရုံသာမက အသည်းဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးပြန်ပါတယ်။

၄။ နနွင်း

နနွင်းတက်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုနိုင်ရုံသာမက အဆိပ်အတောက်တွေ ၊ ဘတ်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားစေပါတယ်။ နနွင်းဟာ အသည်းပျက်စီးခြင်းကို လျော့နည်းစေတဲ့အပြင် ခန္ဓာကိုယ်မှ အဆီများကို လျော့နည်းစေပါတယ်။ အသည်းအဆီဖုံးခြင်း နှင့် အဆစ်အမြစ်ကိုက်ခဲခြင်းကိုပါ ကာကွယ်ပေးပြန်ပါတယ်။

၅။ ဂရိပ်ဖရုသီး

ဂရိပ်ဖရုသီးဟာ အရသာကောင်းမွန်ရုံသာမက အသည်း ပျက်စီးခြင်းမှ ကာကွယ်စေပါတယ်။ ဂရိပ်ဖရုသီးမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်ဟာ ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားရုံသာမက အသည်းဆဲလ်ပျက်စီးခြင်းမှ ကာကွယ်ပြန်ပါတယ်။ ဂရိပ်ဖရုသီးဟာ အသည်းအားကောင်းစေရုံသာမက အသည်းအဆီဖုံးခြင်းမှ ကာကွယ်ပေးပါတယ်။

Credit:(အခရာ)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top